Thursday, May 3, 2012

သတင်းစာရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲ

ဒီနေ့  MM Flash Songs အိမ်ရှေ့ တွင် လူများစုရုံးရောက်ရှိနေကြပါတယ်…

MM Flash Songs အက်မင်များက ရှေ့ ဆုံးမှ နေရာယူထားကြပြီး သတင်းယူမဲ့ သတင်းထောက်များ၊ လာရောက်နားထောင်သော မိသားစုဝင်များနဲ့  အိမ်ရှေ့  တစ်ခုလုံး ပြည့်နေပါတယ်…


အဲဒီနောက်မှာတော့ သတင်းစာရှင်းလင်းပွဲ စတင်ပါတယ်…


သတင်းထောက်။ ။ MM Flash Songs မှာ ဖြစ်ပေါ်နေတဲ့ လွမ်းဧကရီက ချစ်သူရည်းစားများတဲ့ သတင်းက မှန်ပါသလားခင်ဗျာ…



လွမ်း။ ။ ဒီသတင်းနဲ့  ပတ်သက်ပြီး ရှင်းပြချင်လို့  သတင်းစာရှင်းလင်းပွဲလေး လုပ်ဖြစ်သွားတာပါ...
လွမ်းက အွန်လိုင်းဇာတ်လမ်းများစွာ ရေးခဲ့ဖူးပါတယ်... ရေးတဲ့အခါ လွမ်းက ဇာတ်လမ်းတိုင်းမှာ ဇာတ်ကောင်နေရာကနေ ရေးသားတတ်ပါတယ်... လွမ်းကိုယ်တိုင် ခံစားရေးသားထားတဲ့အတွက် တကယ်ဇာတ်လမ်းလို့  ထင်ပြီး မှတ်ချက်လာပေးကြပါတယ်...
မှတ်ချက်များကို ပြန်လည်ရေးသားရာမှာလည်း လွမ်းက တကယ့်အဖြစ်အပျက်လို ပြန်လည် ဖြေဆိုတတ်ပါတယ်... ဒီတော့ အချစ်ဇာတ်လမ်းတွေ ရေးနေတဲ့ လွမ်းဧကရီမှာ ချစ်သူများစွာရှိတယ်လို့  အထင်ခံခဲ့ရပါတယ်...


သတင်းထောက်။ ။ ဒီသတင်းနဲ့  ပတ်သက်ပြီး ရှင်းပြပေးပါလား ခင်ဗျာ…

လွမ်း။ ။ လွမ်းက အရင်က ချောကလက်မြို့ တော်က အက်မင်တစ်ယောက်ဖြစ်ခဲ့ပါတယ်... မိသားစုဝင်တွေထဲမှာ ချောကလက်မြို့ တော်က လူတွေပါမယ်ဆိုရင် ခု MM Flash Songs မှာ တင်ထားတဲ့ ဇာတ်လမ်းတွေအားလုံးဟာ ချောကလက်မြို့ တော်က ရေးသားတင်ခဲ့ပြီးသော ဇာတ်လမ်းတွေချည်းပဲဆိုတာ သိကြမှာပါ... လွမ်း ချောကလက်မြို့ တော်မှာ တင်ခဲ့သော Blog Post ၁၀၀-ကျော်ရှိပြီးမှ ချောကလက်မြို့ တော်ကို မြို့ စားလေးက ဖျက်သိမ်းသွားခဲ့ပါတယ်...
ချောကလက်မြို့ တော်ဖျက်သိမ်းတော့မယ်ဆိုတာ သိနေတဲ့အတွက် လွမ်းရဲ့ ရေးသားပြီး ဇာတ်လမ်းတွေကို လွမ်းရဲ့ကိုယ်ပိုင် Site ဖြစ်တဲ့ http://www.shiroi-yume.com ကို ပြောင်းထားခဲ့ပါတယ်…
ရေးသောဇာတ်လမ်းတွေမှာ ချောကလက်မြို့ တော်နေရာတွင် MM Flash Songs ဟု ပြောင်းလဲ ရေးသားတင်ခဲ့တာပါ… ဒါကြောင့် လွမ်းဇာတ်လမ်းတွေထဲမှာ မောင်၊ ကိုကို၊ ကိုယ်…စသည်တို့ မှာ MM Flash Songs တွင်ရှိသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ခြင်း မဟုတ်ကြောင်း အသိပေးချင်ပါတယ်…


သတင်းထောက်။ ။ ဒါဆို လွမ်းရေးတဲ့ဇာတ်လမ်းတွေက တကယ်မဟုတ်ဘူးပေါ့…

လွမ်း။ ။ လွမ်းက စာရေးရင် တကယ့်အဖြစ်အပျက်ဇာတ်လမ်းပေါ် အခြေခံပြီး ကိုယ်တိုင်ခံစားရေးထားတာပါ... လွမ်းဇာတ်လမ်းတွေက တကယ့်အဖြစ်အပျက်တွေပေါ်မှာ စိတ်ကူးပုံဖော်ရေးတာ များပါတယ်... အရင်က အွန်လိုင်းအချစ်ဇာတ်လမ်းတွေ ရေးတာ များခဲ့ပေမဲ့ နောက်ပိုင်း အိမ်ထောင်ရေးဇာတ်လမ်း၊ ပညာပေးဇာတ်လမ်းတွေ ပြောင်းရေးပါတယ်... ခုနောက်ပိုင်းတော့ နည်းပညာတွေ ရေးတာကိုပဲ ပိုအားသန်လာပါတယ်...


သတင်းထောက်။ ။ လွမ်းရေးခဲ့တဲ့ ဇာတ်လမ်းလေးတွေနဲ့  ပတ်သက်ပြီး ရှင်းပြပေးပါလား...

လွမ်း။ ။ တစ်ဖက်သတ်အချစ်...ဇာတ်လမ်းမှာ ကိုကို..ဆိုတဲ့သူတစ်ယောက်အပေါ် ချစ်မိတာကို ရေးထားပါတယ်... ဒီဇာတ်လမ်းလေးက လွမ်းရေးထားတာ တော်တော်ကြာပါပြီ... ၅၃ Site မှာ ကတည်းက ရေးထားတဲ့ ဇာတ်လမ်းပါ... Site နာမည်ကို ပြောင်းပြောင်းထည့်ရေးသွားတော့ လွမ်းအပေါ် အထင်လွဲခံရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ...
တိတ်တိတ်လေးပဲ ချစ်သွားမယ်သားကောင်ဖြစ်သွားသော မုဆိုး ဆိုတဲ့ဇာတ်လမ်းတွေက ချောကလက်မြို့ တော်မှာ ရှိနေစဉ်က ရေးခဲ့တဲ့ ဇာတ်လမ်းလေးပါ… ဇာတ်လမ်းထဲမှာ ပါတဲ့သူက MM Flash Songs မှာ မရှိပါဘူး…
အွန်လိုင်းမှာတွေ့ သောသူအား အပြင်မှာ တွေ့ ဆုံခြင်း… ဇာတ်လမ်းက ချောကလက်မြို့ တော်မှာ ရေးခဲ့တဲ့ဇာတ်လမ်းပါပဲ… လွမ်း သူငယ်ချင်းတစ်ယောက်က အင်တာနက်ဆိုင်ကို ဘုန်းကြီးက လာသုံးနေတာတွေ့ တယ်လို့  ပြောတာနဲ့  စိတ်ကူးရပြီး ရေးထားတဲ့ဇာတ်လမ်းလေးပါ… ရီစရာအဖြစ် ဖန်တီးရေးထားတာပါ…
ရင်ခုန်ခဲ့ရ ၀မ်းအာဝါ..ဆိုတဲ့ဇာတ်လမ်းလေးကလည်း လွမ်းသူငယ်ချင်း အင်တာနက်ဆိုင်ကို သွားသုံးခဲ့ဖူးတုန်းက စိတ်ကူးရပြီး ရေးထားတဲ့ ရီစရာဇာတ်လမ်းပါ… ၅၃ Site မှာ ကတည်းက ရေးထားတာပါ…
လွမ်း ၂၀၀၉-ခုနှစ်မှာ ၅၃ Site မှာ အမျိုးသမီး ၀တ္ထုတိုဆု ရခဲ့ပါတယ်…
MM Flash Songs ကို ၂၀၁၁-ခုနှစ်မှ ၀င်လာပြီး တင်ထားတဲ့ဇာတ်လမ်းတွေဟာ လွမ်းအရင်ကတည်းက ရေးထားတဲ့ဇာတ်လမ်းတွေဖြစ်ကြောင်း ရှင်းပြတာပါ…
လွမ်းကဗျာမှာ တွဲဖက်ရေးသားသူများဟာ လွမ်းရဲ့ စာပေမောင်နှမတွေပါ... ချစ်သူများ မဟုတ်ပါ...


သတင်းထောက်။ ။ စိတ်ဝင်စားစရာတော့ ကောင်းသားဗျ… ဆက်ပြောပြပါအုန်း

လွမ်း။ ။ MM Flash Songs ကို လွမ်းဝင်ရောက်တဲ့အချိန်မှာ ကိုငြိမ်းက လွမ်းကို အက်မင်ခန့် အပ်ပါတယ်…
MM Flash Songs မှာ မိသားစုဝင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အသွားအလာနည်းတဲ့အတွက် လွမ်းက အိမ်များကို လိုက်လည်ပြီး Comment ပေးတဲ့ နည်းပညာတွေ တင်ပေးပါတယ်…
အားလုံးသိကြတဲ့အတိုင်းပါပဲ… လွမ်းဟာ Comment လှလှလေးတွေရရင် ပျော်နေတတ်သူပါ… လွမ်းကလဲ သူငယ်ချင်းတွေကို Comment ပေးရင် လှမယ်ထင်တာလေးတွေ ရွေးပြီး ပေးတတ်ပါတယ်… လွမ်းဆီ လာပေးတဲ့ Comment ကိုဖတ်ပြီး Reply လုပ်တဲ့အခါ လိုက်ဖက်မဲ့ ပုံတွေရှာပေးရတာ ပညာပါပါတယ်...
ဒီနေ့ အထိ လွမ်း Comment ပေးသောသူများနှင့် မည်သို့ သောအဆက်အသွယ်မရှိပါ... လွမ်းက စုံတွဲပုံလေးတွေ၊ ကလေးစုံတွဲပုံလေးတွေ ပို့ တတ်ပါတယ်... ပို့ သောသူအပေါ် မည်သို့ သော အဓိပ္ပါယ်နှင့်မျှ ပို့ ခြင်းမဟုတ်ပါ...

သတင်းထောက်။ ။ Comment များနဲ့ ပေါက်ကွဲခြင်း ...ဆိုတဲ့ အကြောင်းလေးလည်း သိချင်ပါသေးတယ်...

လွမ်း။ ။ Comment များနဲ့  ပေါက်ကွဲခြင်း ဆိုတာ လွမ်း ချောကလက်မြို့ တော်မှာတုန်းက ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါ... အမှတ်တရ ပြန်တင်တာပါ... ပုံတွေကို ကြည့်ရင် MM Flash Songs မှာ လွမ်း ဒီလိုပုံတွေ ဘယ်သူနဲ့ မှ အပြန်အလှန်ပို့ ထားတာ မရှိပါဘူး...


သတင်းထောက်။ ။ လွမ်း..အထင်မှားခံရတာ တော်တော်လေးတော့ ရှင်းသွားပါပြီ... Flash Song လုပ်ဖြစ်သွားတဲ့ အကြောင်းလေးလည်း ရှင်းပြပေးပါ...

လွမ်း။ ။ MM Flash Songs ရောက်တော့ လွမ်း အက်မင်တွေအားလုံးနဲ့  အဆက်အသွယ်ရှိပါတယ်… Double Tun ထံမှ Flash Song နည်းပညာလေ့လာသင်ကြားခွင့် ရခဲ့ပါတယ်…


သတင်းထောက်။ ။ လွမ်း ဘာများ ထပ်ပြောချင်ပါသေးလဲ...

လွမ်း။ ။ လွမ်း သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကအကြောင်းက လွမ်းရေးတဲ့စာတွေအပေါ် အထင်လွဲမှားမှာစိုးလို့  လွမ်းအကြောင်း သိစေချင်လို့  လုပ်ရတာပါ…
လွမ်းဟာ Flash Song လေးတွေနဲ့  နည်းပညာတွေ ရေးတင်နေတဲ့ စာရေးသူတစ်ဦးပါ... လွမ်းရေးသောဇာတ်လမ်းများမှ ဇာတ်ကောင်များဟာ MM Flash Songs မှ တစ်ဦးတစ်ယောက်နဲ့  မျှ မသက်ဆိုင်ဘူးဆိုတာကို ပြောပြချင်ပါတယ်...

သူငယ်ချင်းများအားလုံး သံသယကင်းပြီး လွမ်းကို နားလည်နိုင်ကြပါစေ...






လွမ်းဧကရီ
ည ၆း၀၀ နာရိ
၀၈-၀၄-၂၀၁၂

No comments: