Tuesday, May 31, 2011

ကို


ကို

၁။ ကြမ်းတမ်းတဲ့ဘဝမို့ ကိုယ့်ဘဝထဲ ဝင်မလာပါနဲ့လို့ တားခဲ့တဲ့ “ကို

၂။ ချစ်တတ်တဲ့ အသည်းနှလုံးကို ဦးစားပေးပြီး ကိုယ့်ဘဝထဲ တိုးဝင်လာတာကို လက်ခံခဲ့တဲ့ “ကို




၃။ မနက် မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ပထမဆုံး လွမ်းသတိရတတ်တဲ့ “ကို

၄။ လွမ်းက “ကို့ကို လွမ်းလိုက်တာ” လို့ ပြောရင် “ကိုကရော မလွမ်းဘူးထင်လို့လား” လို့ ပြန်ပြောတတ်တဲ့ “ကို

၅။ကိုနဲ့ ပတ်သက်လာရင် လွမ်းခံစားရတယ်” လို့ ပြောရင် “ကိုကရော စက်ရုပ်မှ မဟုတ်တာ။ နှလုံးသားနဲ့ လူပါဗျ” လို့ ပြန်ဖြေတတ်တဲ့ “ကို

၆။ ကို အလုပ်အားတဲ့အချိန်စောင့်ပြီး စကားပြောခဲ့ကြတဲ့ ညတွေမှာ လွမ်းပြောတာကိုပဲ နားထောင်တတ်တဲ့ “ကို

၇။လွမ်းရဲ့ တားမြစ်ချက်တွေကို လိုက်နာရမယ်”လို့ ပြောရင် “ဟုတ်ကဲ့ပါဗျာ” လို့ ပြောတတ်တဲ့ “ကို

၈။ နှစ်ယောက်သား စကားပြောကြတဲ့အခါတိုင်း “လွမ်းလေး ကို့ကို ချစ်လား” လို့ အမြဲမေးတတ်တဲ့ “ကို

၉။ စကားပြောပြီးလို့ နှုတ်ဆက်ရင် အာဘွား ပေးတတ်တဲ့ “ကို

၁၀။ ကို့ အသံကြားရတိုင်း ပျော်နေတတ်တဲ့ လွမ်းကို ပျော်စေချင်တဲ့ “ကို

ခုတော့လည်း….









လွမ်းဧကရီ
၃၀-၁၁-၂၀၁၀
နံနက် ၄:၄၅ နာရီ

No comments: