Monday, January 4, 2010

အပြစ်တင်မှာလား


အပြစ်တင်မှာလား

 စကားလှလှတွေပြောပြီး
ယုံကြည်အောင်လုပ်ခဲ့တာ
 …..မင်းပါ…..
 
မင်းရဲ့လှည့်ကွက်ထဲတိုးဝင်ပြီး
..ချစ်ခဲ့မိတာက..
 …..ငါပါ…..

  ကဗျာတွေနဲ့
..သံယောဇဉ်ရစ်ပတ်မိအောင်လုပ်တာ..
 …..မင်းပါ…..

  အသည်းနုနု
..ကွဲအက်သွားရတာက..
 …..ငါပါ…..

ခုတော့
…..မင်းအပေါ်ထားခဲ့တဲ့…..
အချစ်နဲ့ သံယောဇဉ်ကို
…..ဖြတ်တောက်ပစ်ဖို့…..
…….ကြိုးစားနေတာ…….
 ငါပါလို့ ပြောရင်

 …..မင်း…..
 ………ငါ့ကိုအပြစ်တင်မှာလား………



 လွမ်းဧကရီ
၁၈-၀၆-၂၀၀၉
နံနက် ၀၇:၄၂ နာရီ

1 comment:

Anonymous said...

မမလွမ်းရေ ..... မင်းပါ
..................... ငါပါ နဲ့ ဖတ်သွားတာက ကျွန်တော်ပါနော် ...... ”

ထူး

ဘိုင် ....