Wednesday, November 23, 2011

မိမိစာမျက်နှာကို လှအောင် ပြုပြင်နည်း အပိုင်း (၂)

မိမိစာမျက်နှာကို လှအောင် ပြုပြင်နည်း အပိုင်း (၂)


မိမိစာမျက်နှာရဲ့ နောက်ခံကို ဘယ်လိုလှအောင် ပြင်မယ်ဆိုတာကို ရေးတင်ခဲ့ပြီး ဖြစ်ပါတယ်…


ခုတစ်ခါ လွမ်းရဲ့ စာမျက်နှာကို ဘယ်လိုပြုပြင်ထားတာလဲလို့  လာမေးကြသူတွေအတွက် ပြုပြင်နည်း အပိုင်း (၂) အနေနဲ့  ရေးတင်တာပါ...


မိမိစာမျက်နှာမှာ နောက်ဆုံးလုပ်ဆောင်ချက် ဆိုတာ အပေါ်မှာ ရှိနေတာကို တွေ့ ရမှာပါ…


နောက်ဆုံးလုပ်ဆောင်ချက် ဆိုတဲ့ ခေါင်းစဉ်ဘယ်ဖက်ဘေးကို Mouse Pointer နဲ့  ထောက်ကြည့်ရင် အပေါင်းမျှား ( 4 Headed Arrow ) ကို မြင်တွေ့ ရမှာပါ…




 
အဲလို အပေါင်းမျှားပေါ်နေစဉ်အတွင်း Mouse Left Button ကို ဖိပြီး စာမျက်နှာ ဘယ်ဖက်ကို ဆွဲယူလာခဲ့ပါ…


မိမိထားလိုသောနေရာမှာ ပုံမှာ ပြထားတဲ့အတိုင်း Datch Frame ပေါ်လာရင် Mouse Left Button ကို လွှတ်လိုက်ပါ…


နောက်ဆုံးလုပ်ဆောင်ချက်ဟာ မိမိစာမျက်နှာဘယ်ဖက်ကို ရောက်သွားမှာပါ…


မိမိစာမျက်နှာရဲ့ အောက်ဆုံးကို ကြည့်ရင် စာရေးရန်နေရာ ဆိုတာကို တွေ့ ပါလိမ့်မယ်…



ခုနလိုပဲ စာရေးရန်နေရာ ရဲ့ ဘယ်ဖက်မှာ အပေါင်းမျှားပေါ်လာအောင် Mouse နဲ့  ထောက်ပြီး Mouse Left Button ဖိပြီး အပေါ်ဖက်ကို ဆွဲတင်လာခဲ့ပါ…


စာမျက်နှာအပေါ်ဆုံးကို ရောက်သွားပြီဆိုရင် Mouse Left Button ကို လွှတ်လိုက်ပါ…


စာရေးရန်နေရာ ရဲ့ ညာဖက်မှာရှိတဲ့ ပြင်ရန် ဆိုတာကို Mouse နဲ့  Click လုပ်လိုက်ရင် သူငယ်ချင်းတွေကို Comment ပေးတဲ့ Box လိုပဲ ပွင့်လာတာကို တွေ့ ရမှာပါ…



ဒါဆိုရင် ဒီ Box ထဲမှာ မိမိထည့်လိုတဲ့ပုံတွေ၊ စာတွေ၊ Flash Song တွေ ထည့်လို့ ရတယ်ဆိုတာ သိမှာပါ…


ဤနည်းအတိုင်း မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်၊ လက်ဆောင်များ၊ ပုံများ၊ ဘလော့များကိုလည်း နေရာပြောင်းရွှေ့ လို့ ရပါတယ်…


…………………………………………………………………..


မိမိစာမျက်နှာကို စိတ်ကြိုက်ပြုပြင်ပြီးပြီဆိုရင် ဒီတစ်ခါ Text Box ထဲမှာ Flash Song ဘယ်လိုထည့်လဲဆိုတာ ရှင်းပြပါမယ်…


လွမ်းက မိမိနှစ်သက်တဲ့သီချင်းကို စာမျက်နှာမှာ တင်ထားတတ်ပါတယ်…


ဒါပေမဲ့ တစ်ချို့ သော အမှတ်တရစကားလာရေးသူတွေကလည်း သူတို့ ရဲ့ သီချင်းကို နားထောင်စေချင်လို့ ပဲ လားမသိဘူး… သီချင်းလက်ဆောင်တွေ ပေးသွားတတ်ပါတယ်… ဒီအခါ မိမိစာမျက်နှာဝင်လိုက်တာနဲ့  သီချင်းသံများက ရောထွေးစွာ ထွက်ပေါ်လာတော့တာပါပဲ…


မိမိကို အမှတ်တရလာပေးတယ်ဆိုတော့လည်း ဖျက်ရမှာ အားနာ၊ ဒီတော့ ကိုယ်တင်ထားတဲ့ သီချင်းကို ခဏ ပြန်ဖြုတ်ထားရပါတယ်…


ဒါကြောင့်လည်း Double Tun က သူလုပ်တဲ့ Flash Song တွေမှာ Play Button လေးတွေ ထည့်ထားတတ်ပါတယ်… နားထောင်ချင်မှ Play လုပ်နားထောင်ရတာပါ…


လွမ်းကတော့ Play Button ထည့်မထားတဲ့ Flash Song ကို ရွေးထည့်ထားလို့  မိမိစာမျက်နှာကို ဖွင့်တာနဲ့  သီချင်းသံပေါ်လာတာပါ…


ပင်မစာမျက်နှာမှာ Flash Song ထည့်ရန် Code ဆိုပြီး ပေးထားပါတယ်…
အဲဒီ့ Code ကို Copy ကူးပြီး Text Box ထဲ Paste လုပ်လိုက်ရမှာပါ...

Code ရဲ့ သီချင်းလင့်ထည့်ရန် ဆိုတဲ့နေရာမှာ မိမိထည့်လိုတဲ့ Flash Song ရဲ့ Link ကို ဆိုလိုတာပါ…


အလွယ်ကူဆုံး Link ယူနည်း ပြောပါ့မယ်…


နမူနာအနေနဲ့  လွမ်းက ကြယ်တွေစုံတဲ့ည ဆိုတဲ့ Flash Song ကို ထည့်ချင်တယ် ဆိုကြပါစို့ …


ကြယ်တွေစုံတဲ့ည ဆိုတဲ့ swf File လေးကို ဖွင့်လိုက်ပါ့မယ်…


Address Bar မှာ အနီရောင်နဲ့  ပြထားတာက သီချင်းလင့် ပါပဲ…



Mouse Right Click နဲ့  Select All လုပ်ပြီး Copy ကူးလိုက်ရမှာပါ…


http://api.ning.com/files/*FBbvkkGGeptjznNTU6eYbI9ll5W0IfubD3P9H*K-akJXHey5zA6uTAJF4mRXUMsAWlxEG4qMQ9XsUEV-UdQOkR1Ehn3B2Oo/kyaesonenya4.swf
နောက် သီချင်းလင့်ထည့်ရန် ဆိုတဲ့နေရာမှာ Paste လုပ်ပေးရမှာပါ…


ဒီလောက်ဆိုရင် လွမ်းစာမျက်နှာမှာ ဘယ်လိုပြင်ထားတယ်ဆိုတာ နားလည်လိမ့်မယ်လို့  ယူဆပါတယ်…


အင်တာနက်ကို အသုံးပြုရင်း နည်းပညာများ တတ်ကျွမ်းနားလည်ကြပါစေ…





လွမ်းဧကရီ
၃၀-၀၈-၂၀၁၁
စာရေးပြီးချိန်- နံနက် ၁၁နာရီ

1 comment:

Unknown said...

ကျေးဇူးပါန်ာမမ
နောက်တစ်ခုပြောပြပေးပါလား
အမရဲ့ page အထက်မှာ ပြေးနေတဲ့ စာကြောင်းလေး
ဘယ်လိုလုပ်ရလဲ ပြောပေးပါနော်