Wednesday, November 23, 2011

Comment Box တွင် ပုံထည့်ခြင်း

Comment Box တွင် ပုံထည့်ခြင်း



ဒီတစ်ခါတော့ လွမ်းကို လာမေးတဲ့သူများတဲ့အတွက် Comment Box လို့  ခေါ်တဲ့ အမှတ်တရစကားရေးရန် နေရာမှာ ပုံထည့်တဲ့ အကြောင်းကို ရှင်းပြပါမယ်...

ပုံကို Comment Box တွင် ထည့်ရမှာဖြစ်တဲ့အတွက် Comment Box အရွယ်အစားအတိုင်း ပုံကို အရင် Crop လုပ်ရပါမယ်... အဲလို မလုပ်ထားရင် Comment Box ထဲ ပုံကို ထည့်တဲ့အခါ ကိုယ်ပေါ်လိုသောအပိုင်း မဟုတ်ပဲ ဖြစ်နေတတ်ပါတယ်...



ပုံကို ပထမရွေးချယ်ပါမယ်...



 
ပုံကို Comment Box အရွယ်အစားအတိုင်း Crop လုပ်ထားပါမယ်...


ပုံကို ရရင် Photobucket လို နေရာမှာဖြစ်ဖြစ်၊ Comment Box ထဲမှာပဲဖြစ်ဖြစ် မိမိထည့်မဲ့ပုံကို Upload တင်ပြီး URL ကို ရယူနိုင်ပါတယ်...
အလွယ်ကူဆုံး URL ယူတဲ့နည်းကတော့ Comment Box ထဲမှာပဲ ပြန်ရယူတဲ့နည်းပါ...


Comment Box ထဲတွင် Cursor ကို ချထားပြီး File ဆိုတာကို Click လုပ်လိုက်ပါ...


Browse ကို Click လုပ်ပြီး Comment Box တွင်ထည့်မည့်ပုံကို ရွေးချယ်ပါ...


အနီရောင်ဖြင့် ပြထားတာက ပုံရဲ့ URL ပါပဲ...


ပုံရဲ့ URL ကို ရပြီဆိုရင်တော့ လွမ်း ခုရေးပေးထားတဲ့ Code ရဲ့ URL ပုံရဲ့ Link URL ကို ထည့်ရန် ဆိုတဲ့နေရာမှာ ထည့်ပေးရမှာပါ...


#xg_profiles_chatterwall_post_comment{
color: #cc0000;
height:600px;
background-color:#ffff99;
background-image:url(ပုံရဲ့ Link URL ကို ထည့်ရန်);
background-repeat: no-repeat;
background-position:center;
background-attachment:relative;}

မိမိထည့်တဲ့ပုံပေါ်မူတည်ပြီး color ကို ပြောင်းပေးဖို့  လိုအပ်ပါမယ်...

Code မှာ ပုံရဲ့ Link URL ကို ထည့်ပြီးပြီဆိုရင်တော့ ဒီ Code ကို လွမ်း Home Page လှလှလေးပြင်ကြရအောင် ရေးထားတဲ့အတိုင်း မိမိ၏ CSS ကုတ်အားကြည့်ရန် (သို့ ) ထည့်ရန် ဆိုတဲ့နေရာမှာ ထည့်ပေးလိုက်ရုံပါပဲ...

စမ်းကြည့်ကြပါနော်...

အဆင်ပြေကြပါစေ...







လွမ်းဧကရီ
၂၆-၀၉-၂၀၁၁
ညနေ - ၅ နာရီ ရေးသားပြီးသည်။

No comments: