Sunday, January 22, 2012

MM Flash Songs မှ အလွမ်းမင်းသမီး လွမ်းဧကရီနှင့် တွေ့ ဆုံမေးမြန်းခန်း







MM Flash Songs မှ အလွမ်းမင်းသမီး လွမ်းဧကရီနှင့် တွေ့ ဆုံမေးမြန်းခန်း



ဒီနေ့ စာဖတ်သူများ စိတ်ဝင်စားမဲ့ အစီအစဉ်လေးတစ်ခု တင်ဆက်ချင်လို့ ပါ...
ကျွန်တော်တို့ MM Flash Songs မှာ ပထမဆုံးတင်ဆက်မဲ့အစီအစဉ်လေးပါ...
တွေ့ ဆုံမေးမြန်းခန်း လေးပါ...
ပထမဆုံးတင်ဆက်မဲ့အစီအစဉ်မှာ တွေ့ ဆုံမေးမြန်းခန်းလေးကို MM Flash Songs မှာ လွမ်းစာတွေနဲ့  လွမ်းကဗျာတွေချည်းပဲ ရေးသားနေတဲ့ အလွမ်းမင်းသမီးလေးလွမ်းဧကရီ နဲ့  စတင်တွေ့ ဆုံမေးမြန်းမှာ ဖြစ်ပါတယ်...
စာဖတ်သူများလဲ ဘယ်လိုဖြေကြားမယ်ဆိုတာ သိချင်နေကြမှာပါပဲ...
ကျွန်တော်တို့ တွေ့ ဆုံမေးမြန်းမဲ့ အဖွဲ့ ဟာ လွမ်းဧကရီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ လွမ်းဧကရီက ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်များနေတာတွေ့ ရပါတယ်...
သူ မနက်မိုးလင်းကတည်းက ကွန်ပျူတာရှေ့ရောက်နေတာလို့  သိရပါတယ်...
မျက်နှာလဲ သစ်ရသေးပုံ မရပါဘူး...
သူ့ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိပဲ အမြဲထိုင်နေလို့ ထင်ပါတယ်ခင်ဗျား...
အတန်ငယ်ဝနေပါတယ်...စာဖတ်သူများ ခန့် မှန်းနိုင်ပါတယ်...
ကျနော်တို့ တွေ့ ဆုံမေးမြန်းဘို့ လာတဲ့ အကြောင်းရှင်းပြတော့ သူ့ ရဲ့ Online Friend တွေကို ဒီအကြောင်းလေးပြောပြီး နှုတ်ဆက်မလို့ ခဏစောင့်ပါဆိုလို့  နာရီဝက်စောင့်လိုက်ရပါတယ်...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



ခုလိုတွေ့ ဆုံမေးမြန်းခန်းလေးအတွက် MM Flash Songs က အလွမ်းမင်းသမီးလေးလွမ်းဧကရီကို မေးမြန်းခွင့်ရတဲ့အတွက် ကျွန်တော်တို့  ကျေးဇူးတင်ပါတယ်...


လွမ်းကလဲ အရမ်းကို ဖြေချင်နေပါတယ်...


အရမ်းဖြေချင်နေရတဲ့အကြောင်းလေးများ သိခွင့်ရှိမလားခင်ဗျ...


ကိုယ်ပြောချင်တာတွေကို ဒီလိုအချိန်မှာ ပြောဖို့ အခွင့်အရေးရသွားလို့ ပါ...


ကျွန်တော်တို့ ကို လွမ်းဧကရီ MM Flash Songs ကို ဝင်ရောက်ခဲ့ပုံလေး စပြီးပြောပြစေချင်ပါတယ်...


အစကနေ ပြန်ပြောပြရမယ်ဆိုရင် Social Network on Ning တွေ စပေါ်စမှာ Online Friend တစ်ယောက်က Toilet Wall ဝင်ဖို့  လာခေါ်တဲ့အတွက် Cat ဆိုတဲ့နံမည်နဲ့  Toilet Wall ကို စတင် ဝင်ရောက်ခဲ့ပါတယ်..အိမ်သာထဲကြောင်ဝင်တယ်ဆိုပြီး စကြ၊ နောက်ကြနဲ့  ပျော်စရာကောင်းခဲ့ပါတယ်... နောက် သူငယ်ချင်းက Toilet Wall နဲ့  စိတ်အခန့် မသင့်ပဲ ထွက်သွားပြီး အလွတ်များထဲ ရောက်သွားပါတယ်...
လွမ်းကို ခေါ်တဲ့အတွက် လွမ်းလဲ Toilet Wall က ထွက်ပြီး အလွတ်များထဲကို လိုက်သွားခဲ့ပါတယ်...
ခုတော့ အလွတ်များဆိုတဲ့ဆိုဒ်က မရှိတော့ပါဘူး
အဲလိုနေရင်းနဲ့  ဟိန်းက ငါးသုံးဂေါ်ဆန်တဲ့အဖွဲ့ ထဲ လာခဲ့ဖို့  ခေါ်လို့  ငါးသုံးထဲကို ၀င်ရောက်ခဲ့ပါတယ်... ငါးသုံးမှာ စာတွေရေးရင်းနဲ့  စီမံခန့် ခွဲရေးမှူး ခန့် ထားခြင်း ခံခဲ့ရပါတယ်... အဲဒီ့အချိန်မှာ ငါးသုံးမှာ
ချော့ကလက် ဆိုသူက ချော့ကလက်မြို့ တော်ကို လာခဲ့ဖို့  ဖိတ်ခေါ်ပါတယ်... လွမ်း ၂၀၀၉-ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့ မှာ ချော့ကလက်မြို့ တော်ကို စတင်ဝင်ရောက်ခဲ့ပါတယ်...
ချောကလက်မြို့ တော်မှာ လွမ်းစာတွေ၊ ကဗျာတွေ ရေးနေတာ အပုဒ်-၁၀၀ ကျော်ရှိပါတယ်...
ချောကလက်မြို့ တော်မှာ ကိုမင်းသျှင်ဆိုသူက ရွှေမြန်မာဥယျာဉ်ကို လာဖို့  ဖိတ်တဲ့အတွက် ရွှေမြန်မာဥယျာဉ်ကို ၀င်ရောက်ခဲ့ပါတယ်...
CRAZYFIST က အရူးလွယ်အိတ်ကို လာဖို့  ဖိတ်တဲ့အတွက် အရူးလွယ်အိတ်မှာလည်း ချောကလက်မြို့ တော်နဲ့  အတူတူ စာများ ရေးတင်ခဲ့ပါတယ်...
ယခု အရူးလွယ်အိတ်မှာ နည်းပညာအက်မင်အဖြစ် တာဝန်ယူထားပါတယ်...
ကောင်းမြတ်မင်းက ဗုဒ္ဓကမ္ဘာကို လာရောက်ဖို့  ဖိတ်တဲ့အတွက် ၀င်ရောက်ထားပါတယ်...
အဲဒီအချိန်မှာ မြို့ စားလေးက ချောကလက်မြို့ တော်ကို ပိတ်ဖို့  ဆုံးဖြတ်လိုက်ပါတယ်...
လွမ်း...သံယောဇဉ်အရှိဆုံး ဆိုဒ်လေးပါ...
ကိုကြီးက အနာဂတ်ကောင်းကင်ကို လာရောက်ဖို့  ဖိတ်တဲ့အတွက် ၀င်ရောက်ထားပါတယ်...
နောက်ပိုင်း ရွှေမြန်မာဥယျာဉ်မှာ အနေများခဲ့ပါတယ်...
တစ်နေ့ မှာ လွမ်းဆီကို ကိုနိုင်ဦးဆိုသူက Flash Song တစ်ခု Comment လာပေးပါတယ်...
Flash လုပ်ထားတာက လွမ်းရေးထားတဲ့ ၂၀၁၁-ခုနှစ်၊ အချစ်သ၀ဏ်လွှာ ဖြစ်နေတာကို တွေ့ ရပါတယ်...
လွမ်း... တော်တော်စိတ်ဆိုးသွားပါတယ်...
Flash ရဲ့ နောက်ဆုံးမှာ ရီစရာအနေနဲ့  ချစ်လေးသေဆုံးရင် IT Box နဲ့  ထည့်မယ်လို့  ရေးထားလို့ ပါ..
Flash လုပ်ထားတဲ့သူကိုရှာရင်းနဲ့  ဒီ MM Flash Songs ကို ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ မှာ ၀င်ရောက်ခဲ့ပါတယ်...
ဝင်ရောက်ပြီး လက်စားချေတဲ့အနေနဲ့  ကိုကို့ အချစ်နံပါတ်(၁)ဆိုတာကို ရေးသားခဲ့ပါတယ်... :P
MM Flash Songs မှာ တစ်ယောက်နဲ့  တစ်ယောက် မှတ်ချက်အပြန်အလှန်ပေးသူမရှိဖြစ်နေတာနဲ့  လွမ်းလည်း နည်းပညာများရေးတင်ပြီး မှတ်ချက်တွေ လိုက်ပေးပါတယ်..
လွမ်းလည်း Flash Song လုပ်တဲ့နည်းပညာကို Double Tun ထံမှ သင်ယူခွင့် ရခဲ့ပါတယ်...
ခုတော့ MM Flash Songs မှာ Administrator တစ်ယောက်အနေနဲ့  တာဝန်ယူထားပါတယ်...


MM Flash Songs ကို စရောက်တော့ ခံစားခဲ့ရတာလေးတွေ သိချင်ပါတယ်...


လွမ်း..MM Flash Songs စရောက်တော့ MM Flash Songs ကို ရောက်လာရတဲ့ အကြောင်းရင်းဖြစ်တဲ့ ၂၀၁၁-ခုနှစ်၊ အချစ်သ၀ဏ်လွှာဆိုတာလေးကို ရေးတင်လိုက်ပါတယ်...
အဲဒီမှာ လွမ်းတင်တဲ့ စာလေးကို Comment တွေ လာပေးကြပါတယ်...
MM Flash Songs မှာ စဝင်ဝင်ချင်း Comment တွေရတော့ ပျော်သွားတာပေါ့နော်...
လွမ်းရဲ့စာတွေအားလုံးက ဘာလို့ ကျန်ရစ်ဖြစ်ပြီး လွမ်းနေရတဲ့စာတွေချည်း ဖြစ်နေရတာလဲ...


ဒါကတော့ရှင်းပါတယ်...ချစ်သူတွေက ပစ်သွားလို့ ကျန်ရစ်ဖြစ်နေတဲ့လွမ်းက ဒီစာမျိုးပဲ ရေးရမှာပေါ့...


ချစ်သူနှစ်ဦး၏ပုံရိပ်ဇာတ်သိမ်းပိုင်းလေးကတော့ Happy Ending လေးလုပ်ထားတယ်နော်...


ဒါကလဲ စာဖတ်သူတွေကို အကြံဥာဏ်တောင်းကြည့်တဲ့အခါ အားလုံးက မောင်နဲ့ ပေါင်းစေချင်တာနဲ့  ပေါင်းပေးလိုက်တာပါ... ဇာတ်လမ်းအဆုံးမှာ လွမ်းကို ယုံယုံကြည်ကြည်နဲ့  စောင့်ဖို့ မှာသွားတယ် လေ... စာဖတ်သူတွေ မသိလိုက်လို့ ပါ... မောင်က ဟိုမှာ မိန်းမရသွားပြီနေမှာ... ပြန်မလာတော့ဘူးလေ...


စိတ်မကောင်းစရာပါပဲခင်ဗျာ...လွမ်းဧကရီက ကျန်ရစ်ဖြစ်နေပြန်တာပေါ့...


အင်းလေ...လွမ်းကို ကျန်ရစ်ဖြစ်အောင် လုပ်မှတော့ ကျန်ရစ်ဖြစ်ပြီး လွမ်းနေရပြီပေါ့... လွမ်းကပြောပါတယ်...လွမ်းက လွမ်းတတ်လို့ ပါ... လွမ်းကို လွမ်းအောင်လာမလုပ်ကြပါနဲ့ ဆိုတာ... လွမ်းကိုပဲ လွမ်းအောင် လာလုပ်နေကြတယ်.. လွမ်းက ဒါကြောင့် လွမ်းနေရတာ... သိတယ်မဟုတ်လား..ခုလဲ လွမ်းဖာသာ နေတာကို လွမ်းကို လွမ်းစရာတွေပြန်သတိရအောင် လာလုပ်နေကြတယ်... လွမ်း ...လွမ်းလာပြီ နော်...လွမ်း ...ငိုတော့မှာနော်...


မငိုလိုက်ပါနဲ့ ခင်ဗျာ... တခြားမေးခွန်းပြောင်းမေးပါ့မယ်...လွမ်းဧကရီက ချစ်သူရှိတဲ့သူကိုလဲ ချစ်မိသွားတဲ့ အကြောင်းလေး သိချင်ပါတယ်...
တစ်ဖက်သတ်အချစ်ဇာတ်လမ်းကို ပြောတာလား... ကိုကို့ မှာ ချစ်သူရှိမှန်း အစကတည်းက သိတယ်... ကိုယ့်ဖက်ပါလာမလားဆိုပြီး ရေးလိုက်တာ... ပါမလာဘူး... ကိုကို့ ကို ချစ်နေတယ် ဆိုတာ MM Flash Songs က မိသားစုဝင်တွေ သိသွားတာပဲ အဖတ်တင်သွားတယ်...သူများပြောတဲ့စကားကို သွားပြီး နားယောင်တာ...
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး တဲ့လေ... လွမ်း ရေးထားတဲ့ ကဗျာထဲက ကယ်ကြပါဦးဗျို့ ဆိုတာ ကိုကို့  ကြောင့်ရေးဖြစ်သွားတဲ့ ကဗျာလေးပါ...
ဆူးမဲ့ရင်ဖွင့်ကတော့ ကိုကို့ ကို ပြောတာ မဟုတ်ဖူးထင်တယ်...


ဟုတ်ဖူး...နောက်ဆုံးချစ်သူကိုပြောတာ...
နောက်ဆုံးချစ်သူလို့  သုံးနှုန်းတဲ့အကြောင်းက သူနဲ့  လမ်းခွဲပြီး နောက်တစ်ယောက် မရသေးလို့ ...


နောက်ဆုံးချစ်သူနဲ့  အကြောင်းလေး ပြောပြနိုင်မလားခင်ဗျာ...


အင်း...အတင်းအကြပ်မမေးပါနဲ့ ... ပြောပြချင်နေတာပါ...နံမည်ကြီးကဗျာဆရာတစ်ယောက်လို့ ပဲ သိထားပါ...သူက မျက်နှာများမှန်း လမ်းခွဲပြီးမှ သိလိုက်ရတာပါ...ဒါကြောင့်  ဆူးမဲ့ ရင်ဖွင့်ကဗျာလေးရေးဖြစ်သွားတာပါ...သူ့ ကြောင့် ကဗျာရေးဖြစ်သွားတယ် ဆိုလဲ မမှားပါဘူး...


ဒါဆို အဲဒီ့ကဗျာဆရာ ရေးတာတွေကလဲ လွမ်းအတွက်တွေ ရေးထားတာပေါ့...


လွမ်းနဲ့  ချစ်နေစဉ်ကာလ လေးတုန်းက စပ်တဲ့ကဗျာတွေလောက်ပါပဲ...ကျန်တာတွေကတော့ သူ မိန်းခလေးတစ်ယောက်ကို ချစ်မိတိုင်း အဲဒီ့မိန်းခလေးနဲ့ ပတ်သက်တာတွေပဲ ရေးတတ်ပါတယ်... မော်ဒန်ကဗျာတွေ ရေးတတ်ပါတယ်...


အမှတ်တရဒိုင်ယာရီက လွမ်းရဲ့တကယ့်အဖြစ်အပျက်ဆိုတာ မှန်ပါသလား...


 အမှတ်တရဒိုင်ယာရီကလွမ်းရဲ့ တကယ့်အဖြစ်အပျက်လေးကို အခြေခံပြီး ရေးထားတာပါ...
ဒီအဖြစ်အပျက်လေး ဖြစ်ပြီးနောက်ပိုင်း လွမ်းဆိုတဲ့နာမည်လေးကို မြတ်မြတ်နိုးနိုးနဲ့ မှည့်လိုက်တာပါ... လွမ်းဘ၀က လွမ်းကျန်နေရမဲ့ဘ၀လေးဖြစ်ဖို့  ကံကြမ္မာက သတ်မှတ်ထားပေးပြီးသားပါ...


လွမ်းက ကဗျာတွေကို ကြိုက်နှစ်သက်ပါသလား...


လွမ်း စက်မှုတက္ကသိုလ် တက်တော့ ကဗျာလေးတွေရေးထားတဲ့ ပို့ စကဒ်လေးတွေကို စုတတ်တဲ့ဝါသနာ ပါခဲ့ပါတယ်...
ငါးသုံးကိုရောက်တော့ စာတွေထက် ကဗျာတွေတင်ကြတာများတော့ နားလည်အောင် လိုက်ဖတ်ပါတယ်...အနော်မာနဲ့  သုဏော်စိုင်းက သိချင်တာကို ဘာသာပြန်ပေးပါတယ်..
ကဗျာတွေကို ခံစားတတ်လာပါတယ်...


လွမ်း ခုလိုမေးမြန်းတာကို စိတ်ရှည်လက်ရှည်ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်...
MM Flash Songs က စာဖတ်သူတွေကို လွမ်းက ဘာများပြောချင်ပါသေးလဲ...


လွမ်းရေးတဲ့စာတွေနဲ့ ပတ်သက်လို့ ပါ...လွမ်းက ဇာတ်လမ်းလေးတွေ ဖန်တီးရေးတဲ့အခါ တစ်ခါတစ်ရံ တစ်စုံတစ်ယောက် နစ်နာတာမျိုးရှိသွားခဲ့ရင် လွမ်းတောင်းပန်ပါတယ်... လွမ်းက လွမ်းကိုသနားအောင် ရေးတတ်ပါတယ်...
တကယ်တော့ လွမ်းက တစ်ကိုယ်တည်း အထီးကျန်နေသူတစ်ယောက်ပါ...
လွမ်းကို ချစ်စေချင်တဲ့စိတ်လေးပဲ ရှိတာပါ...
လွမ်းကို ချစ်တယ်လို့ သိရရင် လွမ်းကျေနပ်နေတတ်တဲ့သူတစ်ယောက်ပါ...
လွမ်း MM Flash Songs က ထွက်ပြေးသွားချင်တဲ့စိတ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်...
ဒါပေမဲ့ လွမ်း MM Flash Songs ကို သံယောဇဉ်ဖြစ်နေမိပါတယ်...
MM Flash Songs မှာ ခင်နေရတဲ့ မောင်နှမတွေကိုလဲ ခွဲမသွားနိုင်ခဲ့ပါဘူး...
MM Flash Songs က လွမ်းကို ခံစားမှုတွေအမျိုးမျိုးပေးနေတဲ့ နေရာလေးပါ...
လွမ်းလိုပဲ MM Flash Songs ကို ခင်တွယ်နေတဲ့ သူငယ်ချင်းတွေရှိမှာပါ...
လွမ်းတို့  တွေဟာ အင်တာနက်ကျေးဇူးကြောင့် နေရတဲ့ဘဝလေးမှာ တွေ့ ဆုံကြရတဲ့ သူငယ်ချင်းတွေပါပဲ...
လွမ်း အားလုံးကို ခင်ပါတယ်ဆိုတာ ပြောချင်ပါတယ်...


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ကျွန်တော်တို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းလေးကို ကြိုက်နှစ်သက်လိမ့်မယ်လို့  ထင်ပါတယ်...
တစ်ခုပြောစရာရှိတာက ကျွန်တော်တို့ အဖွဲ့ ကို လွမ်းဧကရီက ဘာတစ်ခုမှ ကျွေးမွေးခြင်း မပြုလိုက်ပါဘူး ခင်ဗျာ... တစ်ယောက်တည်းဖြစ်နေတော့ ထွက်ဝယ်မဲ့သူ မရှိဘူးတဲ့... အိမ်မှာလဲ ဘာတစ်ခုမှ မဝယ်ရသေးလို့ ပါတဲ့... ဒါနဲ့ ရေတောင်းသောက်တော့လဲ ရေသန့် ဗူးမှာထားတာ ရောက်မလာသေးလို့ တဲ့... ရေတောင် မသောက်ခဲ့ရပါဘူး...
ကျွန်တော်တို့ သိထားတာက နံမည်ကြီးချင်တဲ့သူက တွေ့ ဆုံမေးမြန်းမဲ့သူတွေကို ကောင်းကောင်း ပြုစုတတ်ပြီး လက်ဆောင်ပေးတတ်ကြတယ်လို့  သိထားတာလေ...
ကျွန်တော်တို့ ကတော့ ဘာမှမစားရလဲ ဒီတွေ့ ဆုံမေးမြန်းခန်းလေး ဖြစ်မြောက်အောင် မနည်း လုပ်ထားရတာမို့  စာဖတ်သူတွေအတွက် တင်ပေးလိုက်တာပါ...
ပြီးဆုံးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...







မှတ်ချက်။ ။ ဖြေကြားချက်အချို့ မှာ ရီမောစေရန် ရေးသားခြင်းသက်သက်ဖြစ်ပါသည်။ လွမ်းကို အလွမ်းတွေချည်းပဲ ရေးမနေပါနဲ့ တော့လို့  ပြောသော သူငယ်ချင်းများအတွက် မရီသော်လည်း ပြုံးရတယ်ဆိုရင်တော့ လွမ်းရေးရကျိုးနပ်မှာပါ...

No comments: