Wednesday, September 21, 2011

ကွန်ပြူတာအခြေခံ အပိုင်း(၉)

ကွန်ပြူတာအခြေခံ အပိုင်း(၉)

 

လွမ်းက AutoCAD လို့ခေါ်တဲ့ Basic Engineering Drawing ကို သင်ကြားပေးနေသူ ဖြစ်ပါတယ်။

CAD ရဲ့ အဓိပ္ပါယ်ကိုက Computer Aided Design ပါ။ ကွန်ပြူတာအကြောင်း မသိဘဲ ကွန်ပြူတာနဲ့ ပုံဆွဲတာကို သင်ကြားပေးလို့ မရပါဘူး။

လွမ်းရေးခဲ့တဲ့ ကွန်ပြူတာအခြေခံများဟာ Application Software တစ်ခုကို မသင်ကြားမှိ သိသင့်တဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရား၊ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်။

လွမ်းရေးခဲ့တာတွေဟာ အခြေခံသဘောတရားကလွဲလို့ အသေးစိတ်ရေးထားခြင်း မဟုတ်ပါဘူး။

ကွန်ပြူတာကို သုံးနေသူတစ်‌ယောက်အနေနဲ့ အခြေခံသိထားသင့်တဲ့ အချက်တွေကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်။

အခုနောက်ပိုင်း Laptop ဝယ်သည်ဖြစ်စေ၊ Desktop ဝယ်သည်ဖြစ်စေ၊ Operating Software ကို Windows 7 ကိုသာ တင်ပေးတတ်ပါတယ်။

Windows XP တုန်းက သုံးရကောင်းသလို တော်တော်များများ Software တွေကို တင်ရလွယ်ကူပါတယ်။

Windows Vista ထွက်လာတော့ Graphic တွေက အရမ်းကောင်းလာပါတယ်။ ဒါပေမဲ့ တစ်ချို့ Software တွေ တင်တဲ့အခါ Error များ ရှိလာပါတယ်။

Windows 7 မှာတော့ Vista လို Graphic တွေက ကောင်းလာတဲ့အပြင် Software တင်တဲ့အခါမှာလည်း တင်လို့ လွယ်ကူတာကို တွေ့ရမှာပါ။

ဒီ‌နေ့တော့ မိမိရဲ့ ကွန်ပြူတာမှာ File တွေကို ဘယ်လိုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါတယ်။

လွမ်းရဲ့ Laptop မှာလည်း Windows 7 တင်ထားတာမို့ Windows 7 ကို အခြေခံပြီး ရေးသွားပါမယ်။

Display ပေါ်မှာ မိမိသုံးနေသော Software မှလွဲပြီး မည်သည့် File မျှ တင်မထားလျှင် ပိုကောင်းပါတယ်။



Open Files


You can open a file directly from My Computer or Windows Explorer to display its contents on your screen.
Each file on your computer is associated with a program. When you open a file, the associated program starts automatically. For example, bitmap files with the extension .bmp are usually associated with the Paint program. When you pen a file with the .bmp extension, the Paint program starts and the file is opened.
If Windows does not know which program to start, the Open With dialog box appears. You can choose which program you want to use to display the file.

Windows 7 မှာ Windows Explorer ဖွင့်တာဟာ Libraries ကို Click လုပ် ဖွင့်လိုက်ရုံပါပဲ။

ဒီနေရာမှာ မိမိဖွင့်ထားတဲ့ Path လမ်းကြောင်းလေးကို Address Bar က ပြနေမှာဖြစ်ပါတယ်။

မိမိရွေးချယ်ထားသော File ရဲ့ အချက်အလက်တွေကို Status Bar ကနေ ပြနေမှာပါ။

Menu Bar မှလည်း မိမိအသုံးပြုလိုရာကို ရွေးချယ်ပေးနိုင်ပါတယ်။ ဥပမာ - Organize Menu ကို Click လုပ်ကြည့်လျှင် Cut, Copy, Paste, Rename, Select All စသဖြင့် ပါရှိမှာပါ။

လွမ်းက My Pictures အောက်မှာ DL Pictures လို့ Folder လေးတစ်ခု ဖွင့်ထားတာပါ။

My Pictures အောက်မှာ Folder အသစ်ဖွင့်လိုပါက My Pictures တွင် Mouse Pointer ထားပြီး Right Click ပြုလုပ်ပါက Pop-up Menu ထဲမှ New>>>Folder ကို ရွေးပြီး မိမိပေးလိုသော နာမည်ကို ပေးရုံပါပဲ။

လွမ်းက Comment ပေးတဲ့အခါ ပုံလှလှလေးတွေ လိုက်ပေးတတ်သလို ကိုယ့်ဆီ လာပေးတဲ့ပုံလေးတွေကိုလည်း သိမ်းထားတတ်ပါတယ်။

ပုံတွေက မျိုးစုံပါဝင်တာမို့ လွမ်းက DL Pictures ထဲမှာ Folder တွေ ထပ်ခွဲထားပါတယ်။ ပုံတွင် မြင်ရတဲ့အတိုင်း ဝက်ဝံ၊ ကြောင်၊ စုံတွဲ၊ ကော်ဖီ၊ နှင်းဆီ စသဖြင့်ပါ။

ခုဆိုရင် Address Bar မှာ မြင်ရတဲ့အတိုင်း Coffee ဆိုတဲ့ Folder ကို ဖွင့်ထားတာပါ

ဘယ်ဖက်ခြမ်းမှာက Folder များကိုသာပြပြီး ညာဖက်ခြမ်းမှာ မိမိရွေးချယ်ထားတဲ့ Folder ထဲမှ Files များကို ပြတာပါ။ လွမ်းသိမ်းထားသော ကော်ဖီပုံများကို မြင်ရမှာပါ။

ကိုယ်ဖွင့်ချင်တဲ့ Software Location ကိုလည်း ပေးလို့ရပါတယ်။

ပေးပုံပေးနည်းက Double Click မလုပ်ဘဲ ကိုယ်ဖွင့်ချင်တဲ့ပုံကို Mouse Pointer ထားပြီး Right Click >>>Open with ဆိုတာကို ထောက်လိုက်ရမှာပါ။

ကိုယ့်စက်ထဲမှာရှိတဲ့ Software ပေါ်လာပါလိမ့်မယ်။


ဥပမာ - လွမ်းက ပုံကို ချဲ့ချင် (သို့မဟုတ်) ချုံ့ချင်တဲ့အခါ Open with ထဲက Microsoft Office Picture Manager ကို ရွေးပြီး ဖွင့်လိုက်ပါတယ်။

အဲဒီ File တွေထဲက ကိုယ်ဖွင့်ချင်တဲ့ပုံကို Double Click လုပ်တာနဲ့ ပွင့်သွားမှာပါ။

Open File လုပ်လိုက်တာနဲ့ ကိုယ်ထည့်ထားတဲ့ Software ပေါ် မူတည်ပြီး ပုံကို ဖွင့်ပြမှာပါ။

လွမ်းရဲ့ Coffee ပုံက Windows Photo Viwer နဲ့ ပွင့်သွားတာပါ။

ပုံဟာ Microsoft Office Picture Manager နဲ့ ပွင့်လာပါတယ်။ ဒီနေရာမှာ ပြောချင်တာက မိမိစက်မှာ Microsoft Office တင်ထားမှသာ Picture Manager က ပါလာမှာပါ။

Open Recently Used Files

Windows helps you quickly find and open a file you recently worked with.
Windows remembers the last files you opened or saved and displays the names of the files in a list on the Start menu. You can quickly open any of these files to review or make changes to the files.

Windows 7 မှာ မိမိနောက်ဆုံးအသုံးပြုခဲ့သော Files များကို သိမ်းထားတဲ့အတွက် အလွယ်တကူ ပြန်လည်ဖွင့်နိုင်ပါတယ်။

Start ကို Click ပြုလုပ်တာနဲ့ မိမိသုံးခဲ့သော Software များတွင် မျှားအနက်ပေါ်နေပြီး နောက်ဆုံး သိမ်းခဲ့သော File ၁၀-ခုကို ပြထားသည့်အတွက် မိမိဖွင့်လိုသည့် File ကို ဖွင့်ရုံပါပဲ။

လွမ်းက အခုစာနှင့်တွဲ၍ Paint တွင် Print Screen ပုံများ Paste ပြုလုပ်သိမ်းထားသည့်အတွက် Paint တွင် လွမ်းနောက်ဆုံးသိမ်းခဲ့သော ပုံများ ရှိနေပါတယ်။

မိမိဖွင့်လိုသောပုံကို Click ပြုလုပ်ရုံမျှဖြင့် သက်ဆိုင်ရာ Paint Software တွင် ပွင့်သွားမှာ ဖြစ်ပါတယ်။

မိမိနောက်ဆုံးနားထောင်ခဲ့သော သီချင်းများ၊ ပုံများ၊ စာများကို Start ပြုလုပ်ပြီး ပြန်လည် ဖွင့်နိုင်ပါတယ်။

ဒီနေ့တော့ File လေးတွေကို Folder ခွဲသိမ်းတတ်ဖို့နဲ့ ဖွင့်ပုံ၊ ဖွင့်နည်းလေးကိုပဲ ဆွေးနွေး ရေးသားပါတယ်။

ကွန်ပြူတာကို သုံးခြင်းဖြင့် နည်းပညာများ တိုးတက်ပါစေ။




လွမ်းဧကရီ

၂၁-၀၆-၂၀၁၁

ညနေ ၂:၁၀ နာရီ

No comments: