Wednesday, November 23, 2011

မိမိစာမျက်နှာမှာ ပုံတွေထည့်မယ်၊ ပြန်ဖျက်မယ်။

မိမိစာမျက်နှာမှာ ပုံတွေထည့်မယ်၊ ပြန်ဖျက်မယ်။


ဒီနေ့ တော့ မိမိစာမျက်နှာမှာ ဘယ်လိုပုံတွေ ထည့်မယ်ဆိုတာ အဆင့်ဆင့် ရှင်းပြပါမယ်။

၁။ မိမိစာမျက်နှာမှာ ရှိတဲ့ ပုံတွေထည့်မယ် ဆိုတာကို Click ပြုလုပ်ပါမယ်။


၂။ ပုံတွေထည့်တဲ့အခါ .jpg, .gif နဲ့  .png file format တွေကိုပဲ လက်ခံတယ်ဆိုတာ ရေးထားပါတယ်။ ထည့်မဲ့ပုံရဲ့ Size က ငယ်မယ်ဆိုရင် ထည့်ရတာ ပိုမြန်ပါတယ်။ မိမိပုံတွေကို Resolution မကျပဲ ချုံ့ တဲ့နည်းကို လွမ်း ရေးတင်ခဲ့ပြီး ဖြစ်ပါတယ်။
ပုံတွေထည့်တဲ့အခါ လွမ်းကတော့ ရိုးရှင်းသော Uploader ဆိုတာကို အသုံးပြုပါတယ်။





၃။ ရိုးရှင်းသော Uploader ဆိုတာကို Click လုပ်လိုက်ရင် တွေ့ ရတဲ့ မြင်ကွင်းလေးပါ။
Browse ကို Click လုပ်ပြီး မိမိစက်ထဲမှာ သိမ်းထားတဲ့ ပုံတွေကို ရွေးပြီး ထည့်ရုံပါပဲ။


၎။ လွမ်းထည့်ထားတဲ့ ပုံတွေကို ဒီလိုမြင်ရမှာပါ။


…………………………………………………………………………………………………………………..

ထည့်ထားပြီးသောပုံကို ပြန်ဖျက်နည်း

၁။ မိမိဖျက်လိုသောပုံကို Clickပုလုပ်လိုက်ပါ။




၂။ ပုံရဲ့ အထက်ညာဖက်နားကို ကြည့်ရင် လုပ်ပိုင်ခွင့်များ ဆိုတာကို တွေ့ ရမှာပါ။ လုပ်ပိုင်ခွင့်များ ကပ်ရက်မျှားကို Click လုပ်လိုက်ရင် Drop Down List ပေါ်လာပါလိမ့်မယ်။
အဲဒီ List ထဲက ပုံဖျက်မယ် ဆိုတာကို Click လုပ်ပေးလိုက်ပါ။

၃။ စက်က ဒီပုံကို ဖျက်မှာလား? မေးတဲ့ Dialog Box လေး ပေါ်လာပါလိမ့်မယ်။ OK လို့  ပေးလိုက်ရင် မိမိရွေးချယ်ထားသောပုံကို ဖျက်ပေးပြီး ဖြစ်နေပါလိမ့်မယ်။


အင်တာနက်ကို အသုံးပြုရင်း နည်းပညာများ တတ်ကျွမ်းနားလည်ကြပါစေ။




လွမ်းဧကရီ
၂၄-၁၀-၂၀၁၁
နံနက် ၁၁း၃၅ နာရီ

1 comment:

maycho said...

လွမ်း တခုလောက်မေးချင်လို.ပါ...ပုံတွေပေါမှာစာဘယ်လိုေ၇း၇လဲသိချင်ပါတယ် တဆိတ်လောက်ပြောပြပေးပါ....သင်တန်တက်ထားခြင်မဟုတ်တဲံ.အတွက်အခက်အခဲ၇ှိပါတယ် ကူညိးစေ့ခြင်ပါတယ် email ..khinmgaye64@gmail.com ပြန်ကြားစေချင်ပါတယ်