Monday, May 30, 2011

ပြည်ပ ခရီးသွားမှတ်တမ်း - ၂

ပြည်ပ ခရီးသွားမှတ်တမ်း - ၂

စင်္ကာပူနိုင်ငံမှာ သွားလည်သင့်တဲ့နေရာလေးကတော့ Marina Sands Bay Skypark ပါ…
လွမ်းတို့  Sky Park ကို Helix Bridge ကနေ ဖြတ်ပြီး သွားတာပါ…

 
Helix Bridge ကို Double Helix Bridge လို့  လူသိများပါတယ်…


Helix Bridge ရဲ့ တစ်ဖက်မှာ ရှိတဲ့ မြင်ကွင်းပါ…

ညမြင်ကွင်းပါ
Marina Sands Bay ကို ၂၀၀၉-ခုနှစ်က စတင်ဆောက်လုပ်ပြီး အင်ဂျင်နီယာနဲ့  ပိသုကာပညာရှင်တို့ က ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့  အံ့သြဖွယ်ရာအဆောက်အဦအဖြစ် တည်ဆောက်အောင်မြင်ခဲ့ပါတယ်…
အဆောက်အဦအတွင်း ပြထားသောပုံစံငယ်

၅၅-ထပ်ရှိတဲ့ Tower သုံးခုပေါ်မှာ သင်္ဘောပုံတည်ဆောက်ထားတာဖြစ်ပါတယ်… S$8-billion အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အဆောက်အဦပါ…
အဆောက်အဦအတွင်း အပေါ်ဖက်ကို ရိုက်ထားတဲ့ပုံပါ
Resort မှာ အခန်းပေါင်း-၂၅၆၁ ခန်းပါတဲ့ ဟိုတယ်တစ်ခုရှိပါတယ်…
Marina Sands Bay မှာ Casino ရှိပါတယ်… Casino ဟာ အရမ်းကြီးပြီး စားပွဲပေါင်း-၅၀၀ ကျော် စီစဉ်ထားရှိပြီး Slot Machines ပေါင်း- ၁၆၀၀ ဖွင့်ထားပါတယ်… လွမ်းတို့ က နိုင်ငံခြားသားတစ်ယောက်အနေနဲ့  Passport ပြပြီး ၀င်ကြည့်ခွင့်ရှိပါတယ်… ဓါတ်ပုံရိုက်ခွင့် မပေးပါဘူး…
120,000 sq-m ဧရိယာကျယ်ဝန်းတဲ့ Convention and exhibition center နဲ့ အတူ Shopping Malls များ၊ Restaurants များ၊ Art and science museum နဲ့  and theatres ၂-ခုတို့ လည်း ရှိပါတယ်…
လွမ်းတို့  အပေါ်ထပ်တက်ဖို့ အတွက် S$20/- ပေးရပါတယ်… အသက်-၅၆ နှစ်နဲ့  အထက်ဆိုရင်တော့ S$17/- ပါ…
အပေါ်ဆုံးသင်္ဘောပုံထဲမှာ မီတာ-၃၄၀ ကျယ်တဲ့ ပန်းခြံတစ်ခု ပြုလုပ်ထားပြီး ပန်းခြံကို Sky Park လို့  ခေါ်တာပါ… ၂၀၁၀-ခုနှစ် ဇွန်လ-၂၄ ရက်နေ့ က တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီး လူပေါင်း- ၃၉၀၀ လက်ခံတက်ရောက်ခွင့် ပြုပါတယ်…
မီတာ-၁၅၀ ရှိတဲ့ ရေကူးကန်ကို ပြုလုပ်ထားပါတယ်…

Sky Park မှ စင်္ကာပူမြို့ သို့  မြင်ရသော မြင်ကွင်းလေးတွေပါ...











လွမ်းတို့ တွေ အပြန် Taxi နဲ့  ပြန်လာတဲ့အခါ ကားထဲကနေ ရိုက်ထားတဲ့ မြင်ကွင်းလေးပါ...

အားလပ်ချိန်တွင် အပန်းဖြေနိုင်ကြပါစေ...
လွမ်းဧကရီ
၃၀-၀၅-၂၀၁၁
စာရေးပြီးချိန် - ၁၄း၁၁ နာရီ

No comments: