Thursday, July 18, 2013

ရင်နဲ့အမျှ ခံစားရသော သီချင်းလေး


ရင်နဲ့အမျှ ခံစားရသော သီချင်းလေး




ဒီသီချင်းလေးက လွမ်းဧကရီရဲ့ Facebook Timeline မှာ စိုင်းနော်ခမ်း လာပေးထားတဲ့ သီချင်း ဖြစ်ပါတယ်။

ဒီသီချင်းလေးက မိန်းခလေးဆိုထားတဲ့ အရမ်းနာမည်ကြီးနေတဲ့ သီချင်းကို ယောင်္ကျားလေးက ပြန်ဆိုထားတဲ့ သီချင်းဖြစ်နေပါတယ်။

မြန်မာပြည်ရဲ့ Internet Connection ကြောင့် ပေးပေးချင်း မဖွင့်ဖြစ်ခဲ့ပေမဲ့ Download လုပ် နားထောင်တဲ့အခါမှ လွမ်း နားထောင်နေကျ အလွမ်းသီချင်းလေး ဖြစ်နေတာကို သိလိုက်ရပါတယ်။

သီချင်းတစ်ပုဒ်ကို ကြိုက်ပြီဆိုရင် သီချင်းကို Repeat လုပ် နားထောင်တတ်သူမို့ နားထောင်ရင်းနဲ့ သီချင်းလေးကို စွဲလမ်းသွားပါတယ်။

မိန်းခလေးဆိုထားတဲ့ သီချင်းလေးကို Flash Song လုပ်ထားပြီး ဖြစ်ပါတယ်။

ဒီသီချင်းကို နားထောင်ရတဲ့အခါ လွမ်း ချစ်သူက လွမ်းကို လာဆိုပြနေသလိုမျိုး ခံစားရပြီး လွမ်းလည်း ရင်နဲ့အမျှ ခံစားနေရပါတယ်။

အချစ်ဆိုတာ အွန်လိုင်းမှာပဲ ချစ်ချစ်၊ အပြင်မှာပဲ ချစ်ချစ် ချစ်ခဲ့ကြပြီဆိုရင် ချစ်သူနှစ်ဦးစလုံး ခံစားခဲ့ကြရတယ်ဆိုတာ ချစ်ဖူးသူတိုင်း သိကြပါတယ်။


လွမ်း လေ…ကိုယ် ပြောစကားများကိုပဲ ကြားချင်ခဲ့ပါတယ်။

ကိုယ် ပေးတဲ့ Message လေးတွေကိုပဲ ဖတ်ချင်ခဲ့ပါတယ်။


ကိုယ် က အာဘွား လို့ ပြောတာကိုပဲ ကျေနပ်ပျော်ရွှင်ခဲ့ရတာပါ။


ကိုယ် နဲ့ စကားပြောရမဲ့အချိန်ကို စောင့်မျှော်တတ်ခဲ့ပါတယ်။


ကိုယ်နဲ့ စကားပြောပြီးပြန်တော့ ပြောပြီးတဲ့ စကားလေးတွေကို ပြန်တွေးပြီး ပျော်နေခဲ့မိတာပါ။


လွမ်း မှာ ကိုယ် ဆိုတဲ့ ချစ်သူတစ်ယောက် ရှိတယ် ဆိုတဲ့ ခွန်အားတွေက အလုပ်လုပ်ရာမှာတောင် တက်ကြွနေခဲ့ပါတယ်။


ကိုယ့်ကို စိတ်ကောက်၊ ကိုယ်က ချော့နဲ့ နွဲ့ဆိုးဆိုးရတာကိုလည်း လွမ်း တာဝန်တစ်ရပ်လို ဖြစ်နေခဲ့ပါတယ်။


ကိုယ်..လွမ်းအပေါ် ဘာကြောင့်မှန်းမသိ အဆက်အသွယ်ဖြတ်ပြီး စိတ်နာသော ကဗျာများ ဖတ်လိုက်ရတဲ့အခါမှာတော့ လွမ်း ရင်ထဲမှာ ခံစားနာကျင်နေရတယ်ဆိုတာ ကိုယ် သိမှာ မဟုတ်ပါဘူး။


လွမ်းကို အပြစ်တင်တဲ့ သီချင်းတွေ ပို့တာကို နားထောင်ပြီး ဝမ်းနည်းကြေကွဲရပါတယ်။


ခုလည်း နှလုံးသားအရင်းအနှီး ဆိုတဲ့ သီချင်းကို နားထောင်ရတဲ့အခါ လွမ်းကို ပစ်ပြီး အဝေးကို ထွက်သွားမဲ့ ချစ်သူတစ်ယောက်က လွမ်းကို လာပြောနေသလို ခံစားနေရပါတယ်။


လွမ်းတို့ရဲ့ အတိတ်တွေကို ပြီးဆုံးပြီလို့ သတ်မှတ်လိုက်တာကို လွမ်း နာကျင်မိပါတယ်။


လွမ်းတို့ မိန်းခလေးတွေကတော့ အတိတ်တွေကို ပြန်လည်တမ်းတရင်း လွမ်းနေမှာပါ ကိုယ် ရယ်။


ကိုယ် ရင်ကွဲလို့ ငိုနေသလို လွမ်းလည်း ရင်ကွဲပြီး ငိုနေရတဲ့သူပါ။


ကိုယ် ခံစားရတယ်ဆိုရင် လွမ်းလည်း ခံစားနေရတယ်ဆိုတာ သိစေချင်ပါတယ်။


လွမ်းရင်ထဲက ဒဏ်ရာတွေကလည်း မကျက်သေးပါဘူး ကိုယ်


ကိုယ် နဲ့ အဝေးတစ်နေရာက လွမ်းနေတဲ့ လွမ်းကို မမေ့လိုက်ပါနဲ့ လို့ တောင်းဆိုပါရစေ။




လွမ်းဧကရီ
၁၈-၀၇-၂၀၁၃

ညနေ ၃:၃၀ နာရီ

2 comments:

Thi lay said...

လွမ်းရဲ့ကို လွမ်းဆီပြန်လာပါစေနော် တို့တော့ လုံးဝကိုမျှော်လင့်လိုမရတော့တဲ့ အခြေအနေနဲ့ပဲ လွမ်းရေ

Unknown said...

မမချစ်သူနဲ့ပက်သတ်ပြီးတော့ရေးထားတဲ့စာလေးတွေ အနောက်ဖက်လိုက်ရတော့ အနော်အရမ်းပဲသန်းနည်းမိပါတယ် အနော်တစ်ခုတောင်းဆိုခချင်တာက နောက်ဆိုရင် အလွမ်းနဲ့ပက်သတ်တဲ့စာလေးတွေမရေးပါနဲ့လားဗျာ မမအတွက် အနော်မခံစားနိုင်လွန်းလို့ပါဗျာ အနော်ရေးတဲ့စာလေးထဲမှာ အမှားပါခွင့်လွတ်ပါ စာတွေကမမြင်ရပဲ အတုံးလေးတွေပေါ်နေလို့ပါ