Wednesday, September 21, 2011

ကွန်ပျူတာအခြခံ အပိုင်း(၁၁)

ကွန်ပျူတာအခြခံ အပိုင်း(၁၁)

အခုအပိုင်းမှာ မိမိကွန်ပျူတာမှ File များကို ဘယ်လိုကူးမယ်၊ ဘယ်လိုရွှေ့ မယ်ဆိုတာနဲ့  ပတ်သက်ပြီး ပထမဆုံး ရှင်းပြပါမယ်…


Move and Copy Files
File များကို ရွှေ့ ခြင်းနဲ့  ကူးခြင်း


You can move or copy your files when you want to take work home, share documents with a colleage or recoganize files on your hard drive. Copying files is also useful for making backup copies.
When you move a file, you delete the file from its original location.
When you copy a file, you create a second file that is exactly the same as the first, you can place the copy in another folder on your computer, on a network drive, on a memory stick. If you create a copy in the same folder, Windows will add “Copy of” to the file name.


မိမိ ကွန်ပျူတာမှ File များကို သူငယ်ချင်းများထံ ပေးပို့ လိုသည်ဖြစ်စေ၊ သူငယ်ချင်းများထံမှ မိမိလိုချင်သည့် File များကို မိမိကွန်ပျူတာထဲသို့  ထည့်သွင်းလိုသည်ဖြစ်စေ File များကို ရွှေ့ ခြင်းနဲ့  ကူးယူခြင်းများ ပြုလုပ်နိုင်ပါတယ်… File ကူးယူခြင်းဟာ မိမိ File များကို Backup copies များအဖြစ် သိမ်းထားရာမှာ အသုံးဝင်ပါတယ်…
File တစ်ခုကို ရွှေ့ ခြင်းပြုလုပ်ပါက မိမိက ၄င်း File ကို မူလနေရာမှ ဖျက်ပစ်လိုက်ခြင်း ဖြစ်ပါတယ်…
File တစ်ခုကို ကူးခြင်းပြုလုပ်ပါက မိမိကူးသည့် File နှင့် ထပ်တူညီသော နောက် File တစ်ခုကို ထပ်မံပြုလုပ်လိုက်ခြင်းပင် ဖြစ်ပါတယ်… မိမိကူးလိုက်သည့် File ကို မိမိကွန်ပျူတာရဲ့ တခြားသော Folder ထဲတွင် ထားနိုင်သကဲ့သို့  Memory Stick ထဲတွင်လည်း ထားနိုင်ပါတယ်… တကယ်လို့  တူညီတဲ့ Folder ထဲမှာပဲ ထားလျှင် မိမိ File နာမည်ရှေ့ တွင် “Copy of” လို့  တပ်ပေးထားမှာ ဖြစ်ပါတယ်…

You can also move and copy folders. When you move or copy a folder, all files in the folder are also moved or copied.
File ကဲ့သို့ ပင် Folder များကိုလည်း ရွှေ့ နိုင်၊ ကူးနိုင်ပါတယ်… Folder ကို ရွှေ့ ခြင်း (သို့ မဟုတ်) ကူးခြင်းပြုလုပ်လျှင် Folder အတွင်းမှ File များအားလုံးကိုပါ ရွှေ့ ခြင်း၊ ကူးယူခြင်းဖြစ်သွားမှာပါ….

When you drag and drop a file, the result depends on the file’s destination. When you drag a file to a new location on the same drive, Windows moves the file. When you drag a file onto a different drive, Windows copies the file.
တကယ်လို့  File တစ်ခုကို Mouse ဖြင့် ထောက်ပြီး ဆွဲယူပြီး လွှတ်ချလိုက်လျှင် File ကို လွှတ်ချမဲ့ နေရာပေါ်မူတည်ပြီး ရွှေ့ ခြင်း (သို့ မဟုတ်) ကူးယူခြင်း ဖြစ်သွားမှာပါ…
တကယ်လို့  File တစ်ခုကို တူညီတဲ့ Drive မှာပဲ ဆွဲယူပြီး လွှတ်လိုက်မယ်ဆိုရင် Windows က အဲဒီ့ File ကို ရွှေ့ ပေးလိုက်မှာပါ…
တကယ်လို့  File တစ်ခုကို မတူညီတဲ့ Drive ပေါ်ကို ဆွဲယူပြီး လွှတ်ချလိုက်မယ်ဆိုရင် Windows က အဲဒီ့ File ကို ကကူးပေးလိုက်မှာ ဖြစ်ပါတယ်…



Move Files
  1. Select the files you want to move.
  2. Position the mouse over one of the files.
  3. Drag the files to new location.

၁။ မိမိရွှေ့ လိုသော Files များကို ရွေးချယ်ထားပါ။
၂။ ရွေးချယ်ထားသော Files များအနက် File တစ်ခုပေါ်တွင် Mouse Pointer ကို ထားပါ။
၃။ Mouse Left Button ကို File ပေါ်တွင် ဖိထားပြီး မိမိထားလိုသောနေရာသို့  ဆွဲယူသွားပါ။


တစ်နည်း။ ။ Mouse ကိုင်တာ မကျွမ်းကျင်ဘူးဆိုရင်တော့ Mouse Press & Drag ကို မသုံးပဲ မိမိရွှေ့ လိုတဲ့ File ပေါ်မှာ Mouse Pointer ထားပြီး Right Click >>> Cut လို့  Click လုပ်ပါ။ 


ပြီးလျှင် မိမိထားလိုသောနေရာတွင် Mouse Pointer ကိုထားပြီး Right Click >>> Paste ပြုလုပ်ရုံပါပဲ။


Copy Files
  1. Select the files you want to copy.
  2. Position the mouse over one of the files.
  3. Press and hold down the Ctrl key.
  4. Still holding down the Ctrl key, drag the files to the new location. When copying files, a plus sign + appears under the mouse pointer.

၁။ မိမိကူးလိုသော File များကို ရွေးချယ်ထားပါ။
၂။ ရွေးချယ်ထားသော File များအနက် File တစ်ခုပေါ်တွင် Mouse Pointer ကို ထားပါ။
၃။ Keyboard မှ Ctrl Key ကို ဖိထားပါ။
၎။ Ctrl Key ကို ဖိထားလျက်အနေအထားဖြင့် File ကို ထောက်၍ Mouse Left Button ဖိပြီး မိမိကူးထားလိုသောနေရာသို့  ဆွဲယူသွားပါ။ File များကူးသောအခါ Mouse Pointer အောက်ဖက်တွင် Plus sign + ပေါ်နေမှာ ဖြစ်ပါတယ်။


တစ်နည်း။ ။ Mouse ကိုင်တာ မကျွမ်းကျင်ဘူးဆိုရင်တော့ Mouse Press & Drag ကို မသုံးပဲ မိမိကူးလိုတဲ့ File ပေါ်မှာ Mouse Pointer ထားပြီး Right Click >>> Copy လို့  Click လုပ်ပါ။ 


ပြီးလျှင် မိမိထားလိုသောနေရာတွင် Mouse Pointer ကိုထားပြီး Right Click >>> Paste ပြုလုပ်ရုံပါပဲ။



Copy Files to a Memory Stick
  1. Select the files you want to copy to a memory stick.
  2. Right-click one of the files. A menu appears.
  3. Click Send To.
  4. Click the drive you want to receive a copy of the files.

၁။ Memory Stick ထဲကို File များကူးမယ်ဆိုရင် မိမိကူးလိုတဲ့ File များကို ရွေးချယ်(Highlight) ထားပါ။
၂။ ရွေးချယ်ထားသော File များအနက် File တစ်ခုပေါ်တွင် Mouse Pointer ကို ထားပြီး Right Click ပြုလုပ်ပါ။
၃။ ပေါ်လာသော Shortcut Menu ထဲမှ Send to ဆိုတာကို Click လုပ်ပါ။
၎။ မိမိ File များကို ကူးလိုတဲ့ Memory Stick Drive ကို Click ပြုလုပ်ပါ။




Delete Files


You can remove documents, folders and programs you no longer need to free up space on your computer. If you delete a folder, Windows erases all the files and folders inside the folder. To protect you from accidentally erasing files, Windows stores deleted files in the Recycle Bin.
မိမိကွန်ပျူတာရဲ့ Hard Disk မှာ မလိုအပ်တဲ့ Document တွေ၊ Folder တွေ၊ Program တွေကို ဖျက်ပစ်ရပါမယ်။ ဒါမှ မိမိသိမ်းဆည်းလိုသော အချက်အလက်များ သိမ်းဆည်းရန် နေရာလွတ် ရရှိမှာ ဖြစ်ပါတယ်။ Folder ကို ဖျက်မယ်ဆိုရင်တော့ အဲဒီ့ Folder ထဲမှာ သိမ်းထားတဲ့ File တွေ၊ Folder တွေအားလုံးကို ဖျက်သွားမှာပါ။ Files များကို ရုတ်တရက် ဖျက်မိခြင်းမှ ကာကွယ်ရန် Windows က Recycle Bin လို့  ခေါ်တဲ့ အမှိုက်ပုံးထဲကို ခေတ္တ သိမ်းထားပေးမှာပါ။

As a precaution, Windows asks you to confirm the files you are erasing. Make sure you do not delete system files required to run Windows or files required by programs you still use. Do not delete any file unless you are certain you no longer need the file.
Files များကို ဖျက်တယ်ဆိုရင် Windows က ဖျက်မှာ သေချာလားလို့  မေးတတ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Programs တွေမှာ လိုအပ်တဲ့ System Files များ၊ Windows အသုံးပြုနေတဲ့ System Files များကို မဖျက်မိဖို့  အထူးသတိပြုရပါမယ်။ လုံးဝ မဖျက်မိပါစေနဲ့ ။

Before you delete documents, consider the value of the documents. You may want to save a copy on a memory stick or a backup drive. The cost of memory stick and drive is small compared to the cost of recreating a document.
စာတစ်ခုကို ဖျက်တော့မယ်ဆိုရင် ဒီစာဟာ မိမိအတွက် အသုံးလိုမလို အရင် စဉ်းစားပါ။ Memory Stick သို့ မဟုတ် Backup Drive (တစ်နည်း) External Hard Disk တွေမှာ ကူးယူထားနိုင်ပါတယ်။

  1. Select the files you want to delete.
  2. Press the Delete key. A dialog box appears confirming the deletion.
  3. Click Yes to delete the files. The files disappear.
Windows places the files in the Recycle Bin.
You can immediately restore files you just deleted.
  1. Right-click a blank area in the window or on the desktop. A menu appears.
  2. Click Undo Delete.
Instead of performing steps 1 and 2, you can also click the Undo button in the window.


၁။ မိမိဖျက်လိုသော Files များကို ရွေးချယ် (Highlight) ထားပါ။
၂။ Keyboard မှ Delete Key ကို နှိပ်လိုက်ရုံပါပဲ။ ဒီအခါ ဖျက်မှာ သေချာလားလို့  မေးတဲ့ Dialog Box ပေါ်လာပါလိမ့်မယ်။



၃။ Yes လို့  Click လုပ်လိုက်ရင်တော့ ဖျက်လိုက်တဲ့ Files များ ပျောက်သွားပါလိမ့်မယ်။
Windows က ဖျက်လိုက်တဲ့ Files တွေကို Recycle Bin ထဲမှာ ထားလိုက်တာပါ။


ဖျက်လိုက်တဲ့ Files တွေကို ချက်ခြင်း ပြန်ယူနိုင်ပါတယ်။
၁။ Desktop ပေါ် (သို့ မဟုတ်) Window ရဲ့ လွတ်တဲ့နေရာမှာ Mouse Right Click ပြုလုပ်ပါ။ Shortcut Menu ပေါ်လာပါလိမ့်မယ်။
၂။ Undo Delete ဆိုတာကို Click ပြုလုပ်လိုက်ပါ။


ဒီ အချက် နှစ်ခုပြုလုပ်မဲ့အစား Window မှာပါတဲ့ Undo Button ကို Click လုပ်လည်း ရပါတယ်။ Keyboard ကနေ ပြုလုပ်မယ်ဆိုရင် Ctrl+Z ပါ။ ဖျက်ပြီး ချက်ခြင်းပြန်လုပ်ရမှာပါ။


တကယ်လို့  တစ်ချိန်မှာ Recycle Bin ထဲ ရောက်နေတဲ့ File ကို ပြန်လိုချင်ရင် Recycle Bin ထဲက ပြန်လိုချင်တဲ့ File ပေါ်မှာ Mouse ထားပြီး Right Click >>> Restore Click ပြုလုပ်ရုံပါပဲ။
Recycle Bin ထဲမှာ ဘာ File မှ ရှိမနေချင်ရင်တော့ ပုံမှာ အနီဝိုင်းပြထားတဲ့အတိုင်း Empty the Recycle Bin ဆိုတာကို Click လုပ်ရုံပါပဲ။




ဒီတစ်ခါ မေးခွန်း အမေးအဖြေလေးနဲ့  ရှင်းပြပါမယ်။


How do I delete a confidential file so it cannot be recovered?
လုံးဝ ပြန်မယူချင်တော့တဲ့ အရေးကြီး File များကို ဘယ်လိုဖျက်မလဲ။


Select the file and then press the Shift and Delete keys. The file will be deleted from your computer and will not appear in the Recycle Bin.
မိမိဖျက်လိုတဲ့ File ကို ရွေးချယ်ပြီး Keyboard မှ Shift Key ကို ဖိထားပြီး Delete Key နှိပ်လိုက်ပါက သင်၏ကွန်ပျူတာတွင် လုံးဝဖျက်ပြီး ဖြစ်နေပါလိမ့်မယ်။ Recycle Bin မှာ မရှိတော့ပါ။ ပြန်ယူချင်လို့ လည်း မရတော့ပါ။

Can I delete any file on my computer?
မိမိကွန်ပျူတာမှ မည်သည့် File ကို မဆို ဖျက်နိုင်ပါသလား။


It is best to delete only the documents that you have created. If you want to delete other files or programs to free up space on your hard drive, you can use the Disk Cleanup tool.
မိမိကိုယ်တိုင်ပြုလုပ်ထားသော စာများကိုသာ ဖျက်သင့်ပါတယ်။ မိမိ Hard Disk မှာ နေရာလွတ်များ ပြန်လည်ရရှိလိုပါက Disk Cleanup Tool ကို အသုံးပြုသင့်ပါတယ်။
Hard Disk Clean လုပ်ပုံကို ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။

Is there another way to delete a file?
File ကို ဖျက်နိုင်သော အခြားသောနည်း ရှိပါသလား။


You can drag and drop a file to the Recycle Bin to delete the file.
မိမိဖျက်လိုသော File ကို Mouse Left Button ဖြင့် ဖိယူလာပြီး Recycle Bin ထဲကို လွှတ်ချနိုင်ပါတယ်။
Mouse ကိုင်တာ ကျွမ်းကျင်မှ သုံးပါ။

Are all deleted files placed in the Recycle Bin?
ဖျက်တဲ့ Files တွေအားလုံး Recycle Bin ထဲမှာ ထားတာလား။


Files deleted from memory stick or other removable disks are not placed in the Recycle Bin and cannot be recovered.
Memory Stick (သို့ မဟုတ်) အခြားသော Removable Disk (တစ်နည်း) External Hard Drive များမှ File များကို ဖျက်လျှင် Recycle Bin ထဲ မထားပါ။ သို့ အတွက်ကြောင့် Memory Stick ထဲမှ File များကို ဖျက်လျှင် ပြန်ယူလို့  မရတော့ပါ။


ယခု ရေးသားသော နည်းပညာအပိုင်းတွင် Files များကို ပြောင်းရွှေ့ ခြင်း၊ ကူးယူခြင်း၊ ဖျက်ခြင်းတို့ တွင် မိမိ ရွှေ့ ပြောင်း၊ ကူးယူ၊ ဖျက်လိုသော File များကို Select (ရွေးချယ်) ပေးရပါသည်။


ရွေးချယ်ပုံကို နောင်တွင် အကျယ်ရေးသားဖော်ပြပေးပါမည်။


အင်တာနက်ကို အသုံးပြုရင်း ကွန်ပျူတာနည်းပညာများ တိုးတက်ကြပါစေ။







လွမ်းဧကရီ
၁၈-၀၉-၂၀၁၁
စာရေးပြီးချိန် - နေ့ လည် ၁၁း၄၀ နာရီ

2 comments:

Admin said...

လေ့လာသွားပါတယ် မမလွမ်းရေ လင့်လည်းချိတ်သွားတယ်နော်

Unknown said...

လာရောက်လည်ပတ် လေ့ လာသွားပါတယ် လွမ်းရေ :)