Thursday, May 3, 2012

Comment များနဲ့ ပေါက်ကွဲခြင်း


Comment များနဲ့ ပေါက်ကွဲခြင်း

ကျနော်က Comment ချစ်တတ်သူပါ…

Comment လာပေးတတ်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်နေရင်းနဲ့ Member တစ်ယောက်နဲ့ အပြန်အလှန် Comment နဲ့ ကစားရာကနေ ချစ်သူဖြစ်သွားတယ်ဗျ…

ကျနော်တို့ နှစ်ယောက်က Comment ကနေ ချစ်သူဖြစ်လာတဲ့သူဆိုတော့ Comment နဲ့ပဲ အပြန်အလှန် ချစ်စကားပြောကြရပါတယ်…

ခင်ဗျားတို့ကတော့ ဘယ်လိုမြင်မလဲတော့ မသိဘူးပေါ့ဗျာ…

ကျနော်တို့နှစ်ယောက်က အဝေးမှာနေကြရပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သူများလို Chatting လည်း မလုပ်နိုင်ဘူးလေ…

တစ်ယောက်နဲ့ တစ်ယောက်ကလဲ မမြင်ဖူးကြဘူးလေ… မမြင်ဖူးဘဲ ဖြစ်ခဲ့ရတဲ့သံယောဇဉ်က အခုအချိန်မှာ ဖြတ်လို့မရဘဲ ချစ်သူအဖြစ်ရှိနေတယ်ဆိုတာ သူငယ်ချင်းတို့တော့ ယုံပါ့မလားမသိဘူး…

ဒီနေ့ ကျနော့်ချစ်သူအပေါ် Comment နဲ့ ပေါက်ကွဲသံစဉ်လေးတစ်ခုအဖြစ် ရေးသားတာကို သူငယ်ချင်းတို့ ခံစားပေးဖို့ပါ...

Comment လာပေးတတ်တဲ့ချစ်သူက Comment မပေးနိုင်ဘဲ အဝေးကို ထွက်သွားမယ်လို့ ကျနော်သိလိုက်တဲ့အချိန်မှာ ကျနော့် ခံစားချက်လေးပါ…

ကျနော် ကို့ကို မနက်တိုင်း Breakfast ပို့တတ်ပါတယ်… အဲဒီအခါ ကိုက ကျနော့်ကို ခွံကျွေးချင်တာ လို့ ပြောတတ်ပါတယ်…

ခွံ့ကျွေးတတ်တဲ့ မနက်ခင်းတိုင်းကို လွမ်းတယ်...



နောက် ကျနော့်ကို MM Flash Songs ထဲမှာ Online မှာရှိနေသည်လို့ မမြင်ရရင် လာနှိုးတတ်တာလေ…


လွမ်းလေးအိပ်ပုတ် အစောကြီးမထလို့ လာနှိုးတာ..:) လို့ ပြောတတ်တယ်…


ထတော့လေ အိပ်ပုတ်မလေး......
မထသေးပဲ ကို့ ကိုကြည့်နေတယ်....:)



ကျနော် Online ကို နေ့လည်ပိုင်းခဏဝင်လာရင် ကျနော်တို့တွေ နေ့လည်စာအတွက် ချက်ကြတာကို စိတ်ကူးယဉ်ကြရတယ်....


ကို ... လွမ်းချက်တာ လာမြည်းကြည့်ပါအုန်း...ဘာလိုနေလဲလို့ ...
ကိုက လွမ်းချက်တာ စားချင်တယ်ဆိုလို့ ချက်နေတာ... ချက်တတ်ဘူး  :P




လွမ်းလေးချက်နေတာကို ကို လုပ်ကူပေးနေတာနော်....:) ဆိုပြီး ပြောတတ်တယ်။

လွမ်းစားစရာတွေ ချက်ပြုတ်ရင် ၀ိုင်းကူတတ်တဲ့ ကို့ ကို လွမ်းတယ်...



ကျနော်က မီးဖိုချောင်ထဲမှာ လာနှောင့်ယှက်နေတာလား လို့ ပြောရင််

နှောင့်ယှက်တာ မဟုတ်ပါဘူး ချစ်တာပါ လွမ်းလေးရ.....:) လို့ ပြောတတ်ပါတယ်…




ဒီပုံလေးမြင်ရင် ကို့ကို စသတိထားမိတဲ့အချိန်လေးကို သတိရမိတယ်...



ကို… MM Flash Songs ကို ၀င်မလာရင် ကျနော်ကမျှော်နေရတာလေ... 

ကို့ မျက်နှာမြင်မှ လွမ်းပျော်ရတယ်ဆိုတာ ကို သိသင့်တာ...ဆိုပြီး ကျနော် ကို့ ကို စကားနာ ထိုးတတ်တယ်…
 
လွမ်း ပျော်နေချင်တာပါ ကိုရာ...ဆိုပြီးလည်း ချွဲတတ်တယ်…







Comment တွေ အပြန်အလှန်ပေးပြီး ချစ်သူဖြစ်လာတော့လဲ Comment နဲ့ပဲ လွမ်းပေါက်ကွဲ သံစဉ်တွေ ချရေးနေတာလေ...

ကျနော့်ရဲ့ ပေါက်ကွဲသံစဉ် Comment လေးတွေ ခံစားကြည့်ပါဗျာ…

အင်တာနက်ကြောင့် ကိုနဲ့ ဆုံလာတာကို လွမ်းအတွက် ပျော်စရာနေ့ရက်တွေ ဖြစ်လာမယ်လို့ ယူဆခဲ့တာပါ...

ချစ်သူတွေဆိုတာ ပျော်နေချင်ကြတဲ့သူတွေပါ...

ခုတော့ လွမ်းပျော်ရတယ်ဆိုတာ ဘယ်လိုပါလိမ့်ဆိုတာ တွေးနေရတယ်...

ကို... တကယ်ရက်စက်တယ်...

ကို့မှာ ရက်စက်တတ်တဲ့ အသည်းနှလုံးရှိမှန်း လွမ်းမသိခဲ့ဘူး... :(

လွမ်းကို ပစ်ထားတယ်...

လွမ်း ပျော်ပါရစေ...

လွမ်းကို ခွဲသွားရင် လွမ်းငိုမယ်ဆိုတာ သိတယ် ဟုတ်...

ကို့ အချစ်တွေကို လိုချင်ခဲ့တာလေ...

ဖြစ်နိုင်ရင် ကို့ နားမှာပဲ နေချင်ခဲ့တာပါ...

ကို... လွမ်းနဲ့ဝေးနေတဲ့အချိန်မှာ နှင်းဆီကြိုက်တဲ့ လွမ်းကို သတိရနေပါနော်...

ကို.... လွမ်းနဲ့ ဝေးနေတဲ့အချိန်မှာ နှင်းဆီပန်းလေးတွေ ပေးတတ်တဲ့ကို့ကို သတိရနေမှာပါ...




ကို ပြောတာတွေဟာ တကယ်ဖြစ်ပါစေလို့ ဆုတောင်းနေပါ့မယ်...

ဒီပုံလေးပို့ပြီး ကို လွမ်းလေးကို ပြောခဲ့တဲ့စကားမှတ်မိလား ဟင်?





ကို... လွမ်းကို Comment လာမပေးနိုင်တဲ့ နေ့ရက်တွေမှာ လွမ်းဖြစ်နေပုံက ဒီလိုလေးလေ...


ကိုနဲ့ ဒီလို နီးနီးလေး မနေနိုင်တော့လည်း လွမ်း... လွမ်းနေရမှာ မဆန်းပါဘူးနော်...

လွမ်း... ကို့ကို ချုပ်ချယ်ခဲ့တာ၊ ကိုနဲ့ပတ်သက်ရင် စိတ်ဆိုးရတာ၊ စိတ်ကောက်ရတာတွေဟာ ချစ်လို့ပဲလေ...



နောက် ကို့ကို ချစ်သူစုံတွဲ လှလှလေးတွေ ရွေးပြီး Comment ပို့ပေးခဲ့ပါတယ်… ကို..





ကိုက လွမ်းလေးအရပ်ပုတယ်ဆိုပြီး ပြောသေးတာ..... :P



ကို့ကို သတိရနေမယ်၊ လွမ်းနေမယ်ဆိုတာ ယုံထားနော်...

လွမ်း... ကို့ကို လွမ်းရင် ဘယ်လိုနေရမလဲ?

ကျနော့်ရဲ့ ပေါက်ကွဲသံစဉ်လေးကို ချပြတာပါ…

Comment နဲ့ ချစ်သူဖြစ်နေရတဲ့သူကို ကဲလိုက်တာလို့တော့ ကျနော့်ကို မပြောကြပါနဲ့ဗျာ…

ကျနော့်ချစ်သူနဲ့ ကျနော်ပျော်နေချင်သလို ချစ်သူစုံတွဲတိုင်းလဲ ပျော်နိုင်ကြပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်…

ကျနော့် ဇာတိမြေကို လွမ်းသလို အဝေးက ကျနော့်ချစ်သူလေးကိုလည်း လွမ်းတယ်…

လွမ်းချစ်သူ ဘယ်သူလဲ လို့ လာမမေးရဘူးနော်... ဖြေဘူး :P






လွမ်းဧကရီ

၀၅-၀၇-၂၀၁၀

ညနေ ၁: ၃၄ နာရီ


No comments: