Thursday, February 14, 2013

အဝေးကပဲ ချစ်နေမယ်

အဝေးကပဲ ချစ်နေမယ်


ကို
 
ဒီနေ့ ချစ်သူများနေ့မှာ ကို့ကို တစ်နေ့လုံး သတိရနေမိပါတယ်။


တကယ်လို့များ လွမ်းနဲ့ကိုဟာ ချစ်သူတွေ ဖြစ်နေဆဲဆိုရင် ကိုက လွမ်းကို ချောကလက်ကျွေးမှာလား၊ လွမ်းကြိုက်တဲ့ အရုပ်မွှေးပွတွေကို ဝယ်ပေးမှာလား၊ လွမ်းကို ကို့ရင်ခွင်မှာထားပြီး သီချင်းဆိုပြမှာလားဆိုပြီး စိတ်ကူးယဉ်နေမိတယ် ကိုရယ်။


လွမ်းအဖြစ်ကို သိရင် ကိုက လှောင်ရယ်နေမလားပဲ။


ကို…ခုချိန်မှာ လွမ်းကို မေ့နေပြီထင်ပါရဲ့။


လွမ်း…ကိုနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် စာမရေးဖြစ်အောင် နေခဲ့ပါတယ်။


ဒါပေမဲ့ ကိုပေးထားတဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်မိတယ်။


ကိုပေးထားတဲ့ သီချင်းတွေ နားထောင်ပြီး ကို့ကို လွမ်းနေတတ်တယ်။


ကိုရေးပေးထားတဲ့ စာလေးတွေ ပြန်ဖတ်နေမိတယ်။

ကိုပေးထားတဲ့ 3D ကာတွန်းကားလေးတွေ ပြန်ကြည့်နေမိပါတယ်။


ကို…စပ်ထားတဲ့ သီချင်းစာသားလေးတွေကို ပြန်ဖတ်နေမိတယ်။


တကယ်တော့ ကိုနဲ့ လွမ်းတို့ရဲ့ ချစ်သက်တမ်းက တိုခဲ့ပေမဲ့ လွမ်းရရက်ကတော့ တာရှည်ခဲ့ပါတယ်။


ကိုက လွမ်းကို မမြင်ဖူးပဲ ချစ်တယ်လို့ ပြောခဲ့တယ်။


လွမ်းက ကို့ကို ယုံကြည်မှုနဲ့ ချစ်တယ်လို့ အဖြေပြန်ပေးခဲ့ပါတယ်။

ကိုက လွမ်းအချစ်ကို မယုံကြည်ခဲ့ပါဘူး။

လွမ်းက ကို့ကို ဟန်ဆောင်ပြီး ချစ်နေတယ်လို့ ထင်တယ်။

လွမ်းက ကို့ကို တကယ်ချစ်ခဲ့တာပါ။

ကိုနဲ့ လွမ်း ဖုန်းထဲမှာပဲ စကားတွေ ပြောဖြစ်ကြတယ်။

ကိုက ကို့အကြောင်းတွေကို လွမ်းကို ပြောပြခဲ့တယ်။

ကိုက လိုချင်တာကို သွယ်ဝိုက်တောင်းတတ်တယ်။

မမြင်ဖူးပဲ ချစ်တယ်လို့ ပြောတဲ့ကို့အပေါ် လွမ်း…မတရားရာကျမှာစိုးလို့ ကို့အတွက် လွမ်းဓာတ်ပုံကို ပို့ပေးခဲ့ပါတယ်။

လွမ်းကို မြင်ဖူးတော့မှ ကိုက အာဘွားဆိုပြီး ကို့အနမ်းကို ဖုန်းထဲကနေ ရခဲ့ပါတယ်။

ကို…စာရေးရင် စာအဆုံးသတ်လေးမှာ ဧကရီကို ကိုသိပ်ချစ်တယ် လို့ ရေးတတ်တယ်။

ကို့ကို အနိုင်ကျင့်ပြီး ကို…လွမ်းကို စာရေးတဲ့အတိုင်း ပြောရမယ်လို့ တောင်းဆိုတော့ ဧကရီ့ကို ကိုသိပ်ချစ်တယ် လို့ ပြောတဲ့ ကို့စကားသံကို ကြားခဲ့ရပါတယ်။

လွမ်းဆီ ဖုန်းအမြဲဆက်တတ်တဲ့ ကိုနဲ့ စကားတွေ ပြောကြရင်းနဲ့ ကို…လွမ်းနဲ့ ဝေးရာကို ထွက်သွားရအုန်းမယ် ဆိုတာ ပြောပြတယ်။


ကို…တစ်နေ့ လွမ်းနားကို ပြန်လာမယ်လို့ ပြောခဲ့တယ်။


ကို့ကို နားလည်အောင် ကြိုးစားရင်းနဲ့ လွမ်းနားမှာ ကို မနေနိုင်မှန်း သိလာတယ်။


လွမ်း…မလွမ်းရအောင်လို့ လွမ်းလို့တောင် မခေါ်ဘဲ ဧကရီလို့ ခေါ်တတ်တဲ့ကိုက လွမ်းကို လွမ်းအောင် လုပ်တော့မယ်ဆိုတာ ကြိုသိနေပါတယ်။


ကိုက စနေသား…စိတ်ကြီးတယ်ဆိုတာလည်း လွမ်းသိပါတယ်။


ကို့ကို သံယောဇဉ်မတွယ်ခင် လွမ်း…ကို့ကို ဖြတ်ဖို့ ကြိုးစားတယ်။


ကို့ကို ဖုန်းမဆက်ဖို့ လွမ်း…ပြောခဲ့တယ်။


လွမ်းပြောတဲ့နေ့ကစပြီး ကို့အသံကို မကြားရတော့တာ ဒီနေ့အထိပါပဲ။


လွမ်းကို ကိုထားခဲ့တဲ့နောက်ပိုင်း လွမ်းမှာ အချစ်တွေ မရှိတော့ဘူး။


လွမ်းအချစ်တွေကို ကို့ကို အကုန်ပေးလိုက်ပါတယ်။


လွမ်း…ကို့ကို အဝေးကပဲ ချစ်နေတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။


အဝေးကပဲ ချစ်နေမယ် ဆိုတဲ့ သီချင်းလေးက ကို့အတွက် ရည်ရွယ်ပြီး လုပ်ထားတဲ့ Flash Song လေးပါ။


ကို ပျော်နေမယ်ဆိုလည်း လွမ်း ကျေနပ်နေမှာပါ…ကို


ကို…ကျန်းမာပျော်ရွှင်ပါစေ။




တချိန်က ကိုသိပ်ချစ်တယ်ဆိုတဲ့
ဧကရီ





လွမ်းဧကရီ
၁၄-၀၂-၂၀၁၃
ည ၁၀:၃၀ နာရီ

No comments: