Wednesday, November 23, 2011

အပန်းဖြေစရာ Website လေးတစ်ခု

အပန်းဖြေစရာ Website လေးတစ်ခု


ဒီနေ့ တော့ အားလပ်ရက်လည်းဖြစ်တာနဲ့  သူငယ်ချင်းတို့ ကို Website တစ်ခုနဲ့  မိတ်ဆက်ပေးမယ်နော်...
သူငယ်ချင်းတို့ အိမ်မှာ အလှဆင်ချင်ရင်၊ သူငယ်ချင်း အချင်းချင်း Comment လှလှပို့ ချင်ရင် စုံလင်အောင် ထည့်ပေးထားတဲ့ Site လေးတစ်ခုပါ...
အဲဒီ Website ကတော့ http://www.crazyprofile.com ပါ... မသိသေးသူများအတွက် ရည်ညွှန်းတင်ပေးပါတယ်...
Website ကို ၀င်ရင် မြင်ရမဲ့ မြင်ကွင်းပါ...

 

အဲဒီ့ Website မှာ Layout များ၊ Comment များ၊ Banner များကို ထည့်ပေးထားပါတယ်...
မိမိဓါတ်ပုံများကို Slide Show လုပ်ချင်သူများအတွက် -


 
ပြက္ခဒိန်ထည့်လိုသူများအတွက် -

 

ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ နာရီများနဲ့  မိမိပုံထည့်လိုသူများအတွက် -

 

မိမိပုံများကို ရေပြင်လို ဖြစ်လိုသူများအတွက် -

 

မိမိသူငယ်ချင်းများကို စာပို့ လိုသူများအတွက် -


ပုံမှာပြထားတာကို Click ပြုလုပ်လိုက်မယ်ဆိုရင်



Loading အပြီးမှာ မြင်ရမဲ့ မြင်ကွင်းပါ...


 
Your Message မှာ မိမိရေးလိုသည့်အကြောင်းအရာ ရေးပါမယ်... 
Your Name နေရာမှာ မိမိနာမည်ရေးပါမယ်...
Select Font မှာ မိမိနှစ်သက်ရာစာလုံးပုံစံကို ရွေးပါမယ်...
ပြီးလျှင် Preview ကြည့်နိုင်ပါတယ်...


အားလုံး စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Code Button ကို Click ပြုလုပ်လိုက်ပါ... Code ပေါ်လာပါလိမ့်မယ်... Code ကို Copy ကူးပြီး မိမိပို့ လိုသော သူငယ်ချင်းရဲ့ Comment Box မှာ Paste လုပ်ရုံပါပဲ...


နောက်တစ်ခုက ပုံမှာ ပြထားတဲ့အတိုင်းComments Generator ဆိုတာကို Clickပုလုပ်ပါ... စာပို့ တဲ့ ပုံစံနောက်တစ်မျိုးကို မြင်ရမှာပါ...




Color Bar လေးတွေ ရွှေ့ ကြည့်ရင် စာရွက်အရောင်ပြောင်းပေးတာပါ...


 
 
စာရေးမယ်၊ အရောင်ပြောင်းမယ်၊ ပြီးရင် Post it ကို Click လုပ်ရင် မြင်ရတဲ့မြင်ကွင်းပါ...


 
စိတ်ကြိုက်ဖြစ်ရင် Code ကို Click လုပ်ရင် Code ရမှာပါ... Copy ပြုလုပ်ရုံပါပဲ...


 

တကယ်လို့  လုပ်ပြီးသားပုံစံလေးတွေ ယူချင်ရင် ထည့်ပေးထားပါတယ်... နမူနာအားဖြင့် လွမ်း Love ဆိုတာကို Click ပြုလုပ်ပါမယ်...


 
ရှိပြီးသားပုံစံလေးတွေပါ...ဒီလောက်ဆိုရင် ကျန်တာတွေလည်း လျှောက်ကလိလို့  ရပြီပေါ့နော်...





သူငယ်ချင်းများအားလုံး စိတ်ချမ်းသာပျော်ရွှင်ကြပါစေ...



လွမ်းဧကရီ
၂၉-၁၀-၂၀၁၁
စာရေးပြီးချိန် - နံနက် ၁၀း၅၀ နာရီ

No comments: