Saturday, May 5, 2012

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း (၁)

ပြည်ပခရီးသွားမှတ်တမ်း
အပိုင်း (၁)

နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇-ရက်နေ့က MAI နဲ့ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ပါတယ်…
လွမ်းတို့စီးမဲ့ MAI ကို ဓာတ်ပုံ လှမ်းရိုက်ထားတာပါ…
 
မြန်မာနိုင်ငံနဲ့  ထိုင်းနိုင်ငံက လေယာဉ်စီးချိန် တစ်နာရီခန့် သာ ကြာမြင့်ပါတယ်...

အချိန်ကွာခြားချက်က နာရီဝက်ဖြစ်ပါတယ်... လွမ်းတို့  လေယာဉ် နံနက် ၉-နာရီက ထွက်ခဲ့တာ မြန်မာစံတော်ချိန် ၁၀-နာရီမှာ ရောက်ပေမဲ့ ထိုင်းနိုင်ငံအချိန်က ၁၀-နာရီခွဲပါ...


 လေဆိပ်ထဲအ၀င် မြင်ကွင်းလေးကို ရိုက်ထားတာပါ...

 

လေဆိပ်က အထွက်မှာ မြင်ရတဲ့မြင်ကွင်းပါ...


လေဆိပ်ကနေ တည်းခိုမဲ့ တိုက်ခန်းအသွား လမ်းတစ်လျှောက်မှာ မြင့်မားတဲ့တိုက်များနဲ့  ကြော်ငြာဆိုင်းဘုတ်ကြီးများကို မြင်တွေ့ ရပါတယ်...



လွမ်းတို့ တွေ တည်းခိုခန်းမှာ ပစ္စည်းတွေ နေရာချပြီးတာနဲ့  နေ့ လည်စာစားဖို့  Terminal 21 ကို ထွက်ခဲ့ပါတယ်...

တည်းတဲ့နေရာနဲ့  နီးတဲ့အတွက် လမ်းလျှောက်သွားကြတာပါ...


တစ်ထပ်ကို နိုင်ငံတစ်ခုပုံစံမျိုးပြုလုပ်ထားပြီး စားသောက်ဆိုင်များရှိတဲ့ လေးထပ်ကို San Francisco City ပုံမျိုး ပြုလုပ်ထားပါတယ်... ကျော်ကြားတဲ့ Golden Gate Bridge ပုံစံကို အထပ်အလယ်မှာ ပြုလုပ်ထားပါတယ်... နောက်ခံထားပြီး ဓါတ်ပုံရိုက်သူများပါတယ်...



စားသောက်ဆိုင်မှာ မှာယူရန်အတွက် တိုကင်ကဒ်များကို တန်းစီယူရပါတယ်... 100 Baht, 200 Baht စသဖြင့် မိမိမှာယူစားသောက်မဲ့ အစားအသောက်တန်ဖိုးအလိုက် ၀ယ်ယူထားရပါတယ်...

စားသောက်ဆိုင်တန်းထဲမှာ မိမိနှစ်သက်ရာအစားအသောက်တွေကို တိုကင်ကဒ်ပေး ၀ယ်ယူရပါတယ်...


စားသောက်ပြီးလို့  ပိုတဲ့ငွေကို တိုကင်ကဒ်ပြန်ပေးပြီး ပြန်ထုတ်ယူလို့  ရပါတယ်...
ဒါကတော့ တိုကင်ကဒ်လေးပါ...


Terminal 21 အတွင်း လှပသောမြင်ကွင်းလေးတွေကို ရိုက်ထားတာပါ...


Bangkok မြို့ လယ်မြင်ကွင်းဟာ ကားများ ဆိုင်ကယ်များနဲ့  ပြည့်ညှပ်ရှုတ်ထွေးနေပြီး မီးပွိုင့်အချိန်အကူးအပြောင်းကလည်း အရမ်းကြာပါတယ်...

Bangkok မှာ အလုပ်လုပ်နေသူများဟာ ဆိုင်ကယ် ကယ်ရီယာ (Motorcycle Carrier) များကို အသုံးပြုသူများပြားပါတယ်...

Taxi နဲ့ သွားရင် မီးပွိုင့်မိတာနဲ့  မီတာက တက်နေတာပါ... အလုပ်တက်ဆင်းချိန် အချိန်ပိုကြာပါတယ်...

ညပိုင်း Taxi နဲ့  ပြန်ရင်တော့ မီတာနဲ့  မလိုက်ချင်ပဲ ပုတ်ပြတ်ဈေးတောင်းတတ်ပါတယ်...

လူများများနဲ့  သွားရင်တော့ Taxi စီးရတာက ပိုတန်ပါတယ်...

Singapore နိုင်ငံလိုပဲ 7 Eleven ဆိုင်များကို နေရာအနှံ့ အပြားမှာ တွေ့ နိုင်ပါတယ်...

Phone Card ပြုလုပ်ရန် 7 Eleven ဆိုင်ကို အားကိုးရပါတယ်... Sim Card 100-Baht ပေးရပြီး Top Up Card ကိုတော့ မိမိအသုံးပြုချင်သလောက် 100-Baht ကနေ စပြီး ကြိုက်သလောက်ပေးဝယ်လို့  ရပါတယ်...

Bangkok မှ လူအများစုက အင်္ဂလိပ်လိုပြောတာကို နားမလည်သလို သူတို့ ကိုယ်တိုင် ထိုင်းဘာသာနဲ့ ပဲ ပြောဆိုတဲ့အတွက် ဆိုင်မှာ အစားအသောက်မှာယူစားသောက်ရာမှာ ထိုင်းဘာသာပြောတတ်တဲ့သူပါမှ အဆင်ပြေပါတယ်...

ဆိုင်များနဲ့  အဆောက်အဦတွေတော်တော်များများဟာ ထိုင်းဘာသာဖြင့် ရေးထားတာများပါတယ်...

ထိုင်းဘုရင်မင်းမြတ်ပုံများကို အဆောက်အဦများ၊ မုဒ်ဦးများ၊ ကျောင်းများမှာ တပ်ဆင်ထားတာကို တွေ့ ရပါတယ်...

Hotel များရဲ့ အ၀င်ဝဘေးမှာ နတ်ဘုရားပုံတော်များထားရှိပူဇော်ထားတာကို တွေ့ ရပါတယ်...
အပိုင်း(၂)ကို ဆက်လက်တင်ပြသွားပါမယ်...




လွမ်းဧကရီ
၀၅-၀၅-၂၀၁၂
နေ့ လည် ၁၂း၃၀ နာရီ

No comments: