Thursday, May 3, 2012

မျှော်လင့်နေမယ်

မျှော်လင့်နေမယ်


ချစ်သူ…အဝေးကချစ်သူကို ချစ်သူအဖြစ် လက်ခံလိုက်ကတည်းက လွမ်းနေရမယ်ဆိုတာ သိနေပါတယ်…

ချစ်သူ… ဘဝမှာ အတူလက်တွဲနေနိုင်ဘို့ နှစ်ယောက်လုံး ကြိုးစားကြမယ်နော်…

ချစ်သူ… အဝေးက ကောင်းကင်ကြီးမှာကြည့်ရင် အလွမ်းတွေ ပြည့်နေတာကို တွေ့ရမှာပါ…ဒါပေမဲ့ နီးဘို့ ခွဲနေရတာမို့ ဖြေသိမ့်နေပါ့မယ်…

ချစ်သူ… ရင်ထဲမှာ အလွမ်းတွေနဲ့ ငိုခဲ့ရရင်တောင် ခဏတာလေးပဲ ဖြစ်ချင်ပါတယ်…

ချစ်သူ… ချစ်သူ့စကားတွေနဲ့ ရင်ထဲ သာယာချမ်းမြေ့ရတယ်ဆိုတာ သိစေချင်ပါတယ်…

ချစ်သူ… အချစ်ရေးမှာ ဘယ်သူတွေဖျက်ဖျက် မပျက်ကြေးကတိကို ခိုင်မြဲစွာ တည်နေပါ့မယ်…

ချစ်သူ… ချစ်သူကို ယုံကြည်မှုအပြည့်နဲ့ သစ္စာရှိစွာ စောင့်နေပါ့မယ်…

ချစ်သူ… အချိန်တန် အိမ်ပြန်လာရင် ရင်ခွင်တံခါးဖွင့်လို့ စောင့်ကြိုနေပါ့မယ်…

ချစ်သူ… လူ့ဘဝက မျှော်လင့်ချက်ရှိမှ အဓိပ္ပါယ်ရှိတာဆိုတော့ ချစ်သူပြန်လာမဲ့နေ့ကို မျှော်လင့်ရင်း ဘဝမှာ ရှင်သန်နေအောင် ကြိုးစားနေပါ့မယ်…





သီချင်းကို ခံစားရေးဖွဲ့ပါသည်။






လွမ်းဧကရီ

၃၀-၀၄-၂၀၁၂

စာရေးပြီးချိန် ၁၁:၄၀ နာရီ

No comments: