Thursday, May 3, 2012

နည်းပညာလေးများ

နည်းပညာလေးများ



လွမ်းကို လာမေးတာကို မသိသေးတဲ့ သူငယ်ချင်းများအားလုံးအတွက် ဖြေပေးလိုက်ပါတယ်...


မေးခွန်း(၁) မိမိအိမ်ကို ၀င်လိုက်တာနဲ့  သီချင်းသံပေါ်ချင်ပါတယ်...

မိမိတင်တဲ့ Flash Song မှာ Play Button ဖြုတ်ထားရပါမယ်...

Play Button မပါတဲ့ Flash Song Code ကို မိမိစာမျက်နှာရဲ့ Text Box ထဲမှာ ထည့်ပေးရပါမယ်...

Flash Song ထည့်ရန် Code



<center><object width="500" height="370" classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000" codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0"><param name="src" value="သီချင်းလင့်ထည့်ရန်" /><param name="wmode" value="opaque" /><param name="quality" value="high" /><embed width="500" height="370" type="application/x-shockwave-flash" src="သီချင်းလင့်ထည့်ရန်" wmode="opaque" quality="high" /></object></center>
 


သီချင်းလင့်ကိုတော့ ယူတတ်မယ်ထင်ပါတယ်...

Flash Song ကို ဖွင့်ထားရင် Address Bar ပေါ်မှာရှိတဲ့ Link ကို ကူးထည့်ပေးရမှာပါ...


ဒီလောက်ဆိုရင် မိမိစာမျက်နှာမှာ မိမိနှစ်သက်ရာ Flash Song တွေ တင်တတ်သွားမယ်ထင်ပါတယ်...

................................................................................................................................


မေးခွန်း(၂) Windows 7 Operating System မှာ Zawgyi-One Font ထည့်လို့  အဆင်မပြေလို့ ပါ...

Windows 7 မှာ တင်ရမည့် ZawGyi-One Font

Zawgyi_Keyboard_L.zip




.................................................................................................................................

မေးခွန်း(၃) Gtalk အသုံးပြုတဲ့အခါ :) လို့  ရိုက်လိုက်ရင် ပုံလေးတွေ ပေါ်ချင်ပါတယ်...

အောက်တွင်ပေးထားသော My Theme ကို မိမိစက်တွင် Install လုပ်ပါ...

 MyTheme.exe

ပြီးလျှင် Gtalk မှ Settings ကို Click လုပ်ပါ...


Appearance ကို Click လုပ်ပြီး MyTheme ကို ရွေးချယ်ပြီး OK ပေးလိုက်ပါ...





...................................................................................................................................

မေးခွန်း(၄) သူငယ်ချင်းတွေကို မိမိက စက်နားမှာ မရှိသယောင် Idle ပြထားချင်ပါတယ်...

အောက်မှာပေးထားတဲ့ Gtalk Idle Set Up ကို Install လုပ်ပါ...

gAlwaysIdleSetup.exe

Install လုပ်ပြီးသွားရင် Task Bar မှာရှိတဲ့ Gtalk ပုံလေးမှာ Right Click လုပ်ရင် အောက်ပါအတိုင်း မြင်ရမှာပါ...


Normal Idle ကတော့ စက်ကို မကိုင်တာကြာရင် ပုံမှန်အတိုင်း Idle ဖြစ်နေမှာပါ...

Always Idle ကတော့ မိမိက စက်ကို သုံးနေပေမဲ့လည်း Gtalk မှာ Idle ဖြစ်နေမှာပါ...

Never Idle ကတော့ စက်ကို မကိုင်ရင်တောင်မှ Idle ပြမှာ မဟုတ်တော့ပါဘူး...




...........................................................................................................................

မေးခွန်း(၅) Flash Song ကို လုပ်တတ်ချင်ပါတယ်... ဘယ်ကစလေ့လာရမလဲ

ပထမဆုံးသွားသင့်တဲ့နေရာလေးကတော့ Double Tun ရေးသားထားတဲ့

မေးမြန်းဖြေကြားချက်များ နှင့် flash songs အတွက် ဆော့ဝဲများ နှင့် effect များ

စာမျက်နှာကိုပါ... SwishMax 2 နဲ့  SwishMax 4 ကို Download လုပ်ပြီး မိမိစက်ထဲမှာ Install အရင်လုပ်ပါ...
Flash Songs လုပ်နည်း ebook ၊ Mouse Effect ထည့်နည်း ebook ၊ Play and Stop Button ထည့်နည်း ebook များကို ဖတ်ပါ...
Flash Song လုပ်နည်း ရုပ်ရှင်ဖိုင် ၁ မှ ၆ အထိကြည့်ပါ...
မိမိကိုယ်တိုင်စမ်းလုပ်ကြည့်ပါ... Effect ထည့်နည်းများကို လေ့လာပါ...


၁။ စာသားများကို SwishMax 2 နဲ့  လုပ်ပြီး swi File အနေဖြင့် သိမ်းထားပါ...


၂။ မိမိထည့်လိုသောပုံများ Mouse Effect များကို SwishMax 4 တွင်လုပ်ပြီးမှ SwishMax 2 နှင့် သိမ်းထားသော swi File ကို SwishMax 4 ထဲသို့  Insert Animation နဲ့  ထည့်ပါ...


သတိထားရမည့်အချက်မှာ SwishMax 2 တွင် Frame Rate မှာ 12 Frames/sec နဲ့ လုပ်ထားတဲ့အတွက် SwishMax4 တွင် Frame Rate 25 ဖြစ်နေတာကို 12 ဟု ပြောင်းပေးထားရပါမည်...


မိမိကိုယ်တိုင် Flash Song စမ်းသပ်လုပ်ပြီးမှ နားမလည်သည်များကို Double Tun အား မေးမြန်းနိုင်ပါတယ်...

လွမ်းကိုလည်း Double Tun က သင်ပေးထားတာပါ...
 

လွမ်းဆီလာမေးသောမေးခွန်းများကို အလျဉ်းသင့်သလို ဖြေပေးသွားပါမယ်...

သူငယ်ချင်းများ နည်းပညာများ တတ်ကျွမ်းကြပါစေ...








လွမ်းဧကရီ
၁၄-၀၃-၂၀၁၂
ည ၉း၁၀ နာရီ

No comments: