Sunday, March 4, 2012

တကယ်တမ်းပြောရရင်

တကယ်တမ်းပြောရရင်


တကယ်တမ်းပြောရရင် အချိန်တွေ ပြောင်းလဲသွားပေမဲ့ ခုချိန်ထိ မမေ့နိုင်တဲ့ မောင့်အတွက် အမှတ်တရလေးတွေ ပြန်သတိရမိပါတယ်…

တကယ်တမ်းပြောရရင် ဘဝမှာ လွမ်းကို တစ်ယောက်တည်း ထားခဲ့မယ်ဆိုတာ ကြိုသိခဲ့ရင် မောင့်ကို စိတ်ဆိုး၊ စိတ်ကောက်ပြီး မခေါ်ဘဲ နေခဲ့တဲ့အချိန်တွေကို ပြန်လိုချင်နေမိပါတယ်…

တကယ်တမ်းပြောရရင် နှစ်ယောက်တည်း ပျော်နေရမဲ့အချိန်မှာ မောင့်ကို စိတ်မကောင်းဖြစ်အောင် စကားနိုင်လုခဲ့မိတာတွေကိုလည်း နောင်တရနေမိပါတယ်…

တကယ်တမ်းပြောရရင် ဘဝကို ထူထောင်ရင် ငွေကြေးပြည့်စုံမှ ဖြစ်မယ်ဆိုပြီး အဝေးကို မောင် သွားအလုပ်လုပ်နေရလို့ ခွဲနေရတဲ့အချိန်တွေကို ပြန်နှမြောမိပါတယ်…

တကယ်တမ်းပြောရရင် ဘဝမှာ နှစ်ယောက်လက်တွဲပြီး ဆံဖြူသွားကျိုးတဲ့အထိ ချစ်သွားမယ်ဆိုတဲ့ မျှော်လင့်ချက် အိပ်မက်လေးတွေ ပြိုလဲသွားရတာကိုလည်း ဝမ်းနည်းနေမိပါတယ်…


တကယ်တမ်းပြောရရင် မမျှော်လင့်ဘဲ ခွဲသွားတဲ့မောင့်ကို လွမ်းနေရတဲ့ရက်တွေနဲ့ ပျော်ရွှင်မှုတွေ ကွယ်ပျောက်သွားတာ ခုချိန်ထိပါပဲ…

တကယ်တမ်းပြောရရင် အစားထိုးလို့ မရတော့တဲ့ အချစ်တွေက အလွမ်းတွေအဖြစ် ပြောင်းပြီး လွမ်းရက်ရှည်ကြာခဲ့တာ ခုချိန်ထိပါပဲ…

တကယ်တမ်းပြောရရင် မောင်…လွမ်းဆီ ပြန်လာအုန်းမလားလို့ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေရတာ ခုချိန်ထိပါပဲ…

တကယ်တမ်းပြောရရင် မောင့်အရိပ်၊ မောင့်စကားသံတွေ မြင်ယောင်၊ ကြားယောင်ရင်း အနားမှာ ရှိနေသလို ခံစားနေရတာ ခုချိန်ထိပါပဲ…

တကယ်တမ်းပြောရရင် မောင့်ကို ဒီဘဝမှာ ပြန်မတွေ့ရင်တောင် နောင်ဘဝမှာ ပြန်တွေ့ရအောင် စောင့်စေချင်မိပါတယ်…

တကယ်တမ်းပြောရရင် မောင့်ကို တမ်းတစိတ်နဲ့ သီချင်းလေးတွေ နားထောင်ရင်း လွမ်းနေရတာကိုလည်း မောင်သိစေချင်ပါတယ်…





တကယ်တမ်းပြောရရင် ၂၀၁၂-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့မှာ မောင် လွမ်းကို ခွဲသွားတာ (၈) နှစ် ပြည့်ခဲ့ပါပြီ…






လွမ်းဧကရီ

No comments: