Thursday, May 3, 2012

မောင့်ကို ကျမ သနားတယ်


မောင့်ကို ကျမ သနားတယ်


မောင့်ကို ကျမ သနားတယ်…

မောင်နဲ့ ကျမ Internet Connection ရှိမှ ဝင်လို့ရတဲ့ Online မှာ စတင်တွေ့ဆုံခဲ့ပါတယ်…

မောင်နဲ့ ကျမ Ning Site အတူတူ ဝင်ထားရာကနေ Mail Address အပြန်အလှန် ပေးခဲ့ကြတယ်…

မောင်နဲ့ ကျမ Site အကြောင်းတွေပဲ ပြောရင်း ခင်မင်လာကြတယ်…

မောင်က ကျမ နားမလည်တဲ့ Website အကြောင်းတွေ ရှင်းပြတယ်…

မောင်က ကျမ မေးတဲ့မေးခွန်း မှန်သမျှ စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တယ်…

မောင်က ကျမလိုချင်တဲ့ သီချင်းတွေကို မငြီးမငြူ ပို့ပေးတတ်တယ်…

မောင်က ကျမ အသံကြားချင်တယ်ဆိုလို့ မောင်နဲ့ စကားပြောပေးပါတယ်…

မောင့်ရဲ့ အားနည်းချက်တွေကို မောင်နဲ့ စကားပြောရင်း ကျမ သိလာရပါတယ်…

မောင်က Internet ကို ဆိုင်မှာ သုံးနေတဲ့သူဆိုတာ သိလာရပါတယ်…

မောင် ရှင်းပြတဲ့ Website တွေအကြောင်း ဖတ်ရတဲ့အခါ မောင်က ပညာတတ်တစ်ယောက် မဟုတ်မှန်း သိလာရပါတယ်…

မောင်က ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန်နေသူတစ်ယောက်မှန်း သိလာရပါတယ်…

မောင့်ကို ကျမရဲ့ အပျင်းပြေ စကားပြောဖော်တစ်ယောက်အနေနဲ့ ပြောနေမှန်း မောင် မသိပါ…

မောင့်ကို သဝန်တိုချစ်ပြပေမဲ့ တကယ်ချစ်တာ မဟုတ်မှန်း မောင် မသိပါ…

မောင့်ကို ချစ်တယ်လို့ ပြောတဲ့ကျမမှာ ခံစားချက် လုံးဝမရှိမှန်း မောင် မသိပါ…

မောင့်ကို လွမ်းလိုက်တာ လို့ ကျမပြောရင် မောင်ကလည်း မောင်လည်း လွမ်းတာပေါ့ လို့ ပြန်ဖြေတတ်ပါတယ်…

မောင့်ကို လွမ်းလိုက်တာ လို့ ပြောနေတဲ့ ကျမမျက်နှာမှာ ပြုံးနေမှန်း မောင် မသိပါ…

မောင့်ကို ကျမဘဝလက်တွဲဖော်အဖြစ် မစဉ်းစားမှန်း မောင် မသိပါ…

ဒါကြောင့် မောင့်ကို ကျမ သနားတယ်…



မှတ်ချက်။ ။ Online အချစ်ဆိုတာ ဒီလိုမျိုးလေးတွေလည်း ရှိတတ်ပါလားလို့ ယောင်္ကျားလေးတွေ သတိထားနိုင်အောင်လို့ပါ… :P
ကျမ = ကျွန်မ (အသံထွက်အတိုင်း ရေးသားထားခြင်း ဖြစ်ပါတယ်။)




လွမ်းဧကရီ
၁၀-၀၄-၂၀၁၂
နံနက် ၇:၀၀ နာရီ

No comments: