Sunday, September 9, 2012

ဆုံမှတ်ဟာ အနန္တမှာ

ဆုံမှတ်ဟာ အနန္တမှာ


လွမ်းနဲ့ ကိုဟာ ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှာ ချစ်သူဖြစ်ခဲ့ကြပါတယ်…

လွမ်းနဲ့ ကိုတို့ရဲ့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါ…

ကိုက ကို့သူငယ်ချင်းအဆိုတော်တစ်ယောက်ရဲ့ သီချင်းကို Flash Song လုပ်ပေးဖို့ လွမ်းကို အကူအညီတောင်းရာကနေ လွမ်းနဲ့ကို တစ်ယောက်နဲ့တစ်ယောက် စာအပြန်အလှန် အဆက်အသွယ် ဖြစ်ခဲ့ကြပါတယ်…

လွမ်းက လွမ်းနေတတ်သူမို့ လွမ်းကို ပျော်အောင်ဆိုပြီး ကိုက ဇာတ်လမ်းလေးတွေ ရေးပို့တယ်…

လွမ်းက 3D ကာတွန်းကားလေးတွေ ကြိုက်လို့ လွမ်းကြည့်ရအောင် 3D ကာတွန်းကားလေးတွေ ပို့ပေးတယ်…

ကိုပို့တဲ့ ဇာတ်လမ်းတွေ၊ ကာတွန်းကားတွေ ကြည့်ပြီးရင် လွမ်းရဲ့အတွေးတွေကို ကို့ကို ပြန်ပြောပြရတယ်…

လွမ်းကလည်း လွမ်းနှစ်သက်တဲ့ သီချင်းတွေကို ကို့ကို နားထောင်ခိုင်းပြီး ကို့ရဲ့အတွေးတွေကို ပြန်မေးတယ်…

ဒီလိုနဲ့ လွမ်းနဲ့ကို သံယောဇဉ် ဖြစ်ခဲ့ပါတယ်…

ကိုက လွမ်းနားထောင်ဖို့ သီချင်းတွေ ပို့ပေးတယ်…

ကို ပို့ပေးတဲ့သီချင်းတွေကို လွမ်းနားထောင်ရင်း လွမ်း ခံစားလာရပါတယ်…

နှလုံးသားကျမ်းစာ သီချင်းကို လွမ်းအတွက်ဆိုပြီး ပို့ပေးခဲ့တဲ့အတွက် ကို့ဓာတ်ပုံတွေနဲ့ Flash Song လုပ်ပြီး ပြန်ပို့ပေးခဲ့ပါတယ်…

လွမ်းက စိတ်ထိခိုက်လွယ်ပါတယ်… နှလုံးသားက အရမ်းနူးညံ့တဲ့အတွက် ခံစားလွယ်ပါတယ်…

ကိုပို့ပေးတဲ့ နှလုံးသားကျမ်းစာ သီချင်းလေးကို နားထောင်ရင်း လွမ်း ခံစားချက်တွေ ချရေးဖြစ်ပါတယ်…

လွမ်း နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ရောက်နေစဉ်မှာ နှလုံးသားကျမ်းစာ သီချင်းလေးကို Flash Song လုပ်ဖြစ်ခဲ့တာပါ…

Flash Song လေး လုပ်ဖြစ်ပြီး သူငယ်ချင်းတွေကို လွမ်း ခံစားချက် ချပြခဲ့ပါတယ်…

နေပြည်တော်မှာ အလုပ်လုပ်နေစဉ်အတွင်း ဝင်လာတဲ့ Mail စစ်နေရင်းနဲ့ ကို့ရဲ့ လွမ်းကို ချစ်တဲ့အကြောင်းရေးတဲ့စာ ဝင်လာပါတယ်…

၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့ ည ၇-နာရီက ကိုပို့လိုက်တာကို လွမ်းည ၈-နာရီ ၀၈-မိနစ်မှာ ဖတ်မိပြီး ချက်ခြင်း စာပြန်လိုက်တာပါ…

WiFi နဲ့ ဝင်လာတဲ့အတွက် လွမ်း iPad နဲ့ပဲ ချက်ခြင်း အဖြေပြန်ပေးလိုက်ပါတယ်…

လွမ်းစိတ်က တုန့်ပြန်မှု မြန်တတ်ပါတယ်…

လွမ်း…ကိုနဲ့ ချစ်သူဖြစ်တာနဲ့ ကို့ကို လွမ်းတော့တာပါပဲ…

နေပြည်တော်ရဲ့ မြူတွေဆိုင်းနေတဲ့ မနက်ခင်းကို ကြည့်ပြီး ကို့ကို လွမ်းပါတယ်…

လွမ်းတို့တွေ ချစ်သူဖြစ်ပြီးမှ မတူညီတဲ့ အခြေအနေ၊ အနေအထားတွေကို သိလာရပါတယ်…

ကိုက လွမ်းထက် ငယ်ပါတယ်…

ကိုက လူကြီးဆန်ပါတယ်… လွမ်းက ကလေးဆန်တယ်…
ကိုက လက်တွေ့ကျတယ်… လွမ်းက စိတ်ကူးယဉ်ဆန်တယ်…
ကိုက သဘောကောင်းတယ်… လွမ်းက တစ်ကိုယ်ကောင်းဆန်တယ်…
ကိုက မျှတစွာ တွေးတတ်တယ်… လွမ်းက တစ်ဖက်သတ်ဆန်တယ်…
ကိုက အရာရာကို အလျှော့ပေးတယ်… လွမ်းက ကို့အပေါ် အနိုင်ယူချင်တယ်…
ကိုက လွမ်းကို အပြစ်မတင်တတ်ဘူး…လွမ်းက ကို ကောင်မလေးတွေနဲ့ ခင်တာကို အပြစ်မြင်တယ်…
ကိုက အနာဂတ်အတွက် ရပ်တည်ကြိုးစားတယ်…လွမ်းက ပစ္စုပ္ပန်မှာပဲ ပျော်နေချင်တယ်…

လွမ်းလေ နေပြည်တော်က အပြန် ကိုပေးထားတဲ့သီချင်းတွေ နားထောင်ရင်း တွေးနေမိတယ်…

နေပြည်တော်လမ်းက ဟိုးအဝေးမှာ ဆုံသွားတယ်လို့ ထင်ရပေမဲ့ လွမ်းကားက ရှေ့ကို ရောက်လေ၊ ဆုံမှတ်က မရှိဘဲ လမ်းက မျဉ်းပြိုင်လို ဖြစ်နေတာ…

ကိုနဲ့ လွမ်းအဖြစ်ကလည်း မျဉ်းပြိုင်လို ဖြစ်နေမလားပဲ…

ကိုနဲ့ ဆုံဖို့ မမျှော်လင့်ရဲပါဘူး…

ကို့အတွက် ဆုံမှတ်ဟာ အနန္တမှာ ဆိုတဲ့ သီချင်းလေးကို Flash Song လုပ်ပြီး ပို့ပေးခဲ့ပါတယ်…

လွမ်း Flash Song လုပ်ထားတာကို သူငယ်ချင်းများ နားဆင်နိုင်ဖို့ မျှဝေပေးပါတယ်…




လွမ်းရဲ့ ခံစားချက်ကို ကိုတစ်ယောက် သိနိုင်ပါစေ…








လွမ်းဧကရီ
 
၀၉-၀၉-၂၀၁၂

ည ၉:၁၅ နာရီတွင် ရေးပြီးပါသည်။

 

No comments: