Tuesday, May 31, 2011

အိပ်မက်မဖြစ်ချင်ဘူး

အိပ်မက်မဖြစ်ချင်ဘူး


နင့်ကို ငါ

ယုံကြည်မှုနဲ့ ချစ်ခဲ့ရတာ

…အိပ်မက်မဖြစ်ချင်ဘူး…


နင်နဲ့ ငါ

ပျော်ခဲ့ရတဲ့ နေ့ရက်တွေ

…အိပ်မက်မဖြစ်ချင်ဘူး…


ငါချစ်တဲ့ နင့်ကို

စက္ကန့်တိုင်း လွမ်းနေရတာတွေ

…အိပ်မက်မဖြစ်ချင်ဘူး…


ငါတို့နှစ်ယောက်

ပြန်ဆုံတွေ့ဖို့ မျှော်လင့်ခဲ့ရတာ

…အိပ်မက်မဖြစ်ချင်ဘူး…


နင်ပြန်လာရင်

ငါ့ကို မှတ်မိပါ့မလား ရင်ခုန်နေရတာ

…အိပ်မက်မဖြစ်ချင်ဘူး…


နင်နဲ့ ငါ
အိုမင်းသွားလည်း မပြောင်းလဲဘဲ

တစ်သက်လုံး ချစ်သွားကြမယ်ဆိုတာ

…အိပ်မက်မဖြစ်ချင်ဘူး…




လွမ်းဧကရီ
၀၃-၁၂-၂၀၁၀

ည ၉:၀၀ နာရီ


No comments: