Sunday, January 22, 2012

PhotoShop CS3 ကို အသုံးပြု၍ မိမိလိုချင်သောပုံကို ဖြတ်ထုတ်ခြင်း


PhotoShop CS3 ကို အသုံးပြု၍ မိမိလိုချင်သောပုံကို ဖြတ်ထုတ်ခြင်း

ဒီနေ့တော့ PhotoShop CS3 ကို အသုံးပြုပြီး မိမိလိုသောပုံကို ဖြတ်ထုတ်ခြင်းကို ရှင်းပြပါမယ်…


လွမ်း အသုံးပြုပုံကိုသာ ရှင်းပြထားခြင်း ဖြစ်ပါသဖြင့် တကယ့် Professional အသုံးပြုနေသောသူများနှင့် နည်းပညာမတူပါက လွမ်းရဲ့ အားနည်းချက်လို့ပဲ ယူဆပေးကြပါ…


ကိုးရီးယားဇာတ်လမ်း ကြော်ငြာလေးတစ်ခုမှ စုံတွဲပုံလေးကို ဖြတ်ထုတ်ပါမယ်…



(၁) မိမိဖြတ်ထုတ်မဲ့ပုံကို Zoom & Fit on Screen လုပ်ထားပါမယ်…





(၂) ပုံကို ဖြတ်ရန်အတွက် Select ပြုလုပ်ရန် Magnetic Lasso Tool (L) ကို အသုံးပြုပါမယ်…




အဲဒီ Tool က အရောင်တူတဲ့နေရာလေးတွေကို သံလိုက်လိုကပ်သွားတဲ့အတွက် ရွေးချယ်ရ လွယ်ကူစေပါတယ်… စိတ်ရှည်စွာနဲ့ နည်းနည်းချင်း ကလစ်လုပ်ပြီး ရွေးချယ်သွားပါ…




(၃) ပတ်လည်ရွေးချယ်ပြီးသွားတဲ့အခါ Edit & Copy (or) Cut လုပ်နိုင်ပါတယ်…



(၄) File & New ပြုလုပ်ပြီး Edit & Paste ပြုလုပ်လိုက်ပါမယ်…



(၅) ပိုနေသောနေရာလေးများကို ညှိရန်အတွက် Smudge Tool (R) ကို ရွေးချယ်ပါမယ်…

မိမိရွေးချယ်သော ပုံပေါ်မူတည်ပြီး Brush Size ကို ရွေးချယ်ပေးလို့ ရပါတယ်…

Smudge Tool ဖြင့် မိမိရွေးချယ်ထားသောပုံမှ အစွန်းထွက်နေသည်များကို Mouse Press & Drag ပြုလုပ်ပြီး ညှိပေးလို့ ရပါတယ်…



(၆) နောက်ခံအရောင်ကို မိမိကြိုက်နှစ်သက်ရာအရောင် ပြောင်းပေးခြင်းဖြင့် သီးခြားစုံတွဲပုံလေးကို ခွဲထုတ်ပြီး ဖြစ်နေပါမယ်…



ဤနည်းဖြင့် ကျန်သောပုံများကိုလည်း ရွေးချယ်ပြီး မိမိနှစ်သက်ရာနေရာတွင် ပြောင်းရွှေ့ အသုံးပြုနိုင်ပါသည်။

ကွန်ပျူတာကို အသုံးပြု၍ နည်းပညာများ တိုးတက်ကြပါစေ။







လွမ်းဧကရီ
၂၇-၁၂-၂၀၁၁

နေ့လည် ၁:၁၅ နာရီ

No comments: