Thursday, May 3, 2012

ကောင်မလေး မင်းကို ငါသနားတယ်…


ကောင်မလေး မင်းကို ငါသနားတယ်…


ကောင်မလေး မင်းကို ငါသနားတယ်…

ကောင်မလေး မင်းက ငါ့ကို Gmail တောင်းပြီး လာ Add တယ်…

ကောင်မလေး မင်းက ငါတတ်ထားတဲ့ ပညာတွေကို လာမေးတယ်…

ကောင်မလေး…မင်းသိချင်တာ မှန်သမျှကို ငါ ရှင်းပြခဲ့ပါတယ်…

ကောင်မလေးက တစ်ဆင့်တက်ပြီး ကိုယ်ရေးကိုယ်တာတွေ လာမေးတယ်…

ကောင်မလေးကို ငါဖြေနိုင်တာပဲ ဖြေခဲ့ပါတယ်…

ကောင်မလေးက ငါ Online ရောက်တတ်တဲ့အချိန်ဆို ဝင်လာပြီး ငါ့ကို စကားလာပြောတယ်…

ကောင်မလေးပြောသမျှ ငါ နားထောင်ပေးခဲ့ပါတယ်…

ကောင်မလေးက တစ်ဆင့်တက်ပြီး ငါ့ကို ဘယ်လောက်တန်ဖိုးထားကြောင်း ငါ့ကို ဘယ်လောက် သံယောဇဉ်ရှိကြောင်း လာပြောတယ်…

ကောင်မလေးကို ငါ ခင်တယ်ဆိုတာကလွဲလို့ အပိုမပြောခဲ့ပါဘူး…

ကောင်မလေးက ငါ့နဲ့ အထင်လွဲအောင် လူတကာကို လိုက်ပြောနေမှန်း ငါ ပြန်ကြားခဲ့ပါတယ်…

ကောင်မလေး ငါနဲ့ ချစ်နေသယောင်ယောင်၊ လူတကာ အထင်မှားအောင် နေနေမှန်း ငါ သိခဲ့ပါတယ်…

ကောင်မလေး မင်း မသိသေးတဲ့အကြောင်းက ငါ့မှာ ငါ့အသက်ထက် တန်ဖိုးထားတဲ့ ချစ်သူ ရှိနေတယ်ဆိုတာပဲ…

ကောင်မလေး မင်း မသိသေးတာက ငါဟာ ငါ့ချစ်သူကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာပဲ…

ကောင်မလေး မင်း မသိသေးတာက ငါဟာ မင်းထက် ဉာဏ်ပညာရှိတယ်… အသိဉာဏ်ရှိတယ် ဆိုတာပဲ…

ကောင်မလေး မင်း မသိသေးတာက မင်းရေးသမျှ ငါ့ချစ်သူကို ပေးဖတ်တယ် ဆိုတာပဲ…

ဒါကြောင့် ကောင်မလေး မင်းကို ငါသနားတယ်…



မှတ်ချက်။ ။ Online အချစ်ဆိုတာ ဒီလိုလေးရှိတတ်ပါလားလို့ မိန်းခလေးတွေ သိထားအောင်လို့ပါ။




လွမ်းဧကရီ
၁၀-၀၄-၂၀၁၂
ညနေ ၅:၂၀ နာရီ

No comments: