Thursday, April 18, 2013

ကိုကိုရေ


ကိုကိုရေ

ကိုကို

ကလေးဘဝမှာ ကိုကိုနဲ့ ဆုံတွေ့ခဲ့မယ်လို့ ဘယ်တုန်းကမှ ထင်မထားပါဘူး

ကိုကို့ကို သိခွင့်၊ ခင်ခွင့်ရတော့ ကိုကို့ကို အထင်ကြီး လေးစားခဲ့ပါတယ်

ကိုကို့ကို ကလေး အနိုင်ကျင့်သမျှ ကိုကိုက အလိုလိုက်ခဲ့လို့လည်း ကိုကို့ကို သံယောဇဉ် ရှိခဲ့မိပါတယ်

ကလေးအပေါ်ကိုလည်း ကိုကို သံယောဇဉ်ရှိခဲ့မယ်ဆိုတာ ကလေး ယုံထားပါတယ် ကိုကို… 

ကိုကို့ကို ကလေး တကယ်ချစ်ခဲ့တာပါ ကိုကိုရယ်

ကလေး ကိုကို့ကို ချစ်တာ ဘာကြောင့်လဲ လို့ ကလေးကို လာမေးရင် ကလေး မဖြေတတ်ဘူး ကိုကို

ကလေး ကိုကို့ကို ချစ်တာပဲ သိတယ်

ဒါဆို ဘယ်လိုချစ်တာလဲ လို့ မေးရင် ကလေး မဖြေတတ်ဘူး ကိုကို


သူငယ်ချင်းတွေက ကလေး ကိုကို့ကို ချစ်တယ် ဆိုတာ သိကြတယ်


ကိုကိုနဲ့ ပတ်သက်ပြီး ကိုကိုရဲ့ မေမေနဲ့ပါ ခင်မင်ခွင့် ရခဲ့ပါတယ် ကိုကို


ကိုကို့မေမေက ကလေးကို ကိုကို့အကြောင်း သိပြီးပြီးလားလို့ လာပြောတယ်


ကိုကို့မှာ မိဘချင်း သဘောတူတဲ့ မိန်းခလေးရှိတယ်တဲ့


ကိုကို့မေမေက ကလေးကို လာပြောပြတော့ ကလေးစိတ်မှာ ဘာမှဖြစ်မသွားဘူးဆိုရင် ကိုကို အံ့ဩမလား ဟင်


ကိုကို့ကို ချစ်တဲ့ ကလေးအချစ်က ဖြူစင်ခဲ့လို့ပါပဲ


ကိုကို့ကို ကိုကိုတစ်ယောက်အနေနဲ့ပဲ ကလေးချစ်တာ


ကိုကိုရဲ့ ပြင်ပလောကထဲက လူတစ်ယောက်ကို ချစ်တာမဟုတ်ဘူး ကိုကို


ကိုကို ကလေးအချစ်ကို နားလည်မှာ မဟုတ်ပါဘူး


ကိုကို့ကို ချစ်သူတစ်ယောက်လို ချစ်ခဲ့တာ မဟုတ်ဘူးဆိုတာ ဘယ်သူမှ သိကြမှာလည်း မဟုတ်ပါဘူး

ကိုကိုနဲ့ အဝေးဆုံးနေရာမှာနေဖို့ ကလေး ဆုံးဖြတ်လိုက်ပါတယ်


ကိုကိုနဲ့ ပြန်ဆုံဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး


ဘာလို့လဲဆိုတော့ ကလေး ကိုကို့ကို ဘယ်တော့မှ တွေ့မှာ မဟုတ်တော့လို့ပါပဲ


ကလေး ကိုကိုနဲ့ ခင်ခွင့်၊ ဆုံခွင့်ရခဲ့တဲ့ ကာလလေးတွေကို အမှတ်တရ ရှိနေရင်း ကိုကို့ကို သတိရနေပါ့မယ်



ကိုကို့ရဲ့ တစ်ချိန်က

ကလေး









လွမ်းဧကရီ

၁၈-၀၄-၂၀၁၃
ည ၁၁:၁၅ နာရီ


1 comment:

Unknown said...

ကြိုက်တယ် အဲဒီလိုပုံစံသီချင်းလေးတွေကို
လွမ်းပုံပေါ်ထားတာနဲ့ပေါင်းလိုက်တော့ ခံစားလို့ပိုကောင်းသွားတယ်