Wednesday, November 23, 2011

PhotoShop ဖြင့် Text ထည့်ခြင်း

PhotoShop ဖြင့် Text ထည့်ခြင်း


အခုတလော Internet Connection ကြောင့် Gtalk ကနေ စကားပြောဖို့ ဝေးရော၊ Connection တက်လိုက်၊ ကျလိုက်နဲ့ ကိုယ်ရေးတာ သူမဖတ်ရ၊ သူရေးတာ ကိုယ့်ဆီမရောက်နဲ့ စိတ်ညစ်နေရတဲ့ အနေအထားပါ…


ဒီကြားထဲ Internet Connection ကြောင့် ကိုကိုနဲ့ မတွေ့ရတော့ဘူးဆိုပြီး လွမ်းကို လာနောက်ပြောင်နေတဲ့သူက ရှိသေးတယ်ဗျာ…


လွမ်းကလည်း တစ်ခွန်းမခံ ပြန်ပြောတာပဲ…


ကိုကိုနဲ့ စကားမပြောရပေမဲ့လည်း စာပို့ပြီး အပြန်အလှန်ပြောကြတာပေါ့လို့… စာပို့လို့ ရသေးလို့ တော်ပါသေးရဲ့… :P

ဒီနေ့တော့ စိတ်လိုလက်ရ ကိုကို့ဆီ စာပို့ဖို့ ပြင်ဆင်တာလေးကို သူငယ်ချင်းတို့ကို ပြောပြမယ်နော်… (တကယ်တော့ မပို့ပါဘူး… စိတ်ဝင်စားအောင် ပြောတာပါ… :P)

ဒီပုံက Website တစ်ခုက ယူထားတဲ့ပုံလေးပါ…

ဒီပုံလေးကို Fotolr PS HD က နဂိုရှိပြီး Design လေးထဲကို ထည့်လိုက်ပါတယ်…

Adobe PhotoShop CS5 ထဲမှာ Open ပြီး Text Tool ကို ရွေးချယ်ပါတယ်…

Text Box ပြုလုပ်တာနဲ့ Text Layer ကို ဖွင့်ပြီးဖြစ်နေတာကို တွေ့ရမှာပါ… Text ရဲ့ Font, Size နဲ့ Color တို့ကို ရွေးချယ်ရပါမယ်…


 




Text ကို ရေးပြီး စာရွက်အတိုင်း စောင်းရန်အတွက် Edit >>> Transform >>> Rotate ဆိုတာကို ရွေးချယ်ပါမယ်…

စာရွက်အစောင်းအတိုင်း စာလုံးကို Rotate ပြုလုပ်ပေးပါမယ်…





စာလုံးကို စာရွက်အတိုင်း စောင်းပြီးရင် Move Tool ယူပြီး စာလုံးကို ရွှေ့ပြောင်းလို့ရပါတယ်…



ဒါဆိုရင် ကိုကို့ဆီပို့ဖို့ အဆင်သင့်ဖြစ်သွားပါပြီ…

Text နှစ်ကြောင်းအတွက် Text Layer နှစ်ခု ရှိနေမှာပါ… ကိုယ်ပြင်ချင်တဲ့ Text Layer ကို Select လုပ်ထားပြီး ပြင်လို့ရပါတယ်…


သူငယ်ချင်းတို့က စာလုံးလေးတွေက ရိုးတယ်လို့ထင်ရင် ပုံတွင်ပြထားသည့်အတိုင်း Styles မှ တစ်ခုချင်းဆီကို ရွေးချယ်ပြီး စာလုံး Style လေးတွေ ပြောင်းပေးလို့ ရပါတယ်…

နောက်တစ်ခုက စာလုံးရေးတဲ့ ပုံစံအမျိုးမျိုး ပြောင်းလို့ရတာပါ…

PhotoShop Software ဖြင့် စာလုံးပုံစံမျိုးစုံ ရေးတတ်ကြပါစေ…

ကွန်ပြူတာနည်းပညာများ တိုးတက်ကြပါစေ…


လွမ်းဧကရီ

၂၈-၁၀-၂၀၁၁

ညနေ ၆:၁၅ နာရီ

No comments: