Tuesday, May 31, 2011

အမှတ်တရ ကဗျာလေး

ညီမလေး ထာဝရကြယ်ဖြူက Comment တွေ လိုက်ပေးတဲ့အခါ ကဗျာလေးတွေနဲ့ လိုက်ပေးလေ့ ရှိပါတယ်…
လွမ်းစာမျက်နှာမှာ လာပေးတဲ့ ညီမလေးကဗျာကို နှစ်သက်မိတဲ့အတွက် ညီမလေးကဗျာပုံစံအတိုင်း လွမ်း ကဗျာလိုက်စပ်ခဲ့ပါတယ်…
အမှတ်တရတင်လိုက်တာပါ…



လွမ်း




လွမ်းဖူးတဲ့ လူတစ်ယောက်အတွက်

အလွမ်းဆိုတာကို….ကောင်းကောင်းနားလည်နေတတ်ပါပြီ

…..ချစ်သူရယ်…..

နေ့လည်းလွမ်း

ညလည်းလွမ်း

လွမ်းတိုင်းသာကြယ်တစ်ပွင့်

ဖြစ်ခွင့်ရမယ်ဆိုရင်

နင့်ကောင်းကင်ကြီးမှာ

ငါ့ အလွမ်းကြယ်လေးတွေများနေပြီပေါ့ကွယ်


…..ဒါပေမယ့်…..

ခုတော့….ငါလွမ်းနေလဲ…နင်မှ မသိနိုင်တာပဲ

ဒီတော့…ငါဟာ…လွမ်းပြီးရင်း လွမ်းနေရပြီပေါ့လေ

ဘယ်တတ်နိုင်ပါ့မလဲ…လွမ်းရဦးမှာပေါ့

ဘာကြောင့်လဲဆိုတော့…ငါ့နာမည်က

…..လွမ်းဖြစ်နေလို့ပါပဲ…..




ထာဝရကြယ်ဖြူ








အမုန်းခွန်အား ပေးသနားပါ


ချစ်ဖူးတဲ့ လူတစ်ယောက်အတွက်…

အချစ်ဆိုတာကို… ကောင်းကောင်းနားလည်နေတတ်ပါပြီ

…..ချစ်သူရယ်…..

မဖြစ်နိုင်တော့တဲ့ ဘဝလေးမှာ

ချစ်ခဲ့ကြတာလေးကို ရင်ထဲသိမ်းဆည်း

အဝေးကနေ လွမ်းနေပါတယ်ဆိုတာ

နင်မှ မသိနိုင်တာပဲ

ဘယ်တတ်နိုင်ပါ့မလဲနော်

ဖြစ်နိုင်မယ်ဆိုရင် အမုန်းခွန်အား

ငါ့အား

ပေးသနားပါ

နင့်ကို မုန်းပစ်ချင်ပြီ

…….မေ့ပစ်လိုက်ချင်ပြီ…….



လွမ်း


No comments: