Tuesday, February 11, 2014

“ကို”


သောကတောင်တန်း




ကို

စာရေးတိုင်း “ဧကရီကို ကို သိပ်ချစ်တယ်” လို့ ပြောတတ်တဲ့…ကို

 လွမ်း ဘာလုပ်နေလဲ” ဆိုပြီး တစ်နေ့မှာ ၁၆-ခါလောက် ဖုန်းဆက်မေးတတ်တဲ့…ကို


အဲလို လွမ်းကို ချစ်ခဲ့ဖူးတဲ့ ကို့ကို -

သီချင်းလေးတွေ နားထောင်ဖြစ်တိုင်း ကို့ကို သတိရတယ်…ကို

လွမ်းအပေါ် စိုးရိမ်စိတ်နဲ့ ချစ်ခဲ့တာကိုလည်း နားလည်ပါတယ်…ကို

ဘဝလက်တွဲဖော်အထိ ရည်ရွယ်ထားပြီး ကို ကြိုးစားခဲ့တာကိုလည်း သိပါတယ်…ကို

မဖြစ်နိုင်လို့ လမ်းခွဲခဲ့ပေမဲ့ အတူနေချင်တဲ့ ဆန္ဒကတော့ ရှိနေဆဲပါ…ကို

ကို့အပေါ် ချစ်ခဲ့တဲ့အချစ်က ဘယ်တော့မှ မပြောင်းလဲသေးဘူးဆိုတာ ယုံပါ…ကို


နှောင်းခဲ့တဲ့အတိတ်နဲ့ ကို့ကို လွမ်း လွမ်းနေဆဲပါ…ကို

ကိုနဲ့ ခွဲခဲ့ပြီးတဲ့နောက်ပိုင်း လွမ်းရင်ထဲမှာ ကို တစ်ယောက်ထဲပဲ ရှိတယ်ဆိုတာ သိလာရတယ်…ကို

ခုချိန်မှာတော့ လွမ်း ကို့ကို လွမ်းနေတယ်ဆိုတာ ယုံပါ…ကို


လွမ်းဧကရီ
၁၁-၀၂-၂၀၁၄

‌နေ့လည် ၁၂:၄၅ နာရီ

No comments: