Friday, May 27, 2011

ကွန်ပျူတာအခြေခံ အပိုင်း(၅)

ကွန်ပျူတာအခြေခံ အပိုင်း(၅)


ဒီတစ်ခါတော့ မိမိကွန်ပြူတာလေးအကြောင်းကို ပြောနိုင်တဲ့နည်းလေး သင်ပေးပါမယ်…

မိမိအသုံးပြုနေတဲ့ ကွန်ပြူတာအကြောင်းလေးကို ပြောပြတတ်ဖို့ လိုပါတယ်…

ကွန်ပြူတာကို ဝယ်မယ်ဆိုရင်လည်း ဘယ်လိုအမျိုးအစားဝယ်ချင်တယ်ဆိုတာ ပြောပြနိုင်ရင် ပိုကောင်းပါတယ်…

လွမ်း ပထမဆုံး  Operating System Software ကို Windows XP တင်ထားတဲ့စက်ရဲ့ အကြောင်းလေး ပြောပြပါမယ်…

My Computer ဆိုတဲ့ Program Icon လေးကို Desktop မှာ မတင်ထားဘူးဆိုပါစို့…

Keyboard က Windows Key ကို နှိပ်ရင်ပဲဖြစ်ဖြစ်၊ Mouse နဲ့ Start ကို Click လုပ်ရင်ပဲဖြစ်ဖြစ် Start Menu မှ My Computer ကို Click လုပ်ပါ…



အဲဒီအခါမှာ အောက်မှာ ဖော်ပြတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်…

မိမိ Harddisk ရဲ့ အသေးစိတ်ကို တွေ့မြင်ရပါမယ်… ခုစက်မှာ 236GB ရှိတာကို တွေ့မြင်ရမှာပါ… အနီဝိုင်းပြထားတဲ့ View System Information ဆိုတာကို Click လုပ်ကြည့်လိုက်ပါ…




မိမိစက်အကြောင်းလေးကို တွေ့မြင်ရမှာဖြစ်ပါတယ်…

Operating System Software က Microsoft Windows XP Professional Version 2002 Service Pack 3 ကို တင်ထားတာပါ…

CPU က Intel Pentium ဖြစ်ပြီး 1.73 GHz ရှိပါတယ်… 1.73 GigaHertz ဆိုတာ CPU ရဲ့ Speed ကို ဖော်ပြတာပါ…

RAM က 1.25GB ပါ… တစ်ချို့သော Game များ၊ Graphic Spftware များအတွက် RAM က အနည်းဆုံး 2GB ရှိသင့်ပါတယ်…

နောက်ခံ Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties ကို Click လုပ်ပါ…





အဲဒီအခါ Settings ဆိုတဲ့ Tab ကို Click လုပ်ပါ… အောက်ဖော်ပြပါ ပုံအတိုင်း မြင်ရပါမယ်…

Screen ရဲ့ Resolution ကို တွေ့မြင်ရမှာပါ… 1280x800 Pixels ပါ…
Color Quality ကို Highest (32 bit) ဆိုတာ တွေ့မြင်ရပါလိမ့်မယ်…

ယခုအခါ Windows Vista တွင် ကြည့်နည်း ပြောပါမယ်…

Desktop ပေါ်မှာ My Computer ကို တင်ထားရင် My Computer ဆိုတဲ့ Program Icon ပေါ်မှာ Mouse Pointer ကို ထားပြီး Right Click လုပ်ရင် Shortcut Menu (or) Pop-up Menu ပေါ်လာပါလိမ့်မယ်… Properties ကို Click လုပ်ပါ…



မိမိစက်ရဲ့အကြောင်းလေးကို ဖတ်ရမှာ ဖြစ်ပါတယ်…

Operating System Software ကို Windows Vista Ultimate ကို သုံးထားတာပါ…
CPU က Intel Core2 Duo ပါ… Speed က 2GHz ပါ…
RAM က 2045MB ဖြစ်တဲ့အတွက် 2.045GB ပါ…
Color Quality က 32-bit ပါ…

လွမ်းရှင်းပြထားတာတွေဖတ်ပြီး မိမိကွန်ပြူတာအကြောင်းလေး ပြောနိုင်ကြပါစေ…

ရွှင်လန်းချမ်းမြေ့ကြပါစေ…


လွမ်းဧကရီ
၃၁-၀၁-၂၀၁၁
မနက် ၁:၁၅ နာရီ

No comments: