Wednesday, November 23, 2011

MM Flash Songs မှ Mail များ မ၀င်လာစေချင်ရင်

MM Flash Songs မှ Mail များ မ၀င်လာစေချင်ရင်



မိမိ Mail များကို စစ်သည့်အခါ မိမိ ၀င်ထားသော Ning Network မှ စာများ များပြားစွာ ၀င်ရောက်နေသည်ကို တွေ့ လျှင် စိတ်ရှုပ်ထွေးတတ်ကြပါတယ်...

ဒါကြောင့် မိမိ Mail များကို ဘယ်လို တားနိုင်တာတယ်ဆိုတာကို သိရှိနိုင်ရန် ရေးသားပါမယ်...
လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ပုံတွင် ပြထားသည့်အတိုင်း လုပ်ဆောင်သွားပါ…



 
Email များကန့် သတ်ရန်ကို ၀င်လိုက်လျှင် တွေ့ ရမဲ့ မြင်ကွင်းပါ...


MM Flash Songs မှ မျှဝေတဲ့စာကို မလိုချင်ရင် MM Flash Songs ဆီမှစာများ ဆိုတဲ့နေရာမှာ Tick အမှတ်အသားကို ဖြုတ်ထားရမှာပါ...
မိမိက အဖွဲ့ တစ်ခုကို ၀င်ထားလျှင် အဲဒီ့အဖွဲ့ က ပို့ သမျှစာတွေ ၀င်နေမှာပါ... မ၀င်စေချင်ရင် မိမိအဖွဲ့ များမှ စာများ နေရာမှာ Tick အမှတ်အသားကို ဖြုတ်ထားရမှာပါ... 


ဖြစ်တတ်တာက မိမိက တစ်စုံတစ်ယောက်ရေးသော အကြောင်းအရာမှာ မှတ်ချက်ရေးခဲ့တယ်ဆိုပါစို့ ... မိမိမှတ်ချက်ပေးခဲ့သောအကြောင်းတစ်ခုခုတွင် ဆိုတဲ့နေရာမှာ Tick လုပ်ထားရင် သူများမှတ်ချက်ပေးနေတယ်ဆိုတဲ့စာတွေက ကိုယ့် Mail ထဲကို ၀င်နေတာ တော်တော်လေးကို အနှောင့်အယှက်ဖြစ်တတ်ပါတယ်... Mail Control ကို မသိရင် မှတ်ချက်ကို မပေးရဲအောင် ဖြစ်နေမှာပါ...
တကယ်လို့  မိမိမှတ်ချက်ပေးခဲ့သော အကြောင်းတစ်ခုခုတွင် ဆိုတဲ့နေရာမှာ Tick ကို ဖြုတ်ထားတယ်ဆိုရင်တော့ Mail ၀င်လာစရာ အကြောင်းမရှိပါဘူး...
နောက်တစ်ခုက မိမိအဖွဲ့ တစ်ခုခုတွင် လှုပ်ရှားမှုရှိနေရင် Mail ၀င်လာတတ်ပါတယ်..
မိမိအဖွဲ့ တစ်ခုခုတွင် ဆိုတဲ့နေရာမှာ Tick ကို ဖြုတ်ထားရင်တော့ အဖွဲ့ လှုပ်ရှားမှုတွေရဲ့ Mail တွေ ၀င်လာမှာ မဟုတ်ပါဘူး...
ဒီနေရာမှာ အဖွဲ့ ခေါင်းဆောင်ကတော့ Tick လုပ်ထားဖို့  လိုမှာပါ... ဒါမှ သူ့ အဖွဲ့ မှာ တစ်စုံတစ်ယောက် လှုပ်ရှားမှုလုပ်တာကို သိမှာပါ...
တကယ်လို့ များ မိမိဝင်ထားတဲ့ Ning Network မှ ဘာစာကိုမှ လက်မခံချင်ဘူးဆိုရင်တော့ - 


MM Flash Songs မှ Mail အားလုံး လက်မခံလိုပါဆိုတာကို Tick (အမှန်ခြစ်) ပေးပြီး သိမ်းရန် ကို Click လုပ်လိုက်တာနဲ့  သင့်ထံသို့  MM Flash Songs မှ မည်သည့်စာမှ သင်လက်ခံရရှိတော့မည် မဟုတ်ပါ…

တကယ်လို့  သင်ရွေးချယ်လာစေချင်တဲ့ စာတွေရှိရင်တော့ အားလုံးကို မြန်မာလို ဘာသာပြန်ပေးထားတဲ့အတွက် ရွေးချယ်သိမ်းသွားရုံပါပဲ…

ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာကိုလည်း ကျွမ်းကျင်နားလည်ကြပါစေ…





လွမ်းဧကရီ
၁၄-၁၀-၂၀၁၁
စာရေးပြီးချိန် နံနက် ၁၂း၃၂ နာရီ


No comments: