Thursday, May 3, 2012

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့် တပေါင်းပွဲတော်

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့် တပေါင်းပွဲတော်



ဒီနေ့ က တပေါင်းလပြည့်နေ့ ပါ...

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို ၂၂-၀၂-၂၀၁၂ နေ့ ကနေ ၀၇-၀၃-၂၀၁၂ နေ့ အထိ ၁၅-ရက်တိုင်တိုင် ကျင်းပပြုလုပ်နေပါတယ်...

၀၆-၀၃-၂၀၁၂ နေ့ က ရုံးကနေ ခွင့်ယူပြီး ရွှေတိဂုံဘုရားကို လွမ်း...သွားရောက်ဖူးမြော်ခဲ့ပါတယ်...

အလုပ်ပိတ်ရက်သွားရင် လူများမှာစိုးလို့  ကြားရက်ခွင့်ယူပြီး သွားလိုက်တာပါ...

ရွှေတိဂုံရင်ပြင်တော်ပေါ်ရောက်တာနဲ့  အသံမစဲ ပဌာန်းရွတ်ဆိုနေရတာကို နာကြားရပါတယ်..

ရွှေတိဂုံဘုရားရင်ပြင်တော်မှာ ဘုရားဖူးလာသူများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ ရှင်လောင်းလှည့်နေသူများနဲ့  စည်ကားနေတာကို တွေ့ ရပါတယ်...

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့်အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ရောင်းချပေးနေတာကိုလည်း တွေ့ မြင်ခဲ့ရပါတယ်...


လွမ်း အမှတ်တရ ဓါတ်ပုံရိုက်လာတာတွေကို သူငယ်ချင်းများအတွက် ဝေမျှပေးလိုက်ပါတယ်...

 ရွှေတိဂုံဘုရားပုံတော်ပါ...


ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့်အထိမ်းအမှတ် မောင်းကြီး


ရွှေတိဂုံဘုရား အောင်မြေနေရာပါ...


အသံမစဲပဌာန်းရွတ်ဆိုနေသောနေရာလေးပါ...


ပဌာန်းရွတ်ဆိုတဲ့ နေရာအနောက်ဖက်မှာ ပဌာန်း ၂၄-ပစ္စည်းအိုးလေးများကို နှစ်ဖက်ချထားပြီး ပဌာန်းရေသောက်သုံးနိုင်ရန် စီစဉ်ထားတာကိုလည်း တွေ့ မြင်ခဲ့ရပါတယ်...


ရွှေတိဂုံဘုရားပတ်လည်ရှိ တန်ဆောင်းတွေမှာလည်း ၀တ်ရွတ်အသင်းများက အဖွဲ့ လိုက် ဓမ္မဒေသနာတော်များကို ရွတ်ဆိုနေကြတာကိုလည်း တွေ့ မြင်ရပါတယ်...


ရွှေတိဂုံစေတီတော် နှစ် - ၂၆၀၀ ပြည့်အထိမ်းအမှတ် ဆုရဓါတ်ပုံများကိုလည်း ပြသထားပါတယ်...



ဆုရပန်းချီကားများ...



ရွှေတိဂုံဘုရားမှာ အထူးအလှူခံဌာနများကိုလည်း ဖွင့်လှစ်ထားပါတယ်...


ရွှေတိဂုံစေတီတော်အတွက် အလှူငွေ ကျပ်တစ်သောင်းအထက် အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပလပ်စတစ်လောင်းပြီး ဘောင်များကို ချက်ခြင်းတပ်ဆင်ပြုလုပ်ပေးပါတယ်...


ရွှေတိဂုံဘုရားရဲ့ တန်ဆောင်းနံရံမှာ ဆုံးမစာများ ရေးသားထားတာကိုလည်း ဓါတ်ပုံရိုက်ယူခဲ့ပါတယ်...



ဒီနေ့ ဟာ တပေါင်းလပြည့်နေ့ ဖြစ်ပြီး ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်နောက်ဆုံးရက်
ဖြစ်သည့်အတွက် လှူဒါန်းထားသမျှများကို ရေစက်ချလှူဒါန်းပေးမည်ဖြစ်ကြောင်း အလှူခံဌာနက ပြောကြားပါတယ်...

ရွှေတိဂုံဘုရား တပေါင်းပွဲတော်အမှတ်တရ ရေးသားပြီး သူငယ်ချင်းများကို ဝေမျှခြင်းဖြစ်ပါတယ်...
သူငယ်ချင်းများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ...










လွမ်းဧကရီ
၀၇-၀၃-၂၀၁၂
နံနက် ၁၀း၃၀နာရီ

No comments: