Friday, May 11, 2012

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း(၃)

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း(၃)
 

ဧပြီလ (၁၉) ရက်နေ့ မှာတော့ လွမ်းတို့ တွေ Ayutthaya City ကို အလည်အပတ်သွားရောက်ခဲ့ပါတယ်...
 
ပထမဆုံး Floating Market ကို လိုက်ပို့ ပေးပါတယ်...
 
Floating Market ဆိုတာ ရေပေါ်မှာ ဆိုင်တွေဆောက်ပြီး ထိုင်းနိုင်ငံရဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချတာကို တွေ့ ရပါတယ်... 

 
Floating Market ပတ်လည်ကို မော်တော်ဖြင့် လှည့်လည်ကြည့်ရှုနိုင်စေရန် စီစဉ်ထားရှိတာကိုလည်း တွေ့ ရပါတယ်...

  

Floating Market ကို လာရောက်သူများကို ပြဇာတ်ဖြင့် ကပြဖြေဖျော်တာကိုလည်း တွေ့ ခဲ့ရပါတယ်...
ပြဇာတ်အပြီး ပြဇာတ်မှ ပါဝင်သူများနှင့် တွဲ၍ ဓါတ်ပုံအရိုက်ခံတာကိုလည်း တွေ့ ခဲ့ရပါတယ်... 

Floating Market မှာပဲ လွမ်းတို့ တွေ ထမင်းစားကြပါတယ်...
ရေပေါ်မှာပဲ စားသောက်ဆိုင် ပြုလုပ်ထားပါတယ်...
အစားအသောက်များကို လှေများပေါ်တွင် ပြင်ဆင်ရောင်းချပြီး မိမိမှာလိုသောအစားအစာများ မှာယူရပါတယ်...
 
လွမ်းတို့ မှာစားသောအစားအစာများကို ဓါတ်ပုံရိုက်ထားတာပါ...
 






နေ့ လည်စာစားပြီး Ayutthaya မြို့ ရဲ့ နာမည်ကြီး ဘုရားကို လိုက်ပို့ ပေးပါတယ်...
 
ဘုရားက ဥာဏ်တော်အမြင့်ကြီးနဲ့  သပ္ပါယ်ပါတယ်... ဘုရားကို ဘေးတိုက်ဖူးတွေ့ ရပုံပါ...

 

 
ဘုရားရဲ့အနောက်ဖက်မှာ ကြောင်လိမ်လှေကားကို မြင်တွေ့ ခဲ့ရပါတယ်...
ဘုရားကို တက်ရောက်သန့် စင်နိုင်ရန် အသုံးပြုသည်ဟု ထင်ပါသည်...
ရွှေတိဂုံဘုရားရှိ ဆုတောင်းပြည့်ဘုရားအနောက်ဖက်တွင်လည်း ဤကဲ့သို့  လှေကားတပ်ဆင်ထားလျှင် ကောင်းမည်ဟု လွမ်း တွေးမိပါတယ်...


ဘုရားရဲ့ မျက်နှာတော်ကို အနီးကပ်ဖူးတွေ့ ရတဲ့ပုံပါ...

  

ဘုရားကြီး၏ အပြင်ဖက်တွင်ရှိသော ဘုရားများပုံပါ...




ခေါင်းလောင်းများကိုလည်း ဤကဲ့သို့  ချိတ်ဆွဲထားတာကိုလည်း မြင်တွေ့ ခဲ့ရပါတယ်...
 




ဆက်လက်ဖော်ပြပါဦးမယ်...
 
သူငယ်ချင်းများ ရွှင်လန်းချမ်းမြေ့ကြပါစေ...


 

လွမ်းဧကရီ
၁၁-၀၅-၂၀၁၂
ည ၉း၀၇ နာရီတွင် စာရေးပြီးပါသည်။
 

No comments: