Tuesday, November 26, 2013

အချစ်သင်္ကေတ


အချစ်သင်္ကေတ

The Sign of Love







“ချစ်တယ်” လို့ ခဏခဏ မပြောပေမဲ့လည်း

လွမ်း…မောင့်ကို ချစ်တယ်ဆိုတာ

ယုံထားပါ။

“လွမ်းတယ်” လို့ ခဏခဏ မပြောပေမဲ့လည်း

လွမ်း…မောင့်ကို လွမ်းတယ်ဆိုတာ

ယုံထားပါ။

ဒါပေမဲ့

မောင်…လွမ်းကို ချစ်တယ်ဆိုတာတော့

ခဏခဏ ပြောစေချင်မိတယ်။

မောင်…လွမ်းကို လွမ်းတယ်ဆိုတာတော့

ခဏခဏ ပြောစေချင်မိတယ်။



လွမ်းဧကရီ
၂၆-၁၁-၂၀၁၃
ညနေ ၂:၄၀ နာရီ

No comments: