Monday, May 30, 2011

ပြည်ပ ခရီးသွားမှတ်တမ်း - ၁

ပြည်ပ ခရီးသွားမှတ်တမ်း - ၁


လွမ်း…ပြည်ပသွားခဲ့တဲ့ ခရီးစဉ်လေးကို ရေးချင်ပါတယ်…


လွမ်း… စင်္ကာပူကို သွားခဲ့တဲ့ခရီးလေးပါ…


လွမ်း တစ်လနေမယ်ဆိုပြီး တစ်လအသွားအပြန်လက်မှတ်ဝယ်ပြီး သွားတာပါ…


လွမ်း ဒီတစ်ခေါက်သွားတာ တစ်ယောက်တည်း သွားတဲ့ ခရီးလေးပါ…



Silk Air Counter မှာ Check In ၀င်ကတည်းက လေယာဉ်ပြူတင်းပေါက်နားက ခုံကို ပေးဖို့  တောင်းဆိုတဲ့အခါ ပေးပါတယ်…


လွမ်းက ခရီးသွားတဲ့အခါတိုင်း ပြူတင်းပေါက်ကနေ အပြင်က ရှုခင်းတွေကို ကြည့်တတ်လေ့ရှိလို့ ပါပဲ…




လေယာဉ်က ပြေးလမ်းကနေ Take Off လုပ်ပြီး တက်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုလည်း နှစ်သက်ပါတယ်…


လွမ်း.. ဒီတစ်ခေါက် နီးမှ ပစ္စည်းထည့်တဲ့အတွက် အိပ်ရေးပျက်ထားပါတယ်…


လေယာဉ်က တိမ်ပေါ်ရောက်လို့  ပုံမှန်ပျံသန်းပြီဆိုတာနဲ့  လွမ်း လေယာဉ်မယ်တွေပေးတဲ့ မှီအုန်းပေါ်မှီရင်း အိပ်ပျော်သွားပါတယ်…


လွမ်းသွားတဲ့အချိန်က မနက် ၁၀း၁၀နာရီပါ… လေယာဉ်ပေါ်မှာ Lunch ကျွေးပါတယ်…


ဘာစားချင်လဲ လိုက်မေးနေတဲ့အချိန်မှ လန့် နိုးပါတယ်… လွမ်းက Rice with Fish ပဲ မှာစားပါတယ်…


လေယာဉ်က တိမ်ကြားဖြတ်တဲ့အချိန် အနည်းငယ်ခါတာက လွဲလို့  ငြိမ်ပါတယ်…


လွမ်းလဲ စားပြီးတာနဲ့  Immigration ဖြတ်တဲ့အခါ ပေးရမဲ့ Form ကို ဖြည့်ထားလိုက်ပါတယ်…


စင်္ကာပူရောက်ခါနီးတဲ့အခါ လေယာဉ်ဟာ အမြင့်ပေ နိမ့်လာပါတယ်…


ရေပြင်ကျယ်ကြီးမှာ သင်္ဘောလေးများ ခုတ်မောင်းသွားနေတာကို စတင်မြင်လာရပါတယ်…


ရေပြင်နဲ့  မိုးကောင်ကင် ဆုံသွားတဲ့ အဝေးက မိုးကုတ်စက်ဝိုင်းနေရာကို လွမ်း…လှမ်းမျှော်ကြည့်ရင်း အမျိုးအမည်မသိတဲ့ ခံစားချက်လေး ပေါ်လာပါတယ်…


လေယာဉ်ဆင်းတဲ့အခါ လေယာဉ်ဘီးနဲ့  မြေပြင်ထိလိုက်တာနဲ့  လွမ်း… မြန်မာပြည်နဲ့  ဝေးတဲ့ အဝေးတစ်နေရာကို ရောက်ပြီဆိုတဲ့ စိတ်လေးဖြစ်ပေါ်လာပါတယ်…


စင်္ကာပူအချိန် ၁၄း၂၀နာရီ ရောက်ပါတယ်… ပျံသန်းချိန်က ၂-နာရီနဲ့  မိနစ်-၄၀ ပါ…


လေဆိပ်အဆောက်အဦကို ၀င်လိုက်တာနဲ့  Free Call Phone ကနေ ညီမလေးတို့ ဆီ လှမ်းဖုံးဆက်လိုက်ပါတယ်…



သူတို့ တွေ MRT နဲ့  လာနေကြပြီလို့  ဖြေပါတယ်…


လွမ်းလဲ Immigration မှာ Endorse လုပ်ပြီးတာနဲ့  Cart သွားယူပြီး ပစ္စည်းသွားယူပါတယ်…


လွမ်းလဲ အပြင်အထွက် ညီမလေးတို့ လဲ အရောက်ပါပဲ…


ရောက်တာနဲ့  လေဆိပ်က Mcdonalds ဆိုင်ကို သွားစားကြပါတယ်…


နောက် Taxi နေရာမှာ တန်းစီပြီး ညီမလေးတို့ တည်းတဲ့ Boon lay ကို သွားပါတယ်…


လွမ်းသွားတာ တနင်္ဂနွေဆိုတော့ ညီမလေးတို့ က အားတယ်လေ…


လွမ်းလာမယ်ဆိုတာနဲ့  Phone Card, MRT & Bus စီးဖို့  Card တွေ လုပ်ထားပေးပါတယ်…


နောက်တစ်နေ့  ညီမလေးတွေ ရုံးသွားတာနဲ့  လွမ်းသူငယ်ချင်းဆီ ဖုံးဆက်ပါတယ်… သူတို့ မိသားစုက စင်္ကာပူမှာ PR ရပြီး ကိုယ်ပိုင်တိုက်ခန်းလေး ငှားနေကြသူတွေပါ…


သူကလဲ သူ့ အမျိုးသား အလုပ်သွားရင် အားနေတတ်တာမို့  သူ့ ကိုပဲ ဆရာတင်ပြီး လွမ်းကို လည်စရာတွေ လိုက်ပို့ ဖို့  အပူကပ်ရပါတယ်…


နောက်တစ်ရက်မှာတော့ လွမ်းသူငယ်ချင်းနဲ့  ချိန်းပြီး သူ့ အိမ်ကို သွားပါတယ်… လွမ်းတည်းတဲ့နေရာနဲ့  Bus စီးသွားရင် ၅-မှတ်တိုင်ပဲ ကွာပါတယ်…


လွမ်းသွားလည်မဲ့နေရာက Henderson Wave ပါ… စင်္ကာပူမှာ အမြင့်ဆုံးတံတားလေးပါ…


Henderson road ရဲ့ အထက် အမြင့်ပေ ၃၈-မီတာမှာ Mount Faber တောင်ကုန်းနဲ့ Telok Blangah တောင်ကုန်းတို့ ကို ဆက်သွယ်ထားတဲ့ တံတားပါ…


တံတားကိုရောက်ဖို့  တောလမ်းလေးလို လှေကားနဲ့  ကွေ့ ပတ်တက်လာရပါတယ်…


တံတားထိပ်မှာရှိတဲ့ အမှတ်တရ ကျောက်စာတိုင်လေးပါ…



လှိုင်းလေးလို တည်ဆောက်ထားပြီး Curve ၇-ခု ရှိပါတယ်… တံတားထိပ်ဖက်က မြင်ကွင်းလေးပါ…




လျှောက်လမ်းက သစ်သားကို အသုံးပြုထားပြီး နားနေဖို့  ထိုင်ခုံလေးတွေ လုပ်ထားပါတယ်… Frame တွေက အမိုးလေးလို ဖြစ်နေပါတယ်…

လျှောက်လမ်းလေးမှာ ပင်လယ်ရေမျက်နှာပြင်ကနေ အမြင့်ပေ ဘယ်လောက်ရှိတယ်ဆိုတာကို ရေးသားထားတာကို လွမ်း ဓါတ်ပုံရိုက်ထားတာပါ…




တံတားပေါ်ကနေ စင်္ကာပူမှာ ဆောက်လက်စ အဆောက်အဦကို လှမ်းပြီး ဓါတ်ပုံရိုက်ထားတာပါ…
ဆောက်ထားတဲ့ပုံစံက ဆန်းပါတယ်…




တံတားရဲ့ တခြားတစ်ဖက်မြင်ကွင်းလေးကို ဓါတ်ပုံရိုက်ထားတာပါ…




လွမ်းတို့ တွေ ရုံးဖွင့်ရက်သွားတဲ့အတွက် လူရှင်းနေပါတယ်…


တံတားတည်ဆောက်ပုံဆန်းတဲ့အတွက် လွမ်းတို့ တွေ တံတားအောက်ခြေက တည်ဆောက်ထားပုံကိုလည်း ဓါတ်ပုံရိုက်ယူခဲ့ပါတယ်…






တံတားရဲ့တခြားတစ်ဖက်မှာ အအေးဆိုင်တစ်ခုရှိပြီး ပန်းခြံလေးလို အားကစားမျိုးစုံ ပြုလုပ်နိုင်အောင် စီစဉ်ပေးထားတာကိုလည်း တွေ့ မြင်ရပါတယ်…


မိုးရွာလာတဲ့အတွက် ပန်းခြံကို အနှံ့မကြည့်နိုင်ပဲ ပြန်လာခဲ့ရပါတယ်…


သူငယ်ချင်းကျေးဇူးကြောင့် လှပတဲ့တံတားလေးကို လွမ်းရောက်ဖူးခဲ့ပေမဲ့ လွမ်းညီမလေးတွေက မရောက်ဖူးကြသေးပါဘူး…


အဲဒီ Wave ပုံလေးပေါ်အောင် ည ၇-နာရီကနေ မနက် ၂-နာရီထိ LED Ligtht နဲ့  အလှဆင်တယ်လို့  သိရပါတယ်…




စင်္ကာပူရောက်ရင် သွားလည်သင့်တဲ့နေရာလေးတစ်ခုအဖြစ် ရေးသားတင်ပြခြင်း ဖြစ်ပါတယ်…


ခရီးသွားခြင်းဖြင့် စိတ်အပန်းဖြေနိုင်ပါစေ…






လွမ်းဧကရီ
၁၁-၀၄-၂၀၁၁
ည ၉း၅၀ နာရီ

No comments: