Thursday, April 22, 2010

ဖက်ဖူးရောင်အိပ်မက်

ဖက်ဖူးရောင်အိပ်မက်



(၁)
ကောင်လေး ကောင်မလေးကို တကယ်ချစ်ခဲ့တာပါ...
ကောင်လေး နဲ့ ကောင်မလေးက ငယ်ငယ်ကနေ ၁၀-တန်းအထိ အတူတူတက်ခဲ့ကြတဲ့ သူတွေလေ...
သူငယ်ချင်းသံယောဇဉ်ကနေ အချစ်ကိုပြောင်းလဲမွေးဖွားလာတာကို နင် ငါ့ကို အပြစ်မတင်ချင်ပါနဲ့  ဟာ...
ငါ ဒီနေ့  နင့်ကို ဖွင့်ပြောဖို့ ကြိုးစားမိတာကလဲ ငါ နောက်နေ့  ပြည်ပကိုထွက်ခွာရတော့မှာမို့ ပါ...

ကောင်လေး။ ။ကောင်မလေးရယ် ငါနင့်ကိုတကယ်ချစ်ခဲ့တာပါဟာ... မျက်လွှာချမထားပါနဲ့ဟာ... ငါရဲ့မျက်ဝန်း ကိုတချက်လောက် ဂရုပြုပြီး ကြည့်ပေးပါ...
ကောင်မလေး။ ။အင်းပြောလေ ငါနားထောင်နေတယ်...
ကောင်လေး။ ။ငါ့ကိုမချစ်ဘူးပေါ့...
ကောင်မလေး။ ။ဟင်း ...(တိုးတိတ်တဲ့ သက်ပြင်းချသံ )
ကောင်လေး။ ။တစ်ခုခုတော့ပြောပါဟာ.....
ကောင်မလေး။ ။မချစ်ဘူးဟာ....
ထိုင်နေရာကနေ ထထွက်သွားတယ်
ကောင်လေး။ ။နင်ရက်စက်တယ် ဟာ...
ကောင်လေး...အဲဒီနေ့ က မူးအောင် သောက်ပစ်လိုက်တယ်...

နောက်နေ့ ကောင်လေး မြန်မာပြည်က ထွက်ခွာရတယ်... မလေးရှားဆိပ်ကမ်းမှာ သင်္ဘောတက် ရတယ်လေ....အဲလိုနဲ့ ဝေးကွာသွားလိုက်တာ.....




(၂)
ဘယ်ဘက်အကိုင်းက လမင်းပျို
စံပါယ်တွေညိုတဲ့ထိ ဂစ်တာအို
လာမထိုးပါနဲ့လား

ကဝေတွေ ကိုယ်တိုင်က
အလွမ်းဗုံကို ထတီးတော့
ရင်ဘတ်က အော်ပြီးပြောတယ်

" မင်းကရမယ်တဲ့ "

မူးလိုက်တာဟာ ! ! !
အဲဒီနေ့က လူနဲ့ဝိညဉ်လဲမပူး
ညနေရူးကို နေမင်းက အော်ခေါ်တယ်
"၀ါးမျိုရတာ၊ ကြာတယ်တဲ့"

တောင်ခါးပါးရံတွေ တက်တက်
ချောက်နက်နက်တွေ ဆင်းဆင်း

ဒါနင့်ကို . . . . .
ဒါနင့်ကို . . . . .

ငါ့အသက်(၂၄)နှစ်
နင့်ကိုစက်ကုန်ဖွင့်
ချစ်ခြင်းကလွဲရင်
(ငါ)
ဘား - မှ - မ - တတ် - ခဲ့

ရင်ပြိုမြို့သူအဖြစ်နဲ့ငါ

ကြေကွဲချင်းကို သွန်ချ
အဲ့ဒီကျောက်ခင်းလမ်းတွေမှာ
တစ်ကိုယ်စာ
ပေ - တေ - လေ - ခဲ့



(၃)

ငါ ပေ၊ တေ၊ လေရင်းနဲ့  မိန်းခလေးတစ်ယောက်နဲ့ ချစ်ခဲ့တယ်...ငါ့ကို
ထားသွားခဲ့တာပါပဲ...
ငါအရမ်းကို ခံစားခဲ့ရတယ်...ငါ ကောင်မလေးဆီ ဖုံးဆက်ခဲ့တယ်...

ကလင်..ကလင်...ကလင်....
ကောင်မလေး။ ။ဟယ်လို
ကောင်လေး။ ။ငါအသည်းကွဲနေတယ်ဟာ
ကောင်မလေး။ ။နင်ကအချစ်တွေကို အရမ်းစားသုံးတာကိုဟ
ကောင်လေး။ ။သူမမိုက်ဘူးဟာ
ကောင်မလေး။ ။အင်း ငါသိတယ်
ကောင်လေး။ ။ငါ့ရင်တစ်ခုလုံး ပူနေတယ်... နင်ကူညီပါနော်...
ကောင်မလေး။ ။အချိန် နဲနဲကြာလာရင် နင်ရယ်နိုင်မှာပါ...
ကောင်လေး။ ။မဖြစ်နိုင်ဘူး...ငါ သူ့ ကို တော်တော်ချစ်တယ်... ငါတစ်ကယ်ပြောတာ
ကောင်မလေး။ ။အနာတစ်ခု ဆိုတာပျောက် ဖို့ အချိန်နဲနဲတော့ .....
ကောင်လေး။ ။ဒဏ်ရာဆိုတာခံယူ တတ်တဲ့လူကပိုနာတယ် ဟ..
ကောင်မလေး။ ။နာကျင်တယ်ဆိုတဲ့ဝေါဟာရကို ယူသုံးရင်...နင့်ထက်ပိုနာကျင်တဲ့လူတစ်ယာက် ရှိပါသေးတယ် ဟာ...
ကောင်လေး။ ။မဖြစ်နိုင်ဘူး... လူတစ်ယောက်က လူတစ်ယောက်ကို ချစ်လွန်းလို့  အပူတွေကို ဖယ်ပေးရင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်မျိုချဖူးတယ် ဟ...
ကောင်မလေး။ ။ဘာလဲဟ...နင်ဘာကိုပြောတာလဲ....
ကောင်လေး။ ။လူချမ်းသာကြီး အိတ်ထဲကျကျန်ခဲ့တဲ့ (၁၀)ပြားစေ့လေး... ကျကျန်ခဲ့တာ နှစ်နှစ်ရှိပြီ ...

ကောင်မလေး ဘာမှဆက် မပြောတော့ဘဲ ဖုန်းချလိုက်တယ်....။

တူ ..... တူ .....တူ ......

(၄)


ခမ်မှိန်မှိန်၁၀ ပြားစေ့လေးပါ
ကွမ်းတစ်ရာ ရေတစ်မုတ်လောက်ပင်မဲ့
အသက်ငင်နေတဲ့ ငါ့အတွက်
တူ...တူ...တူ...

ငါမှတ်မိတဲ့ အာရုဏ်ဦး
ပန်းချီဆရာ လက်တစ်ရာက
သမိုင်းဦးနှုတ်ခမ်းဖူးကို
ထုစစ်နေရဲ့

နယ်လွန်စွာသိမ်းပိုက်ခံရတဲ့
အလံဖြူနဲ့ ရင်ကို
နီမြန်းစွာနဲ့ဆီလောင်း

အားသစ်လောင်းပေးတဲ့
တစ်ကိုယ်စာ မီးအိမ်လေးရေ .....
အောက်ဆီဂျင်တွေပေးတာ ရပ်ပါ



(၅)

တူ ...... တူ ...... တူ ......

ကောင်မလေး။ ။နင်ဟိုနေ့က ဘာကိုဆိုလိုတာလဲ
ကောင်လေး။ ။နင်ကတုံးချင်တယ်ပေါ့...ဒါဆို ....ငါဘေးနားမှာ နင်ပြန်နေပေးမယ်ပေါ့ ...။
ကောင်မလေး။ ။နင်မြန်မာပြည် ကိုပြန်လာလေ ....
ကောင်လေး။ ။အိမ်အပြန်လမ်းမှာငါတစ်ယောက်ထဲဟ
ကောင်မလေး။ ။ဘာဖြစ်ဖြစ်နင်ပြန်လာ..
ကောင်လေး။ ။ငါပြန်လာချင်တယ် နင့်ဆီကအဖြေ တစ်ခုခုရရင် ဟီ..ဟီ....
ကောင်မလေး။ ။သေလိုက် ...
ကောင်လေး။ ။ချစ်တယ်လို့ပြောလေဟာ..ငါဘယ်နှစ်ကြီမ် ထပ်ကြီုးစားရမလဲ? (၁၀)ကြီမ်..
ကောင်မလေး။ ။NO
ကောင်လေး။ ။(၃၀)ကြီမ်...
ကောင်မလေး။ ။NO
...............
...............
ကောင်လေး။ ။ (၁၀၀) ကြိမ် ဟာ
ကောင်မလေး။ ။ (၁၀၁)ကြိမ်ကျရင်စဉ်းစားပေးမယ်..။
ကောင်လေး။ ။ဒါဆိုချစ်တယ်ပေါ့...
ကောင်မလေး။ ။သေလိုက်...
သေလိုက်....သေလိုက်.....
နင်ပြန်လာခဲ့လေ ဟာ အဲ့ဒီမှာ
ပေ
တေ
လေ
မနေ နဲ့ ...။

ဒီလိုနဲ့ ကောင်မလေးခေါ်လို့  ရန်ကုန် ပြန်ရောက်လာတယ်...
ငါတို့ နှစ်ယောက် တွေ့ ဆုံခဲ့ကြတယ်...

မြေ မှုန့်ရောင် သမ်းတဲ့
သစ်ခုံအိုကပြောတယ်

ငွေ့ ရေဖွဲစိုတဲ့ ထိုသူနှစ်ဦးဆီက
တစ်ခုခု စုပ်ယူလော့တဲ့



ကောင်မလေး။ ။အရာဝတ္ထုတစ်ခုကို မဆုတ်ကိုင်ချင်ပါနဲ့...နင်ရင်အတုနဲ့
ဆုတ်ကိုင်ရင် ငါမွန်းကျပ်မှာဟ..ရိုးးသားခြင်းနဲ့လမ်းတွေလျှောက်ကြစို့

ကောင်မလေးရဲ့လက်တစ်ဖက်က ကောင်လေးဆီကို............

ကောင်လေး။ ။(မျက်ရည်ဝဲတဲ့အပြုံးတွေနဲ့)ကျေးဇူးပဲကောင်မလေးရယ်..
ကောင်မလေး။ ။တစ်နေ့နေ့တော့ နင်ရပြီသားအဖြေကို..ဦးဦးဖျားဖျား.......


ငါ့အရိပ်ကမဲနက်တယ် ဟ
အရှုံးသမားဆိုတာ
မြင့်မြတ်တဲ့ နှလုံးသား
ပိုရှိရတယ်.....



(၆)

သုံးလခန့် ကြာသောအခါ...

တူ....တူ....တူ.....

ကောင်လေး။ ။ငါမနက်ဖြန်..မြန်မာပြည်က ထွက်ခွာတော့မယ်..
နင့်ကိုလှမ်းပြောတာပါ..နင် ငါ့ကိုပြောစရာစကားမရှိတော့ဘူးလား ဟာ...

တူ...တူ.....တူ....

ကောင်မလေးက ကောင်လေးကို ချစ်ရဲ့သားနဲ့  အဖြေမပေးခဲ့ပါဘူး...။


ပြုံးပြနှုတ်ဆက်လွင့်စင်ပေါက်ကွဲ
....ငါ....
အလံဖြူတစ်လက်နဲ့
အရှူံးသမားမှာလဲ
မြင့်မြတ်တဲ့ နှလုံးသား

မရှိဘူးလား..?

ဒါဆို
မှေုာင်ခြင်းတရားမှာနေတဲ့
တောင်ဝန်ရိုးစွန်း သားတွေအတွက်
....ငါထွက်ရပ်မယ်....
ကောင်မလေး

ငါ့အရိပ်က မည်းနက်တော့
ကောင်းကင်ရဲ့ သက်မှတ်ချက်နဲ့
...လွဲခဲ့ပြီပေါ့...




မြူခိုး-လွမ်း

No comments: