Wednesday, November 23, 2011

PhotoShop ဖြင့် မိမိပုံကို ဖြတ်ထုတ်ခြင်း

PhotoShop ဖြင့် မိမိပုံကို ဖြတ်ထုတ်ခြင်း

 

လွမ်း… ပြည်ပခရီးစဉ်လေးကို ရေးရင်းနဲ့ နည်းပညာလေးတစ်ခုကို စာရေးတင်အုန်းမယ်လို့ စိတ်ကူးရလာပါတယ်…

လွမ်းက စာရေးတဲ့အခါ ကိုယ်ပိုင်ခံစားချက်နဲ့ စာရေးတတ်ပြီး ခရီးသွားမှတ်တမ်း ရေးသားတဲ့အခါ ကိုယ်တိုင်ရိုက်လာတဲ့ ဓာတ်ပုံများကိုသာ အသုံးပြုတတ်ပါတယ်…

Website မှ ပုံများကို အသုံးပြုတဲ့အခါ တစ်ခါတစ်ရံ မိမိအသုံးပြုတဲ့ပုံက Website မှာ မရှိတော့ရင် Blank ဖြစ်သွားတတ်သလို Picture Not Found ဆိုတဲ့စာတွေ ပေါ်လာတတ်ပါတယ်…

ဒီတော့ မိမိကိုယ်ပိုင်ပုံလေးကို အသုံးပြုတဲ့အခါ Double Helix Bridge ကို သီးခြားရိုက်ထားတာ မရှိတဲ့အတွက် လွမ်းပါနေတဲ့ ဓာတ်ပုံမှာ လွမ်းပုံကို ဖြတ်ထုတ်ဖို့ PhotoShop Software ကို အသုံးပြုခဲ့ပါတယ်…

ပုံတွေကို Edit လုပ်တဲ့အခါဖြစ်စေ၊ ပုံတွေမှာ စာရေးတဲ့အခါဖြစ်စေ၊ Animation စာလေးတွေ လုပ်ချင်တဲ့အခါ လွမ်း PhotoShop Software ကို အသုံးပြုပါတယ်…

လွမ်းပုံကို ဖြတ်ထုတ်ထားပုံ အဆင့်ဆင့် ရေးပြပါမယ်…

ပထမ လွမ်းပုံကို ဖြတ်ထုတ်ဖို့ Select ပြုလုပ်ပေးရပါတယ်… Select လုပ်ဖို့ လွမ်း Magnetic Lasso Tool ကို ရွေးချယ်ပါတယ်… အဲဒီ Tool က Color Pixel တူတဲ့နေရာလေးတွေကို သံလိုက်လေးလို ကပ်ပြီး ရွေးရလွယ်လို့ပါ… အဲလို Select လုပ်ပြီးတာနဲ့ Edit >>> Cut ပြုလုပ်လိုက်ပါတယ်… ခု မြင်ရတဲ့ပုံထဲက ဖြတ်ထားတဲ့ ဖြူနေတဲ့နေရာက လွမ်းရဲ့ ပုံစံလေးပါပဲ… :P




ပုံရဲ့ အောက်ခြေက နေရာလွတ်များနေတဲ့အတွက် ပုံကို Crop Tool နဲ့ ဖြတ်လိုက်ပါတယ်…



ဒါကတော့ ဖြတ်ထားပြီးတဲ့ပုံပါ… လွမ်းရဲ့ ဖြူနေတဲ့နေရာမှာ အုတ်တံတိုင်းနဲ့  တံတားတို့ကို ပုံတူကူးဖို့ Clone Stamp Tool ကို အသုံးပြုပါတယ်…

Clone Stamp Tool နဲ့ မိမိကူးမဲ့ပုံကို Alt Key ဖိပြီး Click ပြုလုပ်ရပါမယ်…

ကူးမဲ့နေရာမှာ Click လုပ်ရုံပါပဲ…




ဒီနည်းနဲ့ အုတ်တံတိုင်းကို ပုံစံတူကူးတဲ့အခါ Zoom ချဲ့ထားပြီး Tool ရဲ့ Size ကို ရွေးချယ်လို့ ရပါတယ်…




ကူးတဲ့နေရာမှာ အရောင်လေးတွေ ညှိချင်ရင် Smudge Tool ကို ရွေးပြီး Mouse Left Button ကို ဖိပြီး ရွှေ့ပေးလို့ရပါတယ်…




တံတားနေရာကိုလည်း Clone Stamp Tool နဲ့ စိတ်ရှည်စွာနဲ့ ကူးယူရမှာပါ… ဒါကတော့ ကူးထားတဲ့ပုံပါ…



Zoom ဆွဲကြည့်ရင်တော့ သိသာတာပေါ့နော်… ဒီလိုလေး Fit လုပ်ကြည့်ရင်တော့ မသိသာပါဘူး… :P




ပုံလေးကို အချောသတ်ပြင်ဆင်ပြီး ခရီးသွားမှတ်တမ်းလေးမှာ ဒီလိုထည့်ပေးထားတာပါ… J

ကွန်ပြူတာနည်းပညာများ တတ်ကျွမ်းကြပါစေ…



လွမ်းဧကရီ

၂၇-၁၀-၂၀၁၁

စာရေးပြီးချိန် - ညနေ ၄:၃၀ နာရီ

No comments: