Monday, May 7, 2012

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း(၂)

ပြည်ပခရီးသွားမှတ်တမ်း
အပိုင်း(၂)



လွမ်းတို့ တွေ ဧပြီလ(၁၈)ရက်နေ့ မှာ ထိုင်းနိုင်ငံရဲ့ မြို့ တစ်မြို့ ဖြစ်တဲ့ Pattaya (ပတ္တရား) ကို သွားခဲ့ပါတယ်...

ဘန်ကောက်မြို့ ကအထွက်မှာ Toll Gate တစ်ခုကို ဖြတ်ရပါတယ်... 45 Baht ပေးရပါတယ်...

အဝေးပြေးလမ်းမပေါ်အတက်မှာ Toll Gate တစ်ခုကို ထပ်ဖြတ်ရပြန်ပါတယ်... 35 Baht ပေးရပါတယ်...

ဘန်ကောက်မြို့ ကအထွက်မှာ ကားများကြပ်ပြီး မီးပွိုင့်စောင့်ရတာ ကြာပေမဲ့ အဝေးပြေးလမ်းမပေါ်အရောက်မှာတော့ အသွား ၄-လမ်း၊ အပြန် ၄-လမ်း၊ ၈-လမ်းသွား လမ်းမကြီးဖြစ်လို့  ကားများဟာ လျင်မြန်စွာ မောင်းနှင်နိုင်ပါတယ်...

လမ်းများဟာ ချောမွေ့ နေပြီး တစ်မြို့ နဲ့  တစ်မြို့ ၃-နာရီလောက်ကြာ စီးရပေမဲ့ သွားရတာ သက်တောင့်သက်သာရှိပါတယ်...

လမ်းမှာလည်း မိုးပျံတံတားလို့ ခေါ်တဲ့ လမ်းတံတား ၄-ထပ်လောက်လုပ်ထားတာ တွေ့ ရပါတယ်...




လွမ်းတို့ နိုင်ငံကိုလည်း အဲလို လမ်းမျိုးတွေ ဖြစ်စေချင်တာအမှန်ပါပဲ...


Pattaya City ကို ရောက်တော့ သင်္ကြန်ပွဲကျင်းပနေတာကို တွေ့ ရပါတယ်... တစ်မြို့ နဲ့ တစ်မြို့  သင်္ကြန်ကျချိန် မတူတာကို သွားတွေ့ ရပါတယ်...

Pattaya City က သင်္ကြန်ကို ဧပြီလ (၁၉)ရက်နေ့ အထိ ကျင်းပမှာလို့  သိရပါတယ်...

သင်္ကြန်လည်တဲ့ကားတွေဟာ Double Cap ကားများနဲ့  ဖြစ်ပြီး ကားနောက်ခန်းတွေမှာ ရေစည်များတင်ပြီး ရေပြန်ပက်နေတာကို တွေ့ ရပါတယ်...

ဘေးမှ ဖြတ်သွားတဲ့ကားတွေမှာ ရောင်စုံဆေးများနဲ့  ညစ်ပေနေတာကို တွေ့ ရပြီး သင်္ကြန်ရေကစားသူမျက်နှာမှာ ဖြူဖွေးနေတာတွေ့ လို့  မေးကြည့်တဲ့အခါ ဂျုံမှုန့် ကို အရည်ဖျော်ပြီး မျက်နှာကို လိုက်သုတ်ကြတာလို့  ပြောပါတယ်...

လွမ်းတို့ တွေ Pattaya City ရောက်တော့ ၁၂-နာရီထိုးတာနဲ့  နေ့ လည်စာ စားဖို့  အရင်သွားပါတယ်...
Silver Lake Restaurant မှာ စားပါတယ်... ဆိုင်ရဲ့ အခင်းအကျင်းလေးပါ...


လွမ်းက ထိုင်းထမင်းကျော်မှာစားပါတယ်...

 

ထမင်းစားပြီး သောက်ဖို့ အအေးမှာတော့ ဆိုင်ရဲ့ ပင်မရောင်းတဲ့အအေးက စပျစ်ဖျော်ရည်လို့  ပြောတာနဲ့  မှာသောက်ကြပါတယ်... တကယ့်အသီးရဲ့ အရသာပါ...


ဆိုင်အ၀င်ဝမှာ စပျစ်နဲ့ လုပ်တဲ့ ၀ိုင်ပုလင်းနဲ့  အလှဆင်ထားတာကို မြင်တွေ့ ရပါတယ်...


ဆိုင်ရဲ့ ရှေ့ မှာ စပျစ်ခြံရှိပြီး စပျစ်ခြံနဲ့ ကပ်ရက်မှာ ပန်းခြံတစ်ခုရှိပါတယ်... လွမ်းတို့ တွေလည်း ပန်းခြံထဲမှာ ဓါတ်ပုံတွေ ရိုက်ကြပါတယ်...

ပန်းခြံကို လာတဲ့လမ်းကလေးပါ...

ပန်းခြံနဲ့  မနီးမဝေး တောင်ကုန်းမှာ ဘုရားပုံတော်ဆွဲထားတာကို အပြန်ဝင်ဖူးပါတယ်...
ထိုင်းနိုင်ငံကို လာပြီး ပထမဆုံးဖူးတွေ့ ရတဲ့ ဘုရားပါ... ကားနဲ့  လာစဉ် အဝေးကြီးကတည်းက ကားပေါ်ကနေ ဖူးတွေ့ ရတာပါ...

 


Khao Chi Chan
Khao Chi Chan features a sculptural image erected to honor His Majesty King erected to honor is Majesty King Bhumibol on te occasion of te 50th anniversary of his enthronenment. The image is a sitting figure called Pang Man Wichai and copied from Phra Phuttawarachabopit which combines both Sukhothai and Lanna arts. The image is 109 meters in height and 70 meters in width and the figure is named Phra Phuttamaha Wachirauttamapat Satsada that means the Buddha who has brightness and sublimity like Mahawachira. There are many kinds of plant surrounding and huts for the visitors.

နာမည်တွေက ခေါ်ရခက်လို့  သူငယ်ချင်းတို့ ဖာသာပဲ ဖတ်ကြည့်ပါနော်...
လွမ်းတို့ ကို Pattaya City ရဲ့ Beach တစ်ခုဖြစ်တဲ့ Bangsaen Beach View Point ကို လိုက်ပို့ ပေးပါတယ်...


အဆောက်အဦအပေါ်ဆုံးထပ်ကို သင်္ဘောပုံပြုလုပ်ထားတာကို တွေ့ ရမှာပါ...

 

မျောက်တွေကို အများကြီးတွေ့ ရပြီး လွမ်းတို့ ကားထဲက ရေသန့် ဗူးကို လာဝင်ယူသွားလို့  တံခါးပိတ်ထားရပါတယ်...


လွမ်းတို့ လည်း ရှုခင်းများကို တစ်ဝကြီး ခံစားပြီး ပြန်လာခဲ့ကြပါတယ်...




လွမ်းဧကရီ
၀၆-၀၅-၂၀၁၂
နေ့ လည် ၁း၀၀နာရီ

No comments: