Monday, October 8, 2012

လွမ်းစိတ်မကောင်းပါ

လွမ်းစိတ်မကောင်းပါ


လွမ်းကို သူငယ်ချင်းများက အမျိုးမျိုးဝေဖန်တာကို ကြားခဲ့ပါတယ်… 


လွမ်း…သူငယ်ချင်းတို့ကို မညာချင်ပါ… 


လွမ်းရဲ့ဘဝ၊ လွမ်းရဲ့အကြောင်းလေးကို သူငယ်ချင်းတို့ကို ပြောပြချင်သေးတယ်…

လွမ်းဘဝမှာ လွမ်းရဲ့အချစ်ဆုံး ချစ်သူရှိခဲ့ဖူးပါတယ်…

လွမ်းတို့ ချစ်သူနှစ်ဦး အတူလက်တွဲပြီး အင်းယားကန်ဘောင်ပေါ်မှာ လမ်းလျှောက်ခဲ့ဖူးပါတယ်…

လွမ်းတို့ချစ်သူနှစ်ဦး အင်းယားကန်ဘောင်မှာထိုင်ပြီး ဘဝလက်တွဲဖော်အဖြစ် ရှေ့ဆက်ရမဲ့ ခရီးလမ်းအတွက် အတူဆွေးနွေးခဲ့ဖူးပါတယ်…

လွမ်းတို့ချစ်သူနှစ်ဦး အတူလက်တွဲပြီး အလုပ်ကို အတူတူသွားခဲ့ဖူးပါတယ်… 


လွမ်းတို့ချစ်သူနှစ်ဦး အလုပ်ကရတဲ့ငွေလေးတွေကို ငွေစုစာအုပ်လေးထဲမှာ အတူထည့်ပြီး လိုအပ်တဲ့ အိမ်ထောင်ပစ္စည်းလေးတွေ စုခဲ့ဖူးပါတယ်…


လွမ်းက လွမ်းချစ်သူကို အနိုင်ယူပြီး စိတ်ဆိုး၊ စိတ်ကောက်လုပ်ခဲ့ဖူးပါတယ်…


လွမ်းချစ်သူက စနေသားပါ… မနက်ပိုင်းမွေးတဲ့ စနေသားမို့ ထင်ပါရဲ့…လွမ်းအပေါ် အတော်သည်းခံခဲ့ပါတယ်…


တစ်ရက်မှာ လွမ်းချစ်သူက ဘယ်အချိန်ပြန်လာမယ်မှန်း မသိတဲ့ အဝေးတစ်နေရာကို ထွက်ခွာသွားပါတယ်…

အမှတ်တရဒိုင်ယာရီ နဲ့ တကယ်တမ်းပြောရရင် ဆိုတဲ့ ရသစာပေနှစ်ပုဒ်ဟာ လွမ်းနဲ့ လွမ်းချစ်သူရဲ့ တကယ့်အဖြစ်အပျက်ကို ရေးတင်ထားတာပါ…


လွမ်းကို တစ်ယောက်ထဲ လွမ်းကျန်ရစ်အောင် ထားခဲ့ပါတယ်…


ဒီအချိန်မှာတော့ လွမ်းက နောင်တများနဲ့ ကျန်ရစ်ခဲ့သူပါ… 


လွမ်းက လွမ်းချစ်သူကို မေးခွန်းမေးခဲ့ဖူးပါတယ်… 

မောင်…တကယ်လို့ လွမ်းက မောင့်အရင်သေသွားရင် မောင် နောက်တစ်ယောက်ရှာမှာလား လို့ မေးတော့ မောင်က မဖြေပါဘူး… 


လွမ်းက မောင်…ဖြေကွာ လို့ အတင်းဇွတ်မေးတော့- 

မောင်က နောက်တစ်ယောက်မရှာပါဘူး…ဒါပေမဲ့ မောင့်အမေက ရှာပေးရင်တော့ စဉ်းစားရလိမ့်မယ်ထင်တယ် လို့ ပြောတော့ လွမ်း မောင့်ကို စိတ်ကောက်ပါရော…


မောင်က လွမ်းက ဘာလို့ အဲလိုမေးခွန်းတွေ လျှောက်မေးရတာလဲ…လွမ်းစိတ်ကောက်ရင် မောင်က ချော့တတ်တာ မဟုတ်ဘူး လို့ ပြောပြီး မောင် မျက်နှာငယ်လေးနဲ့ ဖြစ်နေခဲ့ပါတယ်… 


ဒီအကြောင်းလေးကို ပြန်ပြောရတဲ့ အကြောင်းရင်းလေး ပေါ်ပေါက်လာပါတယ်… 


လွမ်း…မောင်မရှိတဲ့နောက် အချစ်သစ်လုံးဝ မရှာခဲ့ပါဘူး… 


လွမ်း…လွမ်းနေတတ်တာ သူငယ်ချင်းတို့ အားလုံးအသိပါ…


လွမ်းတစ်ယောက်ထဲ အထီးကျန်ဖြစ်နေရင် အွန်လိုင်းသူငယ်ချင်းတွေနဲ့ ပျော်အောင် နေတတ်ပါတယ်… 


အွန်လိုင်းသူငယ်ချင်းတွေထဲမှာ လွမ်းအပေါ် ဂရုတစိုက်ရှိတဲ့ လူတစ်ယောက်ရှိပါတယ်… 

တစ်ရက်မှာ လူတစ်ယောက်ရဲ့ ချစ်ရေးဆိုတဲ့အချိန်နဲ့ လွမ်းရဲ့ နှလုံးသားလေး မထိန်းချုပ်နိုင်တဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး လွမ်းအချစ်ဆုံးချစ်သူအပေါ် သစ္စာဖောက်မိခဲ့ပါတယ်…


ချစ်သူပြန်အလာကို စောင့်နေမဲ့သူက လူတစ်ယောက်ကို ချစ်မိခဲ့ပါတယ်… 


ချစ်မိခဲ့တဲ့လူအပေါ်မှာ ယုံကြည်ခဲ့ပါတယ်…



ခုချိန်မှာတော့ လွမ်းကိုယ်လွမ်းပဲ အပြစ်တင်မိပါတယ်…


အဖြစ်အပျက်အားလုံးဟာ ပြီးဆုံးသွားခဲ့ပါပြီ…


လွမ်းခံစားချက်လေးနဲ့ တူတဲ့ သီချင်းလေးကို Flash Song လုပ်ဖြစ်ခဲ့ပါတယ်…


သူငယ်ချင်းများ နားဆင်ခံစားကြည့်ပါ…

 

 

လွမ်းဧကရီ

၀၈-၁၀-၂၀၁၂ 

ည ၁၁:၁၀ နာရီတွင် ရေးပြီးပါသည်။

1 comment:

Unknown said...

အဖြစ်ချင်းတိုက်ဆိုင်တယ် ဒါပေမယ်. နောက်ပိုင်းမတူဘူး ။သူကအဝေးတနေရာကို me မပါပဲထွက်သွားတယ် ။me က ဘာမှမမရေရာပဲစောင်.နေမိတယ် ။ပေးခဲ.တဲ.ကတိတွေရှိနေသေးတယ် ။သူပြန်အလာကိုစောင်.နေရအုံးမယ် သူဘယ်ဆွရောက်နေမှန်းမသိတာတောင် ။ ကံလို.ပဲပြောရမှာပေါ့.