Sunday, January 22, 2012

ကွန်ပျူတာအခြေခံ အပိုင်း(၁၂)

ကွန်ပျူတာအခြေခံ အပိုင်း(၁၂)


လွမ်း…ခုတလော မအားလပ်တာနဲ့  ကွန်ပျူတာအခြေခံ နည်းပညာများ မရေးဖြစ်ခဲ့ပါဘူး…


ဒီနေ့ တော့ လွမ်း ဆိုဒ်ထဲ ၀င်ရင်း တွေ့ လာရတဲ့ အချက်တွေပေါ်မူတည်ပြီး သိမှတ်စရာလေးကို ရေးချင်ပါတယ်…


လွမ်းတို့  မြန်မာစာ စာလုံးများဟာ ရရစ်အမျိုးမျိုးရှိသလို စာလုံးပေါင်း သတ်ပုံအမျိုးမျိုး ကွဲပြားတာကို တွေ့ ရှိရမှာပါ…


ကွန်ပျူတာမှာလည်း မြန်မာစာရေးပုံတွေက တီထွင်သူအပေါ် မူတည်ပြီး လက်ကွက်များမှာ အနည်းငယ် ကွဲပြားတာကို တွေ့ ရှိရမှာပါ…


မြန်မာစာကို စတင် လေ့ကျင့် ရေးသားသူများအနေနဲ့  အမှားအများဆုံးကို ပြောရရင် မြန်မာစာကို အင်္ဂလိပ်စာလုံးလို Space ခြားပြီး ရေးသားရတာကို ဂရုမပြုမိသူ တော်တော် များပါတယ်…


ရုံးစာများကို ရေးလေ့ရှိသူများကတော့ ဒီအချက်ကို သိမှာပါ…


ဆိုဒ်ထဲမှာ လွမ်းဆီကို စာပို့ သူတစ်ယောက်ဆိုရင် မြန်မာစာကို ဆက်တိုက် ရေးသားသွားတဲ့အတွက် သူရေးတဲ့စာလုံးကို Wrap Text လို့  ခေါ်တဲ့ စာလုံးကို ခေါက်မသွားတော့ဘဲ စာမျက်နှာ တစ်မျက်နှာအလွန်မှာ ဘာရေးထားမှန်း ဖတ်လို့  မရတော့ပါဘူး…


ဒီတော့ မြန်မာစာကို ရေးသောသူများအနေနဲ့  ပထမဆုံး လိုက်နာရမဲ့ အချက်ကတော့ မြန်မာစာရေးရင် စကားပြောသလိုပဲ အဖြတ်အတောက်ကို Space ခြားပြီး ရေးသားသွားရမှာ ဖြစ်ပါတယ်…


Microsoft Word မှာ အင်္ဂလိပ်လို ရေးတဲ့အခါ စာမျက်နှာအဆုံးရောက်တာနဲ့  Enter ခေါက်ရန်မလိုဘဲ စာလုံးက အလိုလို ခေါက်သွားမှာ ဖြစ်ပါတယ်… အဲဒီလို စာလုံးခေါက်သွားတာကို Wrap လုပ်တယ်လို့  ခေါ်ပါတယ်…


Mg Mg is a student. လို့  အင်္ဂလိပ်လို Space ခြား ရေးသလိုပဲ
မောင်မောင်သည် ကျောင်းသားတစ်ယောက် ဖြစ်သည်။ ဆိုတာကို Space ခြားပြီး ရေးသားသွားရမှာ ဖြစ်ပါတယ်…


Space ခြား မရေးဘဲ ဆက်တိုက်ရေးသားခြင်းကို ရှောင်ကြဉ်ရပါမယ်…



နောက် အမှားများတဲ့ အချက်က ၇ နဲ့  ရ ကို မှားသုံးထားတာပါ…


နမူနာအနေနဲ့  ရေးပြမယ်ဆိုရင် -
အရှိကို အရှိအတိုင်း ကို
အ၇ှိကိုအ၇ှိအတိုင်း လို့  ရ ရေးရမဲ့ နေရာမှာ ၇ ကို သုံးထားခြင်းပါ…


၇ ဆိုတာ ဂဏန်းနံပါတ် ၇ ပါ…


မိမိစက်မှာ လက်ကွက်ကို Desktop မှာ တင်ထားမယ်ဆိုရင် အချိန်မရွေး မိမိရေးသားလိုတဲ့ စာလုံးအထပ်တွေကို ဘယ်လိုရေးသားရတယ်ဆိုတာ သိမှာပါ…
ဥပမာ - ၀ဏ္ဏ၊ အဓိပ္ပါယ်၊ သတ္တိ၊ ၀တ္ထု၊ သစ္စာ၊


နောက် မှားရေးသားတာက နုနယ်သော…ကို နုနယ်သောလို့  ရေးထားတာပါ…
သေချာကြည့်ရင် န ကို နု ထားတာနဲ့  န ကို နု ထားတာ မတူပါဘူး…


ရရစ်တွေမှာလဲ လေးမျိုးရှိပါတယ်…
ရရစ် အသေးက စာလုံးအသေးနဲ့  တွဲသုံးတာပါ…
ပြ၊ မြ၊ ခြ စသဖြင့်ပါ…


ရရစ်အပေါ်မှာ လုံးကြီးတင်တို့ ၊ လုံးကြီးတင်ဆံခတ်တို့  ထည့်တဲ့အခါမှာ သုံးတဲ့ ရရစ်မှာ အပေါ်က အပွင့်ပါ…


ဥပမာ - ပြ ဆိုတာမှာ လုံးကြီးတင် တင်ဖို့  နေရာပါပါတယ်… မြန်မာစာရေးသူများက လုံးကြီးတင် မပါဘဲ အပွင့်နဲ့  ရေးသားထားရင် မှားပါတယ်…
ပြ၊ မြ၊ ခြ လို့  ရေးရင် ကြည့်လို့  မကောင်းပါဘူး…
ပြီးပြီ၊ မြီးရှည် လို့  ရေးတဲ့အခါမှာသာ သုံးသင့်တာပါ…


ရရစ်အကြီးကတော့ စာလုံးအကြီးနဲ့  တွဲသုံးတာပါ…
ကြ၊ သြ စသဖြင့်ပါ…


လုံးကြီးတင်ပါမယ်ဆိုရင်တော့ အပွင့် ရရစ်ကို သုံးပါတယ်…
ကြ၊ သြ ကို ကြီး၊ သြဂုတ် စသဖြင့် သုံးရမှာပါ…


ဒီတစ်ခါ စာရိုက်တဲ့အခါ Select (ရွေးချယ်တဲ့) နည်းကို သင်ပေးပါမယ်…


မိမိရေးသားထားသော စာအားလုံးကို ရွေးချယ်လိုရင် စာထဲ တစ်နေရာမှာ Cursor လို့  ခေါ်တဲ့ Insertion Point ကို ထားပြီး Ctrl+A ကို တွဲနှိပ်လိုက်ရုံပါပဲ…


Microsoft Word မှာ မိမိရေးသားထားသော စာပိုဒ်တစ်ခုရဲ့ ဘယ်ဖက်ဘေးကို Mouse Pointer ရွှေ့ ကြည့်မယ်ဆိုရင် မျှားပြောင်းပြန်ပုံလေး ပေါ်လာမှာပါ…


အဲလိုပေါ်နေတုန်းကို Mouse Click လုပ်ကြည့်မယ်ဆိုရင် One Line Select (လိုင်းတစ်ကြောင်းလုံးကို ရွေးချယ်တာ)ပါ…


Double Click လုပ်မယ်ဆိုရင် One Paragraph Select (စာပိုဒ်ကို ရွေးချယ်တာ) ပါ…


Triple Click လုပ်မယ်ဆိုရင် The Whole Document Select (မိမိရေးသားထားသောစာအားလုံးကို ရွေးချယ်တာ) ပါ…



မိမိရေးသားထားသောစာကြောင်းထဲမှာ Insertion Point ထားပြီး Double Click လုပ်ကြည့်ပါက မိမိစာသားထဲမှ Space ခြားထားသော စာစုကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်… အင်္ဂလိပ်စာလုံးမှာဆိုရင် One Word Select ပါ...


Triple Click လုပ်မယ်ဆိုရင်တော့ မိမိရေးသားထားသော စာပိုဒ်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်…


နောက် ရွေးချယ်ပုံနည်းကတော့ Mouse Left Button ကို Press လုပ်ထားပြီး Drag ဆွဲပြီး ရွေးချယ်သွားတဲ့နည်းပါ… ဒီနည်းကတော့ Mouse ကိုင်တာ ကျွမ်းကျင်သူများ အသုံးပြုနိုင်ပါတယ်…
မိမိရွေးချယ်လိုသော စာသားနေရာအစမှာ Mouse ကို ထားပြီး မိမိရွေးချယ်လိုသောနေရာထိ Mouse Left button Press & Drag လုပ်သွားတာပါ…


အကောင်းဆုံးရွေးချယ်တဲ့နည်းကတော့ မိမိရွေးချယ်လိုသောနေရာအစမှာ Cursor (or) Insertion Point ကို ချထားပါ…
နောက် Shift Key ကို ဖိထားပြီး မိမိရွေးချယ်လိုသောနေရာအဆုံးမှာ Click လုပ်လိုက်တာပါ…


ဒီလောက်ဆိုရင် စာသားတွေ စာပိုဒ်တွေ ဘယ်လိုရွေးချယ်တယ်ဆိုတာ သိသွားမှာပါ…


မိမိစာသားများကို Copy ကူးလိုသောအခါ၊ ရွှေ့ ပြောင်းလိုသောအခါ ရွေးချယ်ရတဲ့အတွက် သိထားသင့်ပါတယ်…


ဒီတစ်ခါ မိမိစက်မှာရှိတဲ့ File နဲ့  Folder တွေကို ရွေးချယ်ပုံကို ပြောပြပါမယ်…


Select Files
Before you can work with a file or folder, you must select the item. For example, you can copy, move, delect or open a file or folder you select. When you select a file or folder, Windows highlights the item.
File သို့ မဟုတ် Folder တွေကို ကူးချင်လို့ ပဲဖြစ်ဖြစ်၊ ရွှေ့ ချင်လို့ ပဲ ဖြစ်ဖြစ်၊ ဖျက်ပစ်ချင်လို့ ပဲဖြစ်ဖြစ် ပြုလုပ်လိုတဲ့အခါ ထို File သို့ မဟုတ် Folder တို့ ကို ရွေးချယ်ပေးရန်လိုအပ်ပါတယ်… အဲလိုရွေးချယ်လိုက်တဲ့အခါ Windows မှာ အပြာရောင်ဖြစ်သွားတာကို Highlight ဖြစ်သွားတယ် လို့  ခေါ်ပါတယ်…


You can select and work with multiple files and folders.
This lets you perform the same procedure on several files and folders at the same time. Working with multiple files and folders saves you from repeating the same tasks over and over.
You can select files and folders using different techniques. The best way to select a group of files will depend on which view you use to display the items. For example, when you are working in the Large or Small Icons view, you can drag the mouse to form a rectangle around the groups of files you want to select.
File သို့ မဟုတ် Folder တွေကို ရွေးချယ်တဲ့အခါ တစ်ချိန်တည်းမှာ File များစွာ၊ Folder များစွာကို ရွေးချယ်နိုင်ပါတယ်…
ရွေးချယ်ပုံ နည်းစနစ်အမျိုးမျိုးရှိပါတယ်… အကောင်းဆုံးရွေးချယ်တဲ့နည်းကတော့ မိမိရွေးချယ်လိုသော File တွေကို Large or Small Icons View မှာ ထားပြီး Mouse နဲ့  Drag လုပ်ပြီး မိမိရွေးချယ်လိုသော Files များကို လေးထောင့်ပုံအတွင်း Group ဖြစ်အောင် ရွေးချယ်တဲ့နည်းပါ…


Select Random Files


Press and hold down the Ctrl key as you click each file you want to select.
Ctrl Key ကို ဖိထားပြီး မိမိရွေးချယ်လိုသော File တစ်ခုစီကို Click လုပ်ပြီး ရွေးချယ်လို့  ရပါတယ်…


Select Group of Files
1. Click the first file you want to select.
2. Press and hold down the Shift key.
3. Still holding down the Shift key, click the last file you want to select.


မိမိရွေးချယ်လိုသော File များက တစ်ဆက်တည်း ဖြစ်နေမယ်ဆိုရင် -
၁။ မိမိရွေးချယ်လိုသော ပထမဆုံး File ကို Click ပြုလုပ်ပါ။
၂။ Shift Key ကို ဖိထားပါ။
၃။ Shift Key ဖိထားလျက်နဲ့  မိမိရွေးချယ်လိုသော နောက်ဆုံး File ကို Click ပြုလုပ်ပါ။


Drag Mouse to Select Files
  1. Position the mouse to the left of the first file you want to select.
  2. Drag the mouse to form a retangle around the files you want to select.
Mouse ကို Drag ပြုလုပ်ရွေးချယ်ခြင်း
၁။ မိမိရွေးချယ်လိုသော ပထမဆုံး File ရဲ့ ဘယ်ဖက်မှာ Mouse ကို ထားပါ။
၂။ မိမိရွေးချယ်လိုသော File များအားလုံးဝင်အောင် လေးထောင့်ပုံ Drag ဆွဲသွားပါ။


Select All Files
Files များအားလုံး ရွေးချယ်လိုပါက -
Select the one file.
File တစ်ခုကို ရွေးထားပါ။
Then Press Ctrl+A on your keyboard. You can see selected all files.
ထိုနောက် Keyboard မှ Ctrl Key နှင့် A Key ကို တွဲနှိပ်ပါက File များအားလုံး ရွေးသွားပါလိမ့်မယ်…
နောက်တစ်နည်းကတော့ File တစ်ခုကို ရွေးထားပြီး Edit Menu မှ Select All ကို Click ပြုလုပ်လျှင်လည်း ရပါတယ်…


How do I deselect files or folders and start over?
ရွေးချယ်ပြီးသော Files or Folder ကို မရွေးချင်တော့ရင် ဘာလုပ်မလဲ?
Click a blank area on your screen.
သင်ရဲ့ Screen လွတ်နေသော နေရာတွင် Click ပြုလုပ်လိုက်ပါ။


How do I deselect one file or folder from a group I have selected?
ရွေးချယ်ထားပြီးသားတွေထဲမှ File or Folder တစ်ခုထဲကိုပဲ မရွေးချင်တော့ရင် ဘယ်လိုလုပ်မလဲ?
Hold down the Ctrl key while you click on the file or folder you want to deselect.
Ctrl Key ကို ဖိထားပြီး မိမိမရွေးချင်တော့တဲ့ File or Folder ကို Click ပြုလုပ်လိုက်ပါ။


မိမိစာအရေးအသားများကို ရေးသားတဲ့နေရာမှာ လွမ်းကိုယ်တိုင်လည်း အမှားနည်းနိုင်သမျှ နည်းအောင် ရေးသားသလို သူငယ်ချင်းများလည်း လေ့လာရေးသားနိုင်ကြရန် တိုက်တွန်း ရေးသားလိုက်ရပါတယ်…


တစ်ခါတစ်ရံ လွမ်း မှားသုံးတာရှိရင်လည်း မှတ်ချက်ရေးသားပြုပြင်ပေးနိုင်ပါတယ်…


ကွန်ပျူတာနည်းပညာများကို ဆည်းပူးလေ့လာတတ်ကျွမ်းကြပါစေ…






လွမ်းဧကရီ
၂၃-၁၂-၂၀၁၁
နေ့ လည် ၁း၂၀ နာရီ

No comments: