Monday, July 29, 2013

ပုံတွင် မလိုအပ်သည်များကို အလွယ်တကူ ဖယ်ထုတ်ခြင်း

ပုံတွင် မလိုအပ်သည်များကို အလွယ်တကူ ဖယ်ထုတ်ခြင်း

ဒီတစ်ခါတော့ PhotoShop နည်းပညာလေး ရေးတင်ပါမယ်။

အထက်ပါပုံတွင် ဝမ်းနည်းနေတဲ့ မိန်းခလေးပုံမှာ အုတ်ခုံပေါ်က သစ်တုံးက အလှဖျက်နေပါတယ်။


ဒီလိုအရာတွေကို နောက်ခံ Backgroung ကို မထိခိုက်စေဘဲ ဖယ်ပစ်လိုက်မယ်ဆိုရင်တော့ အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ပေးရုံပါပဲ။


အဆင့် (၁)

ပုံတွင်ပြထားသည့်အတိုင်း Spot Healing Brush Tool ကို Click ပြုလုပ်ပြီး အထက် Tool Bar မှာ Content-Aware option ကို ရွေးချယ်ပေးထားပါ။

အဆင့် (၂)

ပုံတွင်ပြထားသည့်အတိုင်း Spot Healing Brush Tool ဖြင့် သစ်တုံးပုံကို Select ပြုလုပ်လိုက်ပါမယ်။

အဆင့် (၃)

ပုံတွင်မြင်ရသည့်အတိုင်း နောက်ခံမပျက်ဘဲ သစ်တုံးဖျောက်ပြီးသား ဖြစ်နေပါလိမ့်မယ်။


အဆင့် (၄)

ကျန်သည့်အပိုင်းများကို ညှိရန်အတွက် Smudge Tool ကို အသုံးပြုပြီး လုပ်ဆောင်သွားရပါမယ်။ ပုံတွင် ပြထားသည့်အတိုင်း Smudge Tool ရဲ့ Brush Size ကို Brush Preset Picker မှာ Size အတိုးအလျှော့ ပြုလုပ်ယူရပါမယ်။

အဆင့် (၅)

Smudge Tool အသုံးပြုပြီး ပြုပြင်ပြီးသွားသည့်ပုံ ဖြစ်ပါသည်။ Smudge Tool အစား Clone Stamp Tool (S) ကိုလည်း အသုံးပြုနိုင်ပါတယ်။

ကွန်ပြူတာ အသုံးပြု၍ နည်းပညာများ တိုးတက်နိုင်ကြပါစေ။



လွမ်းဧကရီ

 ၂၉-၀၇-၂၀၁၃

 ၁၅:၄၅ နာရီ

No comments: