Sunday, October 21, 2012

Folder လေးတွေနဲ့ File Name တွေမှာ မြန်မာလိုရေးချင်ရင်

Folder လေးတွေနဲ့ File Name  တွေမှာ မြန်မာလိုရေးချင်ရင်



လွမ်း ဒီတစ်ခါရေးမဲ့ နည်းပညာက သိပြီးသူတွေများမှာပါ…

Computer Operation System ကို Windows 7 တင်ထားသူအတွက် Folder နဲ့ File Name တွေမှာ မြန်မာလိုရေးချင်ရင် လုပ်ပုံအဆင့်ဆင့် ရေးပြသွားပါမယ်…

 

၁။ မိမိ Display ပေါ်မှာ Right Click လုပ်ပြီး Personalize ကို ရွေးရပါမယ်…





၂။ Personalization Window ပွင့်လာပြီဆိုရင်တော့ Window Color ကို ရွေးပါ…


၃။ Advanced Appearance Settings… ကို ရွေးပါ။ Window Color and Appearance Window ပေါ်လာပါလိမ့်မယ်…


 ၄။ Item က မျှားလေးကို Click လုပ်ပြီး Icon ဆိုတာကို ရွေးလိုက်ပါမယ်…

၅။ Font နေရာမှာ မိမိကြိုက်နှစ်သက်တဲ့ မြန်မာ Font တစ်မျိုးကို ရွေးပါမယ်… Apply >>> OK ပြုလုပ်လိုက်ပါမယ်…

ဒါဆိုရင် Folder Name မှာ မြန်မာလိုပေးထားလို့ ရသွားပါလိမ့်မယ်…

လွမ်းက Display Screen နောက်ခံကို အမျိုးမျိုး ပြောင်းတတ်ပါတယ်…

အဲလို Theme တွေ ပြောင်းသွားတဲ့အခါ မြန်မာလို ရေးထားတာတွေက အတုံးတွေ ဖြစ်သွားတတ်ပါတယ်…

ဒီတော့ အထက်မှာ ရေးထားတဲ့အတိုင်း အဆင့်ဆင့် ပြန်လည်ပြုလုပ်ရပါတယ်…

သူငယ်ချင်းများ Computer အသုံးပြုရင်း နည်းပညာများ ကြွယ်ဝကြပါစေ…




လွမ်းဧကရီ

၂၁-၁၀-၂၀၁၂

နံနက် ၆:၅၅ နာရီတွင် ရေးပြီးပါသည်။

No comments: