Tuesday, May 31, 2011

ဖြစ်သင့်ရဲ့လား


ဖြစ်သင့်ရဲ့လား

အပိုင်း(၁)


ကျွန်တော့်ဘ၀က ငယ်ငယ်လေးကတည်းကနေ ဆယ်တန်းအောင်တဲ့အထိ ချမ်းမြေ့သာယာတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ရတဲ့သူပါ…

တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် အဖိုး၊ အဖွားတွေက ချစ်သလို ဖေဖေနဲ့  မေမေကလည်း ကျွန်တော့်ကို ချစ်ကြပါတယ်…

ကျွန်တော် ပူဆာသမျှ ဖေဖေက ၀ယ်ပေးခဲ့သလို ကျွန်တော်စားချင်တာ၊ ကျွန်တော်ကြိုက်တဲ့ ဟင်းမှန်သမျှ မေမေက ချက်ကျွေးခဲ့ပါတယ်…

ဖေဖေက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ပြီး ၀င်ငွေကောင်းသလို မေမေကလည်း တစ်ဖက်တစ်လမ်းကနေ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီ တည်ထောင်ပြီး ၀င်ငွေရှာနေတဲ့သူပါ…

ကျွန်တော်တို့ ရဲ့ ချမ်းမြေ့သာယာတဲ့ မိသားစုဘ၀လေးကို ဖျက်ဆီးမဲ့ အကြီးမားဆုံးရန်သူဟာ ကျွန်တော်တို့ မိသားစုထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်…




အပိုင်း(၂)


ကျွန်တော်က ဆယ်တန်းကို တစ်ဘာသာဂုဏ်ထူးနဲ့  အောင်ပေမဲ့ အမှတ်ကောင်းတဲ့အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့ပါတယ်…

ကျွန်တော်တို့ ကျောင်းက ကွန်ပျူတာတက္ကသိုလ်ဆိုပေမဲ့ ကွန်ပျူတာကို လက်တွေ့ ကိုင်တွယ်ရတဲ့ အချိန်က နည်းပါတယ်… စာကိုသာ အဓိကထားသင်ကြားပါတယ်…

ဖေဖေက ကျွန်တော် ကျောင်းမှာ သုံးရအောင်ဆိုပြီး Laptop တစ်လုံး ၀ယ်ပေးပါတယ်…

အိမ်မှာလည်း Desktop Computer တစ်လုံးကို တပ်ဆင်ပေးပြီး အင်တာနက်ကိုပါ ချိတ်ဆက်ပေးထားပါတယ်…

ကျွန်တော်ကျောင်းတက်နေချိန်အတွင်းမှာ ဖေဖေက ကွန်ပျူတာကို သုံးတတ်အောင် လေ့လာပြီး အင်တာနက်ကို သုံးပါတယ်…

အင်တာနက်ကို သုံးရင်းနဲ့  ဖေဖေဟာ Internet ထဲက Family Game တစ်ခုကို တွေ့ ပြီး ကစားပါတယ်…

ဖေဖေကစားတဲ့ Game က SIM Game နဲ့  ပုံစံတူပါတယ်…

ကစားတဲ့သူဟာ အိမ်ဆောက်နိုင်ဖို့  ၀င်ငွေရှာရပါတယ်… အလုပ်ဆင်းရပါတယ်.. အလုပ်လုပ်ရာကနေ ရလာတဲ့ ၀င်ငွေပေါ် မူတည်ပြီး အိမ်ဆောက်ရပါတယ်… အိမ်မှာ ပစ္စည်းတွေ ၀ယ်ထည့်ပြီး အလှဆင်ရပါတယ်… အိမ်နီးနားချင်းတွေက လာလည်ပါတယ်… ဆက်ဆံရေးကောင်းတာကိုလည်း အမှတ်ပေးထားပါတယ်… မိန်းခလေးတစ်ယောက်ကိုလည်း ချစ်ရေးဆိုခွင့် ပေးထားပါတယ်…

အဲဒီလို ကစားနေရတာကို ဖေဖေဟာ ပျော်လာပါတယ်…

ဖေဖေက အပြင်လောကက အိမ်ဆောက်တာကို စိတ်ဝင်စားမှုမရှိတော့ပဲ Game ထဲမှာ အိမ်ဆောက်ပြီး Home Decoration လုပ်ရတာကို ပိုနှစ်သက်လာပါတယ်…

ကုမ္ပဏီအလုပ်ကို လက်အောက်ငယ်သားများနဲ့  လွှဲအပ်ပြီး ဖေဖေရဲ့ Game ကစားတဲ့အချိန်က တစ်နေ့ ထက်တစ်နေ့  ပိုလာပါတယ်…

ကျွန်တော်တို့ မိသားစုရဲ့ ရန်သူကတော့ ကျွန်တော့်ဖေဖေကို စတင်တိုက်ခိုက်နေပါပြီ…



အပိုင်း(၃)




ဖေဖေက သူ Game ကစားတာကို မေမေ့ကို လာကြည့်ခိုင်းပါတယ်…

သူ့ ရဲ့ Game ထဲက အမျိုးသမီးတွေက တခြားနိုင်ငံက အမျိုးသမီးတွေပါ… Game ထဲမှာ ကိုယ်နှစ်သက်တဲ့ အမျိုးသမီးကို ချစ်ရေးဆိုပြီး လက်ထပ်ခွင့်ရှိပါတယ်… အိမ်ထောင်ကျပြီး သားသမီးများမွေးလို့  ရပါတယ်… ကလေးထိန်းငှားလို့ ရပြီး အိမ်သန့် ရှင်းရေးအတွက် အလုပ်သမားငှားလို့  ရပါတယ်… ဒီလိုတွေ ငှားဖို့  အလုပ်ပိုလုပ်ရပါတယ်… အိမ်ကိုလည်း သူခိုး ၀င်ခိုးတတ်ပါတယ်… အိမ်ကို မီးလောင်တဲ့အခါမျိုးလည်း ရှိတတ်ပါတယ်… ဒီလိုတွေမဖြစ်အောင် အိမ်မှာ Alarm System တွေ တပ်ဆင်ရပါတယ်…

မေမေကလည်း ဖေဖေကစားတာကို ကြည့်ပြီး စိတ်ဝင်စားလာပါတယ်…

ဖေဖေဟာ မေမေ့အတွက်ပါ ကွန်ပျူတာတစ်လုံး ထပ်တပ်ဆင်ပြီး မေမေပါ Game ကစားတတ်လာပါတယ်…

မေမေက Game ထဲမှာ အမျိုးသမီးတစ်ဦးအဖြစ် ဖေဖေ့အိမ်ကို သွားလည်ပြီး ချစ်သူတွေ လုပ်ကြပါတယ်…

ဖေဖေနဲ့  မေမေဟာ Game ထဲမှာ တွေ့ ဆုံပြီး ပျော်နေကြပါတယ်…

ကျွန်တော်ကျောင်းက ပြန်လာရင် ကွန်ပျူတာတစ်ယောက်တစ်လုံးစီနဲ့  ကစားနေတဲ့ ဖေဖေနဲ့  မေမေကို တွေ့ ရတာပါပဲ…

ကျွန်တော်တို့ ရဲ့ မိသားစုအတွက် ရန်သူကတော့ မေမေ့ကိုပါ လွှမ်းမိုးအနိုင်ယူဖို့  ကြိုးစားနေပါပြီ…




အပိုင်း(၄)


ကျွန်တော်ကျောင်းက ပြန်လာလို့  ဗိုက်ဆာလိုက်တာ မေမေရာ လို့  အော်ရင်
မေမေက သားရေ… ဒီနေ့  မေမေ ဟင်းမချက်ဖြစ်လို့  ရှိတာလေးနဲ့ ပဲ စားလိုက်တော့နော် ဆိုပြီး Ready Made ၀ယ်ထားတဲ့ ဟင်းလျာများနဲ့  ဗိုက်ဖြည့်တင်းရတဲ့ ရက်တွေများလာပါတယ်…

မေမေက အရင်ကလို ကျွန်တော်ကြိုက်တတ်တဲ့ဟင်းတွေ ချက်ပေးဖို့  သတိမရတော့ပါဘူး…

ဖေဖေနဲ့ မေမေက ကျွန်တော်ကျောင်းက ပြန်လာရင် သားရော သား Laptop လေးနဲ့  ၀င်ကစားပါလား ဆိုပြီး ကစားခိုင်းပါတယ်…

ကျွန်တော်က ဖေဖေနဲ့ မေမေကို Game ထဲမှာပဲ စကားပြောရပါတယ်…

မိသားစုပျော်ရွှင်မှုကို Game ထဲမှာ မဖန်တီးချင်တဲ့ ကျွန်တော်က စာကျက်ရမှာကို အကြောင်းပြပြီး Game ထဲက ထွက်လိုက်ပါတယ်…

ရန်သူက ကျွန်တော့်ကို လွှမ်းမိုးတာကို မခံနိုင်ပါဘူး…



အပိုင်း(၅)


ကျွန်တော် တက္ကသိုလ်က အပြန် Myanmar Info-tech ကို ၀င်ပြီး ကျွန်တော်လေ့လာလိုတဲ့ ပညာရပ်ကို သင်ကြားဖို့  စုံစမ်းပြီး စာရင်းပေးခဲ့ပါတယ်…

ဖေဖေနဲ့ မေမေကို ညနေ ကျောင်းကအပြန် သင်တန်းတက်မယ်ဆိုတာ ပြောပြတော့ ခွင့်ပြုခဲ့ပါတယ်…

ကျွန်တော် ကျောင်းက အပြန် သင်တန်းတက်ပါတယ်…

ကျွန်တော် ဘွဲ့ ရတဲ့အချိန်မှာပဲ သင်တန်းကလဲ ပြီးဆုံးလို့  ကျွန်တော်ဟာ ကွန်ပျူတာကို တော်တော်လေးကို ကျွမ်းကျင်လာပါတယ်…

ကျွန်တော်ဟာ ကျွန်တော့်မိသားစုရဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို ဖျက်ဆီးနေတဲ့ ရန်သူကို စတင်တိုက်ခိုက်ဖို့  ကြိုးစားပါတယ်…

တစ်ရက်သောညနေမှာ ကျွန်တော်ရဲ့ ကြိုးပမ်းချက်ဟာ အောင်မြင်သွားပါတယ်…



အပိုင်း (၆)


ပျော်ရွှင်နေတဲ့ ခြေလှမ်းများနဲ့  ကျွန်တော်အိမ်ကို ပြန်လာပါတယ်…

ရန်သူကို တိုက်ခိုက်လို့  အောင်မြင်ရင် ကျွန်တော့်ဘ၀ဟာ အရင်လို ပျော်ရွှင်ချမ်းမြေ့မယ်လို့  ထင်ထားခဲ့တာပါ…

ကျွန်တော့်ဘ၀မှာ မမျှော်လင့်တဲ့ ဆုံးရှုံးမှုကြီးနဲ့  ရင်ဆိုင်ရမယ်လို့ လည်း လုံးဝ ထင်မထားခဲ့ပါဘူး…

ကျွန်တော် အိမ်ကို ၀င်လိုက်တာနဲ့  ကျွန်တော့်အတွက် စာတစ်စောင်ချန်ထားခဲ့ပြီး သေဆုံးနေတဲ့ ဖေဖေနဲ့  မေမေတို့ ကို တွေ့ လိုက် ရတာပါပဲ…

စာထဲမှာ ရေးထားတာက ဖေဖေနဲ့ မေမေတို့  ကစားနေတဲ့ Family ကမ္ဘာလေး ပျက်စီးသွားတယ် သား… ဖေဖေနဲ့  မေမေတို့  ပိုင်ဆိုင်ထားတာတွေ အားလုံးဆုံးရှုံးသွားပြီ ဖြစ်တဲ့အတွက် ဒီလောကကြီးကနေ စွန့် ခွာဖို့  ဆုံးဖြတ်လိုက်ပါတယ်… တဲ့

ခင်ဗျားတို့  ကျွန်တော့်အဖြစ်ကို ကြုံဖူးကြရဲ့လားဗျာ…

ကျွန်တော့်မိသားစု ပျော်ရွှင်နေတဲ့ဘ၀လေးကို ဖျက်ဆီးတဲ့ရန်သူဆိုတာ Family Internet Game ပါ…

ကျွန်တော်က အဲဒီ့ Game ကို ပျက်စီးသွားအောင် Virus ထည့်ပေးလိုက်တာ…

အရင်လို မိသားစုဘ၀လေးကို ပိုင်ဆိုင်ချင်လို့  Game ကို ကျွန်တော် ပျက်သွားအောင် လုပ်လိုက်တာပါဗျာ…

ခုတော့ ကျွန်တော့်ဘ၀ထဲကို ၀င်ပြီး ခံစားကြည့်ကြပါအုန်း…

ကျွန်တော့်လို အဖြစ်မျိုး ဘယ်သူမှ မကြုံကြပါစေနဲ့ လို့  ဆုတောင်းပေးလိုက်ပါတယ်…



လွမ်းဧကရီ
၂၆-၀၃-၂၀၁၁
နံနက် ၁း၃၅ နာရီ

No comments: