Monday, August 30, 2010

ဝဋ်ကြွေးလေလား



ဝဋ်ကြွေးလေလား

အပိုင်း (၁)

ကျနော်ချစ်တဲ့ မိန်းမတစ်ယောက်က ကျနော့်အပေါ် ဒီလောက်ရက်စက်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူးဗျာ…

 
ခုချိန်မှာ ကျနော် ဆေးရုံပေါ် ရောက်နေတာလေ…

 
ကျနော့်အမေတစ်ယောက်ပဲ ကျနော့်ဘေးမှာ ရှိနေတာ…

 
အမေရဲ့ ညှိုးနွမ်းနေတဲ့မျက်နှာကို ကြည့်ပြီး ကျနော် ရင်နာတယ်…

 
ကျနော် နေရမဲ့ ကျန်ရှိနေတဲ့ သက်တမ်းလေးကို အမေ့ကြောင့် ဆွဲဆန့်နေမိတာ…

 
ကျနော့်လို အဖြစ်မျိုးလည်း ဘယ်သူ့ကိုမှ မကြုံစေချင်ပါဘူးဗျာ…

 
ကျနော့်အကြောင်းကို ခင်ဗျားတို့ကို သိအောင် ပြောပြမယ်…



အပိုင်း(၂)


ကျနော့်အကြောင်းက စပြောပြပါမယ်…

ကျနော်က တစ်ဦးတည်းသော သားပါ…


ကျနော်က စက်မှုတက္ကသိုလ်ကျောင်းဆင်းပါ…

အဖေက ကျနော် ဒုတိယနှစ် ကျောင်းတက်နေစဉ်မှာ ဆုံးသွားတော့ အမေတစ်ခု၊ သားတစ်ခု ဘ၀နဲ့  ဘ၀မှာ

အေးချမ်းစွာနဲ့  ရပ်တည်ခဲ့တာပါ…


အဖေက စီးပွားရေးသမားတစ်ယောက်ဆိုတော့ ငွေကြေးရှာနိုင်သလို အမေကလဲ အဖေရှာတဲ့ငွေကို စုဆောင်းထားနိုင်ခဲ့ပါတယ်…

အဖေဆုံးတော့ အမေက ကုန်စုံဆိုင်လေး ဖွင့်ပါတယ်… အစပထမ ဆိုင်သေးသေးလေးပေမဲ့ အမေရဲ့ စည်းကမ်းစနစ်တကျနဲ့  လုပ်ဆောင်နိုင်ခဲ့လို့  Mini Mart အသေးစားလေးထိ တိုးတက်အောင်မြင်ခဲ့ပါတယ်…

ကျနော်က အရင်က ဆိုင်အတွက် လိုအပ်တာတွေကို လိုက်ဝယ်ပေးခဲ့ပေမဲ့ နောက်ပိုင်း လူငှားနဲ့  ဆောင်ရွက်လာနိုင်ပါတယ်…

ကျနော်က စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ ပေါက်စဘ၀လေးမှာ စန္ဒာဆိုတဲ့ မိန်းခလေးတစ်ယောက်က ကျနော့်ဘ၀လေးထဲကို စတင် ၀င်ရောက်လာခဲ့ပါတယ်…

ကျနော်က ကျောင်းပြီးတော့ သင်္ဘောလိုက်ဖို့ ရည်ရွယ်တာနဲ့  သင်္ဘောကျင်းမှာ လုပ်သက်ရအောင် အလုပ်ဆင်းရပါတယ်… ဒလသင်္ဘောကျင်းမှာဆိုတော့ မနက်အစောကြီး ဘတ်စ်ကားစီးရပါတယ်…

မှတ်တိုင်မှာ မိန်းခလေးတစ်ယောက်နဲ့  အမြဲဆုံဖြစ်ပါတယ်… ဆံပင်အရှည်နဲ့  ချောမောလှပသူတစ်ဦးပါ….

တစ်ရက်မှာ ဘတ်စ်ကားလာလို့  သူမရော၊ ကျနော်ပါတက်လိုက်တဲ့အချိန်မှာ သူ့  ဆံပင်က ကျနော့်နာရီကြားမှာ ငြိသွားလို့  ဖြည်ပေးရင်းနဲ့ မှ သူမနဲ့  ကျနော် စကားစပြောပြီး ရင်းနှီးမှုရခဲ့ပါတယ်…

သူမက မြို့ ထဲက ဓါတ်ပုံဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့သူပါ… Computer Graphic ကျွမ်းကျင်သူပါ…

ဒီလိုနဲ့  နေ့ ရက်တွေ ကြာလာတော့ ရင်းနှီးမှုပိုလာပြီး တစ်ယောက်အကြောင်း တစ်ယောက် ဖွင့်ပြောပြပါတယ်…

သူမက နယ်ကပါ… မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီးတဲ့ နောက်မှာ ရန်ကုန်မှာ အဒေါ်မိသားစု နဲ့  အတူလာနေပြီး အလုပ်လုပ်နေတဲ့သူပါ…

ကျနော် သူ့ ကို အသနားပိုရာကနေ ချစ်ခဲ့ပါတယ်…

ချစ်သူဘ၀ရောက်ပြီးချိန်မှာ သူမကို ကျနော့်အိမ် ခေါ်သွားပြီး အမေနဲ့  မိတ်ဆက်ပေးပါတယ်….

အမေက စန္ဒာ့ကို သဘောကျတဲ့ပုံ မပေါ်ပါဘူး….

အမေက သားကို ဘယ်သူနဲ့ မှ သဘောတူမှာ မဟုတ်ပါဘူးလို့  ကျနော်ကပြောတော့ အမေက သားကိုချစ်ပြီး အိမ်ထောင်မှု ထိန်းသိမ်းနိုင်တဲ့ မိန်းခလေးမျိုးနဲ့  ဖြစ်စေချင်တာလို့  ပြောပါတယ်… စန္ဒာက အလှအပကို ဦးစားပေးသူတစ်ယောက်ဆိုတာ အမေက အကဲခတ်မိတယ်… ကျနော်ကလဲ ယောင်္ကျားလေးတစ်ယောက် အနေနဲ့  လှပတဲ့ မိန်းခလေးနဲ့  လက်ဆက်ချင်တာ မဆန်းပါဘူးနော်…

သားကို ချစ်တဲ့အမေတစ်ယောက်အနေနဲ့  ကျနော့်ဆန္ဒကို လိုက်လျောပြီး စန္ဒာ နဲ့  လက်ထပ်ဖြစ်ခဲ့ပါတယ်…



အပိုင်း(၃)


စန္ဒာက ကျနော့်အိမ်ကို ပြောင်းလာပါတယ်…


အိမ်ထောင်ဦးသက်တမ်းမှာ အရမ်းပျော်စရာကောင်းပါတယ်…

ကျနော်က သင်္ဘောနဲ့ ပတ်သက်တဲ့သင်တန်းတွေ တက်ပြီး နိုင်ငံခြားသင်္ဘောလိုက်ဖို့  အတွက် ကုမ္ပဏီတွေမှာ လျှောက်လွှာတင်ထားဆဲမှာ စန္ဒာ ကိုယ်ဝန်ရှိလာပါတယ်… စန္ဒာ့ရဲ့ ဆန္ဒအရ ကလေးမွေးအောင် စောင့်ပြီးမှ သင်္ဘောတက်ဖို့  စီစဉ်ရပါတယ်… သားလေးမွေးပါတယ်…

အမေက ကျနော့်ကို ကိုယ်ပိုင်ဝင်ငွေနဲ့  ရပ်တည်စေချင်ပါတယ်…

သားလေး သုံးလအရွယ်မှာ ကျနော် သင်္ဘောတက်ရပါတယ်…

ကျနော် ၀င်ငွေရှိလာတဲ့အတွက် စန္ဒာ့ကို အလုပ်ထွက်ခိုင်းတာကို သူက မထွက်ချင်ပါဘူး…

ကလေးထိန်းဖို့  တစ်ယောက်ငှားပြီး ကလေးထိန်းနဲ့  ကလေးကို အမေနဲ့ ထားခဲ့ပြီး အလုပ်ဆင်းပါတယ်…

စန္ဒာ့ရဲ့ အကြောင်းပြချက်ကမိန်းမတစ်ယောက်က အိမ်ထောင်မှုတွေနဲ့ ပဲ အချိန်မကုန်ချင်ဘူးတဲ့…အလုပ်လုပ်ပြီး ဘ၀တက်လမ်းရှာချင်သေးတယ် တဲ့… မိသားစုအတွက် ကျနော်ရတဲ့ငွေကို စုထားမယ် တဲ့…
ကျနော် တစ်နှစ်သင်္ဘောလိုက်ပြီး ရာထူးတိုးတာနဲ့  နောက်ထပ် ခြောက်လဆက်လိုက်ရဖို့  အခြေအနေက
ဖန်တီးလာပါတယ်…


မိသားစုအတွက် ငွေရတာပဲလေဆိုတဲ့စိတ်နဲ့  မိသားစုကို လွမ်းတဲ့စိတ်ကို လွှမ်းမိုးထားရတယ်…



အပိုင်း(၄)


ကျနော် အိမ်ပြန်လာရမဲ့ရက်နီးလာလေ အိမ်ကိုပြန်ချင်စိတ်က ပိုလာလေပါပဲ…

ကျနော်ပြန်လာဖို့ ရက်သေချာတော့ ပျော်လိုက်ရတာ…

လေဆိပ်ကိုခြေချမိတာနဲ့  စန္ဒာ့ကို အပြေးအလွှား ရှာနေမိတယ်… ကလေးကို ချီထားတဲ့ စန္ဒာ့ကို တွေ့ တော့မှ ကျနော် ပျော်သွားတယ်… စန္ဒာ့ကို လက်လှမ်းပြရင်းနဲ့  စိုးရိမ်စိတ်လေးက ကပ်ပါလာတယ်…

စန္ဒာ ပိန်သွားပြီး မျက်နှာက ရွှင်ပြမှု မရှိပဲဖြစ်နေတာ… အပြင်ရောက်တော့ မေးကြည့်မှ ခုရက်ပိုင်းအတွင်း အားနည်းပြီး နေမကောင်းဖြစ်နေတယ် လို့  သိရတာ…

အိမ်ရောက်တော့ အမေက ထုံးစံအတိုင်း ကျနော်ကြိုက်တဲ့ဟင်းတွေချက်ပြီး စောင့်နေတာလေ…

အမေက ကျနော် ကျန်းကျန်းမာမာနဲ့  ပြန်လာရင်ကိုပဲ ၀မ်းသာနေတတ်တဲ့သူပါ…

ကျနော်လဲ သင်္ဘောကအဆင်း ၀င်ငွေခွန်ပေးဆောင်တာတွေ၊ သင်္ဘောသားရုံး သတင်းပို့  စရာတွေကို အပြင်ထွက်လုပ်ရင်း သင်တန်းဆက်တက်ဖို့  ပြင်ဆင်ရပါတယ်…

ကျနော်တို့  သင်္ဘောသားတွေက မြန်မာပြည် ပြန်လာစဉ်အတွင်း ရာထူးအဆင့်ဆင့် တက်ဖို့  သင်တန်းတက်ပြီး စာမေးပွဲဖြေကြရပါတယ်…

တစ်ရက်မှာ တစ်လမ်းထဲနေ သူငယ်ချင်းကပြောစရာရှိလို့  ဆိုပြီး စိတ်တိုင်းကျလ္ဘက်ရည်ဆိုင်ကို ခေါ်သွားပါတယ်…

ကျနော်နားကို ကျနော်မယုံနိုင်အောင် ဖြစ်ရပါတယ်… ကျနော်ချစ်တဲ့ မိန်းမက သစ္စာဖောက်မယ်ဆိုတာ လုံးဝ မယုံနိုင်ပါဘူး… သူငယ်ချင်းက သက်သေပြမယ်ဆိုပြီး အပြင်ဆေးခန်းတစ်ခုကို ခေါ်သွားပါတယ်… စန္ဒာ့နာမည်နဲ့ 

Abortion Case နဲ့  တက်ထားတာကို တွေ့ လိုက်ရပါတယ်…


အိမ်ပြန်ရောက်တော့ စန္ဒာ့ကို ခေါ်ပြီး အကြောင်းစုံမေးပါတယ်… ပထမ စန္ဒာက ငြင်းပါသေးတယ်… ကျနော်က အကြောင်းအရာခိုင်လုံစွာနဲ့  ပြောတော့မှ ငိုပြီး ၀န်ခံပါတယ်… အလုပ်ဆင်းနေစဉ်အတွင်း
ကျော်ကျော်ဆိုတဲ့လူတစ်ယောက်က အလုပ်အတက်အဆင်း အမြဲစောင့်နေပြီး စကားလိုက်ပြောရာကနေ တစ်ရက်မှာ ကျော်ကျော်ခေါ်တဲ့နောက် လိုက်သွားရာက မှားခဲ့မိကြောင်းနဲ့  နောက်ပိုင်း ကျော်ကျော်ဆိုသောသူကို လုံးဝမတွေ့  ရတော့ကြောင်း ပြောပြပါတယ်… စန္ဒာ့မှာ အပြစ်ရှိတဲ့အတွက် ကျနော်ပေးတဲ့အပြစ်ကို သူခံယူပါမယ်လို့  ပြောပါတယ်…


ကျနော့်ဖက်က စဉ်းစားကြည့်ပါအုန်းဗျာ… မိသားစုအတွက် သက်စွန့် ဆံဖျား ရေပေါ်မှာ ငွေရှာနေတဲ့သူအပေါ် မိန်းမတစ်ယောက်က သစ္စာမဲ့ပြီး တစ်စိမ်းယောင်္ကျားတစ်ယောက်နဲ့  ဖောက်ပြန်တာကို ကျနော်
ခွင့်လွှတ်သင့်ပါသလား? ကျနော်ချစ်လို့  ယူထားတဲ့မိန်းမအပေါ် ကျနော် သစ္စာမဖောက်ခဲ့သလို ကျနော့်အပေါ်လည်း သစ္စာရှိသင့်ပါတယ်ဗျာ… ကျနော် စန္ဒာ့အဒေါ်ကိုပါ ခေါ်ပြီး အကြောင်းစုံပြောပြခဲ့ပါတယ်…


ကျနော့်သားကို ကျနော်ပဲ ကျွေးမွေးစောင့်ရှောက်မယ်ဆိုတဲ့ ကတိကို ကျနော်ယူပြီး စန္ဒာနဲ့  လမ်းခွဲခဲ့ပါတယ်… စန္ဒာ့ကို သူ့ အဒေါ်လက်ထဲ ပြန်အပ်ခဲ့ပါတယ်…



အပိုင်း(၅)


ဖြစ်ပေါ်လာတဲ့ နာကျည်းမှု၊ ၀မ်းနည်းမှု၊ ခံပြင်းမှုတွေကို ကျနော် တတ်နိုင်သမျှ ဖြေဖျောက်ထားပါတယ်…

ကျနော့်အနားမှာ ကျနော့်အမေနဲ့  ကျနော့်သားရှိနေတဲ့အတွက် ကျနော်ဖြေသာပါတယ်…

ကျနော် သင်တန်းတက်နေစဉ် ကျနော့်ဆီကို ထိန့် လန့် ဖွယ်ရာသတင်းတစ်ခု ရောက်လာပါတယ်…

စန္ဒာ့မှာ HIV ကူးစက်ရောဂါပိုး တွေ့ လို့  ဆေးရုံတင်ထားရတဲ့ သတင်းပါ…

ကျနော့်ငယ်ထိပ်ကို မြွေပေါက်လိုက်တဲ့အတိုင်း ခံစားလိုက်ရပါတယ်…

ကျနော်ရော၊ သားပါ HIV ပိုးရှိ၊ မရှိဆေးစစ်ရပါတော့တယ်…

သားလေးက Nagative ပေမဲ့ ကျနော်က Positive တဲ့ဗျာ…

ကျနော်ချစ်လှပါတယ်ဆိုတဲ့မိန်းမက တစ်ခြားယောင်္ကျားဆီက ရလာတဲ့ပိုးကို ကျနော့်ဆီမှာပါ ကူးစက်အောင် ဖန်တီးခဲ့တာလေ…



အပိုင်း(၆)







ကျနော့်လို အဖြစ်မျိုးလဲ ဘယ်သူ့ ကိုမှ မကြုံစေချင်ပါဘူး…

ကျနော့်အကြောင်းကို ခင်ဗျားတို့ ကို သိအောင် ပြောပြရတဲ့အကြောင်းက အိမ်ထောင်ရှိ မိန်းမ၊ ယောင်္ကျားတိုင်း တစ်လင်တစ်မယားစနစ်နဲ့  မိမိအိမ်ထောင်ဖက်အပေါ် သစ္စာရှိစေချင်လို့ ပါဗျာ…

အိမ်ထောင်မပြုခင်တောင်မှ မိမိချစ်သူအပေါ် သစ္စာရှိရှိနဲ့  နေထိုင်သွားကြပါလို့  ကျနော်မှာကြားချင်တာပါပဲ…



မှတ်ချက်။ ။သစ္စာမဲ့သူ မိန်းမတစ်ယောက်ကို ရခဲ့တဲ့ယောင်္ကျားတစ်ယောက်ရဲ့ ဖွင့်ဟပြောဆိုချက်ကို ခံစားရေးသားထားခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် ထိုယောင်္ကျားသည် လူ့ လောကကို စွန့် ခွာသွားပြီ ဖြစ်ပါသည်။ ချစ်သူတိုင်း ချစ်သူအပေါ် သစ္စာရှိကြသောသူများ ဖြစ်ကြပါစေ။






လွမ်း


ညနေ ၂း၁၆

၂၂-၀၈-၂၀၁၀


1 comment:

မြတ်မွန် said...

ပညာပေးပိုစ့်လေး ဖတ်ပီး ဗဟုတုတ ရသွားတယ်..။
ကြောက်စရာကောင်းတယ်..။