Wednesday, November 23, 2011

Steve Jobs ကွယ်လွန်ခြင်း

Steve Jobs ကွယ်လွန်ခြင်း


Apple Company ရဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Steve Jobs ဟာ ၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်...


ipod, iphone နဲ့  ipad သုံးနေကြတဲ့သူများကတော့ ဒါတွေဟာ Steve Jobs ရဲ့ တီထွင်ဆန်းသစ်မှုတွေဆိုတာ သိထားသင့်ပါတယ်...


Steve Jobs ကွန်လွန်တဲ့သတင်း ကြားရတဲ့အခါ လွမ်းအနေနဲ့ တော့ စိတ်ထဲ တကယ့်ကို ၀မ်းနည်းမိပါတယ်...


ကမ္ဘာလောကကြီးကို နည်းပညာအသစ်တွေနဲ့  ပြောင်းလဲအောင် ကြိုးပမ်းတဲ့သူတွေရဲ့ တီထွင်ဆန်းသစ်မှု နည်းပညာတွေဟာ လွမ်းတို့ အတွက်တော့ အံ့မခန်းပါပဲ...


Steve Jobs ဟာ ကမ္ဘာကြီးကို ပြောင်းလဲသွားအောင် တီထွင်ပေးခဲ့သူပါပဲ...



Steve Jobs အကြောင်းလေး ရေးရမယ်ဆိုရင်တော့ သူဟာ ၁၉၅၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ မှာ ဆန်ဖရန်စစ္စကိုမြို့ မှာ မွေးဖွားခဲ့တာပါ….


၁၉၇၆-ခုနှစ်မှာ Apple Company ကို ပူးတွဲတည်ထောင်ခဲ့ပြီး ipad 2 ကို စတင်မိတ်ဆက်ပြီး သတင်းဆက်သွယ်ရေးနည်းပညာတွေကို ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်…

အဲဒီအချိန်မှာ Steve Jobs ဟာ အသက် (၂၁)နှစ်အရွယ်ပဲ ရှိပါသေးတယ်...


Itunes ကို တီထွင်ခဲ့သူဖြစ်ပြီး ဆန်းသစ်တဲ့ ဂီတလောကကြီးဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်…


၂၀၀၄-ခုနှစ်မှာ ပန်ကရိယကင်ဆာဝေဒနာကို စတင်ခံစားခဲ့ရပါတယ်..


၂၀၀၉-ခုနှစ်မှာ အသည်းအစားထိုး ကုသခဲ့ရပါတယ်…


နေမကောင်းတဲ့ကြားက တီထွင်မှုတွေကို ဆက်လက်လုပ်ဆောင်ရင်း ထုတ်ကုန်အသစ် iphone4 ကို လူထုကြား ကိုယ်တိုင်မိတ်ဆက်ပေးခဲ့ပါသေးတယ်….

ဒီပုံလေးကတော့ ipad ကို မိတ်ဆက်ပေးနေတာပါ...


Steve Jobs holds the new " iPad" during the launch of Apple's new tablet computing device in San Francisco, California, in this January 27, 2010 file photo.


၂၀၁၁-ခုနှစ်၊ သြဂုတ်လ(၂၄)ရက်နေ့ မှာတော့ Apple Company ရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးမှ အနားယူပါတယ်…


Steve Jobs ကွယ်လွန်သွားခြင်းအတွက် အိမ်ဖြူတော်က သမ္မတ အိုဘားမားကလည်း ၀မ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်…


Steve Jobs ကွယ်လွန်သွားခဲ့သော်လည်း သူ့ ရဲ့ နာမည်ကတော့ ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲစေခဲ့သူအဖြစ် ကျန်ရှိနေမှာပါ…


Steve Jobs ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းစွာဖြင့် ဂုဏ်ပြုရေးသားခြင်းဖြစ်ပါတယ်…


နိုင်ငံတကာသတင်းကိုလည်း ပူးတွဲတင်ပြပါတယ်…


By David Zielenziger | October 6, 2011 7:56 AM EDT


Now that Steve Jobs is dead, the company he created will serve as one of his greatest legacies. It employs 46,600 worldwide. Annual sales for the period ended Sept. 30 are expected to exceed $100 billion for the first time.
On Wednesday, Apple was the second most-valuable company only behind Exxon Mobil. Many days, it is the most valuable. It is valued around $351 billion.
Apple has hundreds of millions of customers who own Macs and Macbooks, iPods and iPhones and now iPads, as well as many as 500,000 individual apps from the App store.
Jobs, 56, had only stopped being CEO of the Cupertino, Calif.-based company on Aug. 24, assuming the new office of Chairman. He directed the election of his successor, Tim Cook, 50, because he trusted his judgment and performance during his many leaves for cancer treatment.

လွမ်းဧကရီ
၀၇-၁၀-၂၀၁၁
နံနက် ၁၂း၂၀နာရီ

No comments: