Saturday, April 13, 2013

အချစ်

အချစ်



အချစ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးမှာ အဓိပ္ပါယ်တွေ ပြည့်ဝနေတယ်ဆိုတာ လူတိုင်း သိကြပါတယ်။

အချစ်ကိုပဲ အဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်ဆိုထားကြတာကိုလည်း ဖတ်ဖူးကြမှာပါ။

၅၂၈-မေတ္တာ၊ ၁၅၀၀-အချစ်မေတ္တာဆိုပြီး ခွဲခြားရေးသားပြောဆိုကြပါတယ်။

တစ်စိမ်းယောင်္ကျားတစ်ယောက်အပေါ် ချစ်တယ် လို့ ပြောရတဲ့အချစ်က လေးနက်၊ နက်ရှိုင်းပါတယ်။

လွမ်းကတော့ အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတာပါ လို့ ခံယူထားဆဲပါ။

လွမ်းအချစ်က ပိုင်ဆိုင်လိုစိတ်ကင်းပါတယ်။

လွမ်း Online တွင် ချစ်ခဲ့ဖူးပါတယ်။ Online ချစ်သူကို အပြင်မှာတွေ့ပြီး ဆက်ချစ်ခဲ့ဖူးပါတယ်။

ယခုထက်တိုင်လည်း အဆက်အသွယ်ရှိနေဆဲပါပဲ။

ဒါပေမဲ့ သူများချစ်သူတွေလိုတော့ နေ့စဉ် အဆက်အသွယ်ရှိတာတော့လည်း မဟုတ်ပါ။

အချစ်က ရင်ခုန်သံချင်း တူညီတယ်လို့ အဓိပ္ပါယ်ဖွင့်ရင်တော့ ချစ်သူနဲ့ ဖုန်းပြောရတိုင်း ရင်ခုန်နေတတ်ပါတယ်။


ဒါပေမဲ့ အချစ်ရဲ့နောက်ကွယ်မှာ မနာလိုဝန်တိုမှုတွေ၊ ကြေကွဲဝမ်းနည်းရတာတွေ ရှိနေတတ်ပါတယ်။
 
ချစ်သူက တစ်ခြားသောသူနဲ့ ရှိနေတတ်လျှင် သဝန်တိုနေတတ်ဆဲပါပဲ။

ချစ်သူအောင်မြင်မှုကို ကြားလျှင် ဂုဏ်ယူတတ်ပါတယ်။

ချစ်သူအကြောင်းကို သူငယ်ချင်းများကို ကြွားတတ်တာက လွမ်းဝါသနာ ဖြစ်နေပါတယ်။

ချစ်သူရဲ့ သူငယ်ချင်းများက လွမ်းအညာခံနေရတယ် လို့ ပြောလည်း မနာတတ်သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။

ချစ်သူပြောသမျှ ယုံထားပါတယ်။

ချစ်သူကို ပျော်စေချင်တဲ့ဆန္ဒက လွမ်းဆန္ဒပါ။

ချစ်သူဆန္ဒမှန်သမျှ လွမ်းဖြည့်ဆည်းပေးခဲ့ပါတယ်။

ဒါပေမဲ့ လွမ်းဖြည့်ဆည်းမပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။

ဒါကတော့ လွမ်းချစ်သူကို လွမ်းအိမ်ထောင်ဖက်အဖြစ် ဘယ်တော့မှ မရွေးချယ်နိုင်တာပါပဲ။







လွမ်းဧကရီ

၁၃-၀၄-၂၀၁၃
မွန်းလွဲ ၁:၂၂ နာရီ

3 comments:

Unknown said...

ခံစားသွားတယ်လွမ်း ...

khinnyunt2010@gmail.com said...

အင်း အိမ်ထောင်ဖတ်မရွေးချယ်နိုင်ဘူးဆိုတော့
အပျော်ပေါ့နော် အချစ်....
အချစ်.............
အချစ်............တယ်လဲလေးနက်ပါလားနော်
ဘောက်လေးထားပေးရင်ကောင်းမယ် ရင်ဖွင့်ရအောင်

Unknown said...

လွမ်းကိုတကယယ်ချစ်တဲ့သူနဲ့တွေ့ပါစေ။