Wednesday, August 21, 2013

နှလုံးသားအရင်းအနှီး

နှလုံးသားအရင်းအနှီး


သိမ့်နဲ့ မောင်က အသက်ကွာတယ်။


အင်တာနက်မှာတွေ့ပြီး ခင်ရာကနေ ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။


အပြင်မှာဆုံတော့လည်း မောင်က သိမ့်ကို ဆက်ချစ်ခဲ့ပါတယ်။


မောင်နဲ့ ချစ်သူဖြစ်တဲ့သက်တမ်းမှာ မောင်နဲ့ သုံးကြိမ်ပဲ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

ဘာလို့လည်းဆိုတော့ မောင်က အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့သူမို့ပါ။


မောင်နဲ့ တွေ့ဆုံခွင့်ရတဲ့အချိန်မှာ မောင်က ကလေးတစ်ယောက်လိုပါပဲ။


သိမ့်ပြောသမျှ နားထောင်တတ်ပါတယ်။

မောင့်အိမ်ကတော့ သိမ့်ကို မောင့်ချစ်သူတစ်ယောက်အနေနဲ့တော့ မသိထားပါဘူး။


မောင့်မိသားစုနဲ့တော့ ခင်မင်ခွင့် ရခဲ့ပါတယ်။


တကယ်တမ်းပြောရရင် သိမ့်မိသားစုကိုလည်း မောင်က သိမ့်ချစ်သူပါလို့ ဖွင့်မပြောထားပါဘူး။


ဘာလို့လည်းဆိုတော့ မောင်က သိမ့်ထက်ငယ်တဲ့အပြင် အရာရှိငယ်လေးတစ်ယောက် ဖြစ်နေလို့ပါပဲ။


မောင်နဲ့ သိမ့်က ချစ်သူအဖြစ် နေနေရတာကိုပဲ ကျေနပ်နေကြသူတွေ ဆိုပါတော့။



မောင် အဝေးကနေ သိမ့်ဆီကို အမြဲဖုန်းဆက်တတ်ပါတယ်။


သိမ့်ကို မောင်တကယ်ချစ်ခဲ့တယ်ဆိုတာ သိမ့် ယုံပါတယ်။

ဒါပေမဲ့ သိမ့်အတွက် လွမ်းစရာဖြစ်မဲ့အကြောင်းက ပေါ်ပေါက်လာပါတယ်။

မောင့်မိဘများက မောင့်အတွက် ကြင်ယာရှာပေးတာပါ။

မောင်က သိမ့်ကို ဖွင့်ပြောပြပါတယ်။ မောင်နဲ့ လက်ထပ်မဲ့သူကလည်း အစိုးရဝန်ထမ်းတစ်ဦးပါပဲ။

မောင်တို့ အဝးမှာပဲ လက်ထပ်ဖြစ်လိုက်ပါတယ်။

မောင်က ကလေးလေးလိုပဲ သိမ့်ဆီကို ဖုန်းဆက်ပြောပါတယ်။

သိမ့်က မောင့်အချစ်ဦးတဲ့။ သိမ့်ကို ဘယ်တော့မှ မမေ့ဘူးတဲ့။

တွေ့ခွင့်ရရင် သိမ့်ကို တွေ့ချင်ပါသေးတယ်တဲ့လေ။

သိမ့်ဆုံးဖြတ်လိုက်ပါတယ်…မောင်

မောင့်ကို သိမ့် ဘယ်တော့မှ တွေ့ခွင့်ပေးမှာ မဟုတ်ပါဘူး။

မောင်က အိမ်ထောင်သည်တစ်ယောက် ဖြစ်သွားပြီလေ။

မောင့်ဇနီးကို မောင်မချစ်ဘူးဆိုပေမဲ့ မိဘပေးစားလို့ ယူပြီး ချစ်သွားကြတဲ့ အိမ်ထောင်သည်တွေ အများကြီးပါ။

မောင်က မောင့်ဇနီးအပေါ် သစ္စာရှိရှိနဲ့ ချစ်သွားနိုင်ပါစေလို့ သိမ့်ဆုတောင်းပေးပါတယ်။

မောင်နဲ့ သိမ့်တို့ရဲ့ အတိတ်ဇာတ်လမ်းလေးက ပြီးဆုံးသွားပါပြီ မောင်။

မောင့်ချစ်သူ မဟုတ်တော့တဲ့အတွက်တော့ သိမ့် ခံစားနေရဆဲပါမောင်။

နှလုံးသားအရင်းအနှီး သီချင်းလေးကို နားထောင်ရတော့ သိမ့် ခံစားရပါတယ်။

မောင် ရွေးချယ်တဲ့လမ်းကို မောင်လျှောက်နေစဉ်မှာ သိမ့်ကို မေ့လိုက်ပါတော့ မောင်။

သိမ့် မောင်နဲ့ ဝေးရာနေရာမှာပဲနေဖို့ ဆုံးဖြတ်လိုက်ပါပြီ။




လွမ်းဧကရီ
၂၁-၀၈-၂၀၁၃
နေ့လည် ၃:၁၅ နာရီ

No comments: