Tuesday, May 31, 2011

လွမ်း



လွမ်း



လွမ်း



မင်းကိုယ့်ကို…တစ်ချက်ကလေးတောင်


မလွမ်းဘူးလား။



ကိုယ့်မှာတော့..


အမှောင်ထဲမှာ..ရမ်းနေရပြီ။


(ခြင်ကိုက်လို့)







မန်းသူလေးရယ်…



ကိုလေ..မင်းရဲ့



ရွှေခြေကျင်းလေး..ဖြစ်လိုက်ချင်တယ်



စကားမစပ်..ဘယ်နှစ်ကျပ်သားရှိလဲ?



(ပေါင်မလို့)







ကြည့်…


စိတ်ဆိုးတာလား…?



မင်းနှုတ်ခမ်းစူမှာကို…



မိုးပြိုမှာထက်ကြောက်တယ်..



(မယုံနဲ့နော်..လျှောက်ပြောနေတာ)







လွမ်း..နာမည်က



ကဗျာစပ်လို့..အရမ်းကောင်းတယ်



ဂီတာတစ်လက်..ယူပြီး


ကာရံညှိကြည့်မယ်….။


“လွမ်း..ဂွမ်း..ဗြန်း”




ဟော..မကျေနပ်ဘူးဆိုပြီး



ခိုးနမ်းသွားပြန်ပြီ….



ရှက်လိုက်တာ..ငါးသုံးတစ်ဖွဲ့လုံးကြည့်နေကြတယ်


မျက်နှာဘယ်နားသွားထားရမလဲ?


(တဖက်လှည့်ပြီး..သွားဖြီးပြနေတာ)






 ရင်တွင်းအရမ်းဖြစ်တဲ့..လွမ်း



မောင်မျိုးမင်းနဲ့ ဘာတော်လဲဟင်?



ကိုမှားသွားရင်..တောင်းပန်ပါတယ်



ကိုယ့်အကြောင်း ထည့်ရေးပြီး..



လည်ပင်းအစ်အောင်တော့ မလုပ်နဲ့…



စိတ်ဆိုးလာရင်..ကိုက တအားညှစ်တတ်တယ်



(နွားနို့)






ဟင်း…



နို့ဗူးဖျော်တိုက်တာလည်း..မသောက်ဘူး



ဘာလဲ…စိတ်ကောက်တာလား?



ထိပ်ခေါက်လိုက်မှ…မငိုနဲ့



 “ဟီး”





ဪ..ကိုကြီးက ချစ်လို့စတာပါ


တိတ်…တိတ်



လာ..


လာ..


…ကလေးလေး…


စက်ဘီးအတူစီးပြီး…



လေနုအေးလေးသွေးတုန်း…


ကျုံးပတ်ကြစို့။




အနော်မာ

မှတ်ချက်။ ။ အနော်မာ … လွမ်းအတွက် ပထမဆုံး စပ်ပေးသောကဗျာလေးကို အမှတ်တရ ပြန်တင်ပါသည်။

No comments: