Friday, May 27, 2011

ကွန်ပျူတာအခြေခံ အပိုင်း(၁)


ကွန်ပျူတာအခြေခံ အပိုင်း(၁)


ဒီတစ်ခါတော့ ကွန်ပျူတာမှာ အခြေခံသိသင့်တဲ့အချက်လေးက စပြီး သင်တန်းသဘောမျိုးလေး လွမ်း… ပို့ချသွားပါမယ်…

ကွန်ပျူတာကို စတင်လေ့လာသူများအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်…

ခုဆိုရင် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများပါ ကွန်ပျူတာကို အသုံးပြုနေပြီဖြစ်တဲ့အတွက် ကွန်ပျူတာကို သုံးစွဲတတ်ရင် အကျိုးများစွာရှိမှာ ဖြစ်ပါတယ်…

ကွန်ပျူတာကို သုံးစွဲသူတိုင်းကလည်း ကွန်ပျူတာရဲ့ အခြေခံအချက်အလက်၊ ကွန်ပျူတာ အခေါ်အဝေါ်များကို သိထားသင့်ပါတယ်…

ကွန်ပျူတာဟာ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းအတွက် မဖြစ်မနေ အသုံးပြုရန် လိုအပ်တဲ့အတွက် ကွန်ပျူတာကို သုံးတတ်အောင် လေ့လာသင်ကြားထားသင့်ပါတယ်…

ယခုအခါ တေးဂီတပညာရှင်များပါ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်အောင် လေ့လာသုံးစွဲနေကြပြီ ဖြစ်ပါတယ်…




A typical computer system consists of several parts. These are computer case, monitor, keyboard, mouse, printer and modem.

ကွန်ပျူတာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်… အဓိက ပါဝင်တာကတော့ Computer Case, Monitor, Keyboard, Mouse, Printer နဲ့ Modem တို့ပဲ ဖြစ်ပါတယ်…



Computer Case – A computer case contains most of the major components of a computer system.
ကွန်ပျူတာ Casing မှာ အဓိက အစိတ်အပိုင်းများကို တပ်ဆင်ထားပါတယ်…
Casing မှာ ၂-မျိုး ရှိပါတယ်…
Desktop Casing နဲ့
Tower Casing ပါ…



Monitor – A monitor is a device that displays text and images generated by the computer.
Monitor ကတော့ စာတွေ၊ ပုံတွေ မြင်ရအောင် လုပ်ပေးထားတဲ့ ကိရိယာပါ…



Keyboard – A keyboard is a device that lets you type information and instructions into a computer.

Keyboard ကတော့ ကွန်ပျူတာထဲကို အချက်အလက်များ၊ ညွှန်ကြားချက်တွေကို ထည့်ပေးနိုင်တဲ့ ကိရိယာပါပဲ…



Mouse – A mouse is a handheld device that lets you select and move items on the screen.

Mouse ကတော့ မိမိရွေးချယ်လိုတဲ့အရာ၊ ရွှေ့ပြောင်းလိုတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ လက်ကိုင်ကိရိယာလေးပါ…



Printer – A printer is a device that produces a paper copy of documents you create on the computer.

Printer ကတော့ ကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို စာရွက်နဲ့ ထုတ်နိုင်တဲ့ ကိရိယာပါ…



Modem – A modem is a device that lets computers communicate through telephone lines. A modem can be found outside or inside the computer case.

Modem ကတော့ ဖုန်းလိုင်းမှတစ်ဆင့် ကွန်ပျူတာအချင်းချင်း ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကိရိယာပါ,.. Modem ကို အပြင်ဘက် (သို့မဟုတ်) ကွန်ပျူတာ Casing အတွင်းမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်…


What is called Hardware and Software?
Hardware and Software are the two basic parts of a computer system.
ကွန်ပျူတာမှာ Hardware နဲ့ Software ဆိုပြီး ၂-မျိုး ရှိပါတယ်…



Hardware is any part of a computer system you can see or touch.
Hardware ဆိုတာ ကွန်ပျူတာကို မြင်နိုင်ပြီး ထိတွေ့နိုင်တဲ့အရာမှန်သမျှကို Hardware လို့ ခေါ်ပါတယ်… ဒါကြောင့် Computer Case, Monitor, Keyboard နဲ့ Mouse တို့ဟာ Hardware ပဲ ဖြစ်ပါတယ်…



Software is a set of electronic instructions that tell a computer what to do. You cannot see or touch software.
Software ဆိုတာကတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ကွန်ပျူတာကို ခိုင်းစေနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ထိတွေ့လို့ မရနိုင်ပါဘူး…


Software is divided into two kinds of software. These are Application Software and Operating System Software.
Software ကို Application Software နဲ့ Operating System Software ဆိုပြီး ၂-မျိုး ခွဲထားပါတယ်…


Application Software allows you to accomplish specific task. Popular application software includes Microsoft Word, PhotoShop & AutoCAD.
Application Software ဆိုတာက မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ရုံးလုပ်ငန်းလုပ်တဲ့သူတွေအတွက် စာစီစာရိုက်လုပ်နိုင်တဲ့ Microsoft Word, PageMaker ၊ အစည်းအဝေးတွေမှာ Slide show လုပ်ပြီး Presentation လုပ်ဆောင်နိုင်တဲ့ Microsoft PowerPoint ၊ အချက်အလက်များ ထည့်သွင်းသိမ်းဆည်းထားနိုင်တဲ့ Microsoft Access ၊ စာရင်းဇယားများ တွက်ချက်ထည့်သွင်းနိုင်တဲ့ Microsoft Excel ၊ ဒီဇိုင်းများ၊ ရုပ်ပုံများကို ပြင်ဆင်နိုင်တဲ့ Photoshop ၊ အခြေခံအင်ဂျင်နီယာပုံများ ဆွဲနိုင်တဲ့ AutoCAD ဆိုတာတွေဟာ Application Software လို့ ခေါ်ပါတယ်…



Operating System Software controls the overall activity of a computer. Most new computers come with the Windows XP, Vista & Windows 7.
Operating Software ဆိုတာကတော့ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့ အရာပါပဲ… ကွန်ပျူတာတစ်ခုမှာ Operating System Software ဟာ မရှိမဖြစ် လိုအပ်တာပါ… အခုနောက်ပိုင်း ကွန်ပျူတာမှာ တင်ထားတတ်တဲ့ Window XP, Vista နဲ့ Windows 7 ဆိုတာတွေဟာ Operating System Software ပါ…



How Computers Work
ကွန်ပျူတာအလုပ်လုပ်ပုံ



A computer collects processes, stores and outputs information.
ကွန်ပျူတာဆိုတာ အချက်အလက်များ စုဆောင်းသိမ်းဆည်းခြင်းနဲ့ အချက်အလက်များကို ပြန်လည်ထုတ်ပေးနိုင်တဲ့ ကိရိယာပါ…


Input
An input device lets you communicate with a computer. You can use input devices to enter information and issue commands. A keyboard, mouse and joystick are input devices.
ကွန်ပျူတာထဲကို အချက်အလက်ထည့်ပေးနိုင်တဲ့ Keyboard ၊ အမိန့်ပေးတာတွေကို ကူးယူရွှေ့ပြောင်းနိုင်တဲ့ Mouse ၊ Game ကစားရာတွင် အသုံးပြုတဲ့ Joystick တို့ကို Input Device လို့ ခေါ်ပါတယ်…


Process
The Central Processing Unit (CPU) is the main chip in a computer. The CPU processes instructions, performs calculations manages the flow of information through a computer system. The CPU communicates with input, output and storage devices to perform tasks.
ကွန်ပျူတာမှာ အဓိက ထိန်းချုပ်ထားတဲ့အရာကတော့ CPU ပါ… Central Processing Unit ပါ… ကွန်ပျူတာတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးထားတဲ့ အရာပါ…



Store
A storage device reads and records information on storage media. The computer uses information stored on the storage media to perform tasks. Popular examples of storage devices include a hard drive, floppy drive, CD-Recordable drive and tape drive.
ကွန်ပျူတာရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးထားတဲ့ ကိရိယာကတော့ Hard Drive လို့ ခေါ်တဲ့ Harddisk ပါ… များသောအားဖြင့် Hard Drive C အဖြစ် သိကြမှာပါ… အရင်က Floppy drive, Tape drive တို့ကို သုံးပေမဲ့ အခု မသုံးတော့သလောက်ပါပဲ… ခုချိန်မှာ Memory Stick, CD-R, CD-RW, DVD Drive တို့ကို သုံးလာကြပါပြီ…


Output
An output device lets a computer communicate with you. These devices display information on a screen, create printed copies or generate sound. A monitor, printer and speakers are output devices.
အချက်အလက်တွေ၊ ပုံတွေကို မြင်ရတဲ့ Monitor ၊ အသံတွေကို နားထောင်လို့ရတဲ့ Speakers, Microphone ၊ စာရွက်နဲ့ ထုတ်မြင်ရတဲ့ Printer စတာတွေဟာ Output Device တွေပဲ ဖြစ်ပါတယ်…


Bytes
Bytes are used to measure the amount of information a device can store.
Byte ဆိုတာ မိမိသိမ်းဆည်းလိုက်တဲ့ ကွန်ပျူတာအချက်အလက်က Size ဘယ်လောက်လဲ ဆိုတာ တိုင်းတာတဲ့စနစ်ပါ… ကိုယ်သိမ်းဆည်းလိုက်တဲ့ စာက ဘယ်လောက် KB ရှိတယ်၊ သီချင်းက ဘယ်လောက် MB ရှိတယ်၊ ဓာတ်ပုံက ဘယ်လောက် MB ရှိတယ်ဆိုတာ ပြောတတ်ဖို့ လိုပါတယ်… တွက်တတ်ဖို့ လိုပါတယ်… ကိုယ့်ရဲ့ ကွန်ပျူတာ Harddisk က ဘယ်လောက် GB ရှိတယ်ဆိုတာ ပြောနိုင်ဖို့ လိုပါတယ်…

Byte
One byte is one character. A character can be a number, letter or symbol.
One byte consists of eight bits (binary digits). A bit is the smallest unit of information a computer can process.
One byte ဆိုတာ One character ပါ… နံပါတ်တစ်ခု၊ စာတစ်ခု (သို့မဟုတ်) သင်္ကေတတစ်ခု ဖြစ်နိုင်ပါတယ်…


Kilobyte (K)
One kilobyte is 1,024 characters. This is approximately equal to one page of double-spaced text.
1 Kilobyte = 1,024 Bytes = 103 Bytes (nearly)


Megabyte (MB)
One megabyte is 1,048,576 characters. This is approximately equal to one book.
1 Megabyte = 106 Bytes


Gigabyte (GB)
One gigabyte is 1,073,741,824 characters. This is approximately equal to a shelf of books in a library.
1 Gigabyte = 109 Bytes


Terabyte (TB)
One terabyte is 1,099,511,627,776 characters. This is approximately equal to an entire library of books.
1 Terabyte = 1012 Bytes

ကွန်ပျူတာနည်းပညာများ လေ့လာဆည်းပူးနိုင်ကြပါစေ… 
 





လွမ်းဧကရီ
၂၂-၀၁-၂၀၁၁
ည ၇:၅၀ နာရီ

No comments: