Saturday, March 30, 2013

လွမ်းလွန်းလို့

လွမ်းလွန်းလို့



လွမ်းက လွမ်းနေတတ်သူတစ်ယောက်ပါ။

လွမ်းက အလွမ်းသီချင်းတွေကိုပဲ နားထောင်တတ်ပြီး သီချင်းကို ခံစားပြီး လွမ်းနေတတ်ပါတယ်။

လွမ်းက အလွမ်းသီချင်းလေးတွေ နားထောင်ရင်း နှစ်သက်တဲ့ သီချင်းလေးတွေကို Flash Song ပြုလုပ်တတ်ပါတယ်။

လွမ်းက ခံစားလွယ်သော မိန်းမတစ်ယောက်ပါ။

လွမ်းက ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းများကြည့်ပြီး မျက်ရည်ကျတတ်တဲ့ မိန်းမတစ်ယောက်ပါ။

လွမ်းက ချစ်လွယ်တဲ့ မိန်းမတစ်ယောက်ပါ။

လွမ်းက သဝန်တိုတတ်တဲ့၊ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ မိန်းမတစ်ယောက်ပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းရဲ့ တစ်ဖက်စွန်းရောက်တဲ့ သဝန်တိုမှုကို သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းတစ်ကိုယ်ကောင်းဆန်စွာ လွမ်းတစ်ယောက်ထဲကိုပဲ ချစ်ခွင့်၊ ဂရုစိုက်ခွင့်ပဲ ပေးတယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်း…လွမ်းချစ်သူအပေါ် အရမ်းလွမ်းနေတတ်တယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းချစ်တယ်ဆိုတာ ခဏခဏ ပြောတတ်တယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းချစ်တာကို စိတ်ညစ်ရတတ်တယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း အကြောင်းပြချက် အမျိုးမျိုးနဲ့ လွမ်း ရန်ဖြစ်တတ်တယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူတွေနဲ့ လမ်းခွဲရတဲ့အခါတိုင်း လွမ်း လွမ်းကျန်ရစ်ခဲ့တယ်ဆိုတာ သိစေချင်ပါတယ်။

လွမ်းချစ်သူတွေနဲ့ လမ်းခွဲရတဲ့အခါတိုင်း လွမ်းချစ်သူကို မေ့နိုင်ဖို့ အချိန်များစွာ ယူရတယ်ဆိုတာ သိစေချင်ပါတယ်။

လွမ်းချစ်သူတွေနဲ့ လမ်းခွဲရတဲ့အခါတိုင်း လွမ်းအတွက် အမှတ်တရ ကျန်ရစ်ခဲ့တယ်ဆိုတာ သိစေချင်ပါတယ်။

လမ်းခွဲသွားတဲ့ ချစ်သူအားလုံးကို လွမ်း ချစ်နေဆဲပါလို့ သိစေချင်ပါတယ်။

လွမ်းခံစားချက်လေးနဲ့ တိုက်ဆိုင်တဲ့ လွမ်းလွန်းလို့ ဆိုတဲ့ သီချင်းလေးကို Flash Song လုပ်ဖြစ်ခဲ့ပါတယ်။

လွမ်းချစ်သူတွေကို လွမ်း…လွမ်းနေပါတယ်။






လွမ်းဧကရီ
၃၁-၀၃-၂၀၁၃
ည ၁၁:၂၀ နာရီ


1 comment:

khinnyunt2010@gmail.com said...

နှစ်အသင်္ချေတော့မလွမ်းပါနဲ့ ရက် လနစ်ဆိုတော်တော့ပေါ့ အသင်္ချေလဲနေ၇တာမဟုတ်ပါဘူး