Wednesday, November 23, 2011

အမှတ်တရစကားလေးတွေကို ပုံလေးတွေနဲ့  တွဲပြောကြရအောင်

အမှတ်တရစကားလေးတွေကို ပုံလေးတွေနဲ့  တွဲပြောကြရအောင်


ဒီနေ့ တော့ လွမ်းတို့ တွေ MM Flash Songs လေးတွေကို လာနားထောင်ရင်းနဲ့  သူငယ်ချင်း အချင်းချင်း အမှတ်တရစကားလေးတွေကို ပုံလေးတွေနဲ့  ဘယ်လိုတွဲပြောရတယ်ဆိုတာကို လွမ်း အဆင့်ဆင့် ရှင်းပြပေးသွားပါမယ်...
ပုံလေးတွေ ထည့်တဲ့အခါ နည်း (၃) နည်း ရှိပါတယ်...
(၁) မိမိကွန်ပျူတာထဲတွင် ရှိသောပုံကို ထည့်နည်း
(၂) Google Image Search မှ မိမိလိုချင်တဲ့ပုံလေးကို ရှာပြီး ထည့်နည်း နဲ့ 
(၃) Image Website များမှ ပုံများကို ထည့်နည်း တို့  ဖြစ်ပါတယ်...
………………………………………………………………………………………………………..



(၁) မိမိကွန်ပျူတာထဲတွင် ရှိသောပုံကို ထည့်နည်း
၁။ ပထမဆုံး မိမိရေးလိုသောအကြောင်းအရာကို ရေးပါမယ်...
မိမိရေးလိုက်တဲ့စာကို အလယ်မှာ ထားချင်ရင်တော့ Center Align ကို Click လုပ်ပြီး ရေးကြရမှာပါ…


ဒီပုံကတော့ စာကို Center Align လုပ်ပြီး ရေးထားတဲ့စာကြောင်းကို မြင်ရမှာပါ…


၂။ ပုံထည့်မဲ့နေရာမှာ Cursor ကို ချထားပြီး Image ဆိုတာလေးကို Click လုပ်ပါမယ်…


၃။ Browse ကို Click လုပ်ပါမယ်…


၎။ မိမိထည့်လိုသောပုံကို ရွေးပြီး Open ဆိုတာကို Click လုပ်ပါမယ်…



၅။ ပုံကို အလယ်မှာ ထားချင်ရင် Center ဆိုတာကို Click လုပ်ပါမယ်… ပုံရဲ့ Size ကိုလည်း 300, 400, 500 စသဖြင့် ပေးလို့ ရပါတယ်… ပုံသေးသေးလေးကို Pixel အရမ်းကြီးထားရင် ၀ါးသွားတတ်ပါတယ်…


၆။ OK လို့ ပေးလိုက်ရင် အမှတ်တရစားရေးရန် Box ထဲမှာ မြင်ရမဲ့ မြင်ကွင်းပါ…


၇။ မှတ်ချက်ထည့်မယ် ဆိုတာကို Click လုပ်လိုက်တာနဲ့  စာနဲ့ အတူ ပုံလေးပါ ထည့်ပြီး ဖြစ်နေတာကို တွေ့ ရမှာပါ…

………………………………………………………………………………………………………..


(၂) Google Image Search မှ မိမိလိုချင်တဲ့ပုံလေးကို ရှာပြီး ထည့်နည်း


၁။ http://www.google.com ကို ဖွင့်ပြီး “Images” ဆိုတာကို Click လုပ်ပါ… 

Search Box မှာ မိမိရှာလိုသောပုံကို ရေးထည့်ပြီး ရှာနိုင်ပါတယ်… သူငယ်ချင်းတွေကို ဖျော်ရည်ပို့ မယ် ဆိုရင် “Juice” လို့  ရိုက်လိုက်ပါ့မယ်…
Juice ပုံတွေ အများကြီး ပြပေးမှာပါ… ထည့်လိုတဲ့ပုံပေါ်မှာ Click ပြုလုပ်လိုက်ပါမယ်…


မိမိထည့်လိုတဲ့ပုံပေါ်လာတဲ့အခါ ပုံပေါ်မှာ Mouse ကို တင်ထားပြီး Right Click ပြုလုပ်ပါမယ်…
Pop-up Menu (Shortcut Menu) ပေါ်လာပါလိမ့်မယ်… အဲဒီ့ Menu တွေထဲက Copy Image Location ဆိုတာကို Click လုပ်ခဲ့ပါမယ်…


၂။ မိမိပို့ လိုသောသူရဲ့ အမှတ်တရစကားရေးရန် Box မှာ Cursor ချထားပြီး Image ဆိုတာကို Click ပြုလုပ်ပါမယ်…
ဒီတစ်ခါ From a URL ဆိုတဲ့ Tab ကို Click လုပ်ထားပြီး ပေါ်နေတဲ့ http:// ကို ဖျက်ပစ်လိုက်ပါမယ်…


၃။ URL ဆိုတဲ့ Box ထဲမှာ Mouse ကို ထားပြီး Right Click ပြုလုပ်ပါမယ်… Menu ထဲကနေ Paste ဆိုတာကို Click လုပ်လိုက်ရင် Code ထည့်ပြီး ဖြစ်နေတာကို တွေ့ ရပါမယ်…


၎။ ပုံကို အလယ်မှာထားချင်ရင် Center ဆိုတာကို Click လုပ်ထားပြီး Width မှာလဲ ဘယ်လောက်ထားမယ်ဆိုတာ ပေးလို့ ရပါတယ်…


၅။ ပြီးရင် OK လို့ ပေးလိုက်တာနဲ့  ပုံမှာမြင်ရတဲ့အတိုင်း ပေါ်လာတာကို တွေ့ ရပါမယ်… 

 
မှတ်ချက်ထည့်မယ်…ဆိုတာကို Click ပြုလုပ်လိုက်ပါ…


၆။ ပုံတွင်မြင်ရသည့်အတိုင်း ပုံထည့်ပြီး ဖြစ်နေတာကို တွေ့ ရမှာပါ…

………………………………………………………………………………………………………..


(၃) Image Website များမှ ပုံများကို ထည့်နည်း


ပုံများကို တင်ထားတဲ့ Website များစွာရှိပါတယ်…


လွမ်းအများဆုံး ပုံရှာတဲ့ Website တွေကတော့-
http://www.friends18.com/
http://www.glitter-graphics.com/
http://www.imagehousing.com/
http://www.spicecomments.com/ တို့ ဖြစ်ပါတယ်…


၁။ လွမ်း http://www.spicecomments.com/ က ပုံကို ထည့်ပုံထည့်နည်းပြောပြပါမယ်…
ပုံများစွာ ရွေးချယ်နိုင်သည့်အထဲမှ Flowers ဆိုတာကို Click ပြုလုပ်လိုက်ပါမယ်…


၂။ ပန်းပုံတွေ စာမျက်နှာများစွာထဲမှာ ထည့်ထားတာတွေ့ ရမှာပါ… မိမိထည့်လိုတဲ့ပုံရွေးချယ်ပြီး ပုံရဲ့အောက်ဖက်မှာရှိတဲ့ Code ပေါ်ကို Mouse ထားပြီး Right Click >>>Select All ပြုလုပ်ပါမယ်… နောက်တစ်ကြိမ် Right Clickလုပ်ပြီး Copy ဆိုတာကို Click ပြုလုပ်ခဲ့ပါမယ်…
၃။ မိမိပေးပို့ လိုသောသူငယ်ချင်းရဲ့ အမှတ်တရစကားရေးရန် Box ထဲမှာ Mouse Right Click ပြုလုပ်ပြီး Paste ကို Click ပြုလုပ်လျှင် ပုံတွင်မြင်ရသည့်အတိုင်း ပေါ်လာပါလိမ့်မယ်…


၎။ မှတ်ချက်ထည့်မယ်..ဆိုတာကို Click လုပ်လိုက်ရင် ပုံတွင်မြင်ရသည့်အတိုင်း ပုံထည့်ပြီး ဖြစ်နေတာကို တွေ့ ရှိရပါလိမ့်မယ်…


ဒီလောက်ဆိုရင် မိမိသူငယ်ချင်းတွေဆီကို စာနဲ့ အတူ ပုံလေးတွေပါ တွဲပို့ နိုင်လိမ့်မယ်လို့  ယူဆပါတယ်…


လွမ်းဆီလာလည်ရင် ပုံလှလှလေးတွေနဲ့  လာလည်ကြပါလို့  ဖိတ်ခေါ်ပါတယ်…


အခက်အခဲဖြစ်လို့  မေးချင်တာရှိရင် မေးမြန်းနိုင်ပါတယ်…


အင်တာနက်ကို အသုံးပြုရင်း နည်းပညာများတိုးပွားနိုင်ပါစေ…





လွမ်းဧကရီ
၀၄-၀၈-၂၀၁၁
စာရေးပြီးချိန် နေ့ လည်တစ်နာရီ

No comments: