Tuesday, May 31, 2011

ကဗျာစုံတွဲလေး

လွမ်းရေးတဲ့ “အပြစ်တင်မှာလား” ကဗျာကို ရွှေမြန်မာဥယျာဉ်မှ ဥယျာဉ်မှူးလေးက

ပြန်ရေးပေးထားတာကို ကဗျာစုံတွဲအဖြစ် ပြန်လည်တင်ပါသည်။

ကဗျာစုံတွဲလေး

အပြစ်တင်မှာလား


…စကားလှလှတွေပြောပြီး…


…ယုံကြည်အောင်လုပ်ခဲ့တာ…

…..မင်းပါ…..



…မင်းရဲ့လှည့်ကွက်ထဲတိုးဝင်ပြီး…


..ချစ်ခဲ့မိတာက..

…..ငါပါ…..



…ကဗျာတွေနဲ့…


..သံယောဇဉ်ရစ်ပတ်မိအောင်လုပ်တာ..

…..မင်းပါ…..



…အသည်းနုနု…


..ကွဲအက်သွားရတာက..

…..ငါပါ…..


ခုတော့…


…..မင်းအပေါ်ထားခဲ့တဲ့…..


…အချစ်နဲ့ သံယောဇဉ်ကို…


…..ဖြတ်တောက်ပစ်ဖို့…..


…….ကြိုးစားနေတာ…….

…ငါပါလို့ ပြောရင်…



…..မင်း…..

………ငါ့ကိုအပြစ်တင်မှာလား………





လွမ်းဧကရီ
၀၉-၀၄-၂၀၁၁

နံနက် ၀၆:၃၀ နာရီ


အပြစ်မြင်မှာလား



…စကားလှလှတွေပြောတတ်အောင်…


..သင်ပေးခဲ့တာဟာ..

…..မင်းပါ…..


မင်းရဲ့မာယာအိပ်ဆေးတွေကျွေးပြီး…


..ချော့သိပ်ခံခဲ့ရသူက..

…..ငါပါ…..



…ကာရံအတုတွေနဲ့…


..ကဗျာဆန်ဆန် ညုခဲ့တာဟာ..

…..မင်းပါ…..



အသည်းနုနုမှာ…


..ဇွဲဆုလေးတောင်မှ မထင်မရှားဖြစ်ရတာ..

…..ငါပါ…..



…ခုတော့…


…..သံယောဇဉ်အမျှင်တန်းကို…..


…ရှင်ခန်းလည်းဖြတ်ဖို့ခက်…


…..ပင်ပမ်းနွမ်းရော်လိုက်တာ အသက်ရယ်လို့…..


…….အရှက်ဗလာနဲ့…….

…ငါက ပြောရင်…



…..မင်း ငါ့ကို…..

………သရော်လှောင်လို့ ပြုံးနေမလား………




ဥယျာဉ်မှူးလေး
၀၉-၀၄-၂၀၁၁

မွန်းလွဲ ၁:၀၀ နာရီ

No comments: